လင်မယားတွေကြားရှိထားရမယ့်ဖြည့်ဆည်းပေးမှု

လင်မယားတွေကြားရှိထားရမယ့်ဖြည့်ဆည်းပေးမှု google.com

တခြားသူတွေနဲ့ ပြဿနာတစ်ခုခု ဖြစ်တာမျိုး၊ သူအခက်အခဲ တစ်ခုခုတွေ့နေတာမျိုးဆိုရင် ကိုယ်ကသူ့အတွက်အကောင်းဆုံးအားပေးနိုင်တဲ့ကျောထောက်နောက်ခံဖြစ်နေပါစေ။

 

ချစ်ရသူနဲ့ပျော်စရာ လက်ထပ်ပွဲကြီးဆင်နွှဲပြီးလို့ အိမ်ထောင်သည်ဘဝ ရောက်သွားတဲ့အခါမှာလည်း ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဘဝတစ်ခုကိုပုံဖော်နိုင်ဖို့ လိုအပ်တဲ့အရာတွေ ပြောပြပေးချင်ပါတယ်။ လင်မယားတွေကြားမှာအချစ်၊ နားလည်ပေးမှု၊ ဂရုစိုက်မှု ဆိုတာတွေအပြင် တစ်ဦးအပေါ်တစ်ဦး အရေးကြီးတဲ့ ဖြည့်ဆည်းပေးမှုတွေလည်း လိုအပ်ပါတယ်။ ဖြည့်ဆည်းပေးမှုဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုနဲ့ ငွေကြေးဥစ္စာဖြည့်ဆည်းမှုကို ပြောတာမဟုတ်ပါဘူး။ ရုပ်ဝတ္ထုထက် ပိုပြီးအရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးမှုတွေကို ပြောတာပါ။တစ်ယောက်ရဲ့ အိပ်မက်အကောင်အထည်ပေါ်ဖို့ တစ်ယောက်က အားပေးကူညီနိုင်သူ ဖြစ်ရပါမယ်။

 

 

အိမ်ထောင်ဘက်တွေဟာ

 

တစ်ယောက်ရဲ့အိပ်မက်အကောင်အထည်ပေါ်ဖို့တစ်ယောက်ကအားပေးကူညီနိုင်သူ ဖြစ်ရပါမယ်။ လူတိုင်းလူတိုင်းမှ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဘဝအိပ်မက်တစ်ခုစီရှိကြပါတယ်။ ကိုယ်က ကိုယ့်အိမ်ထောင်ဘက်ရဲ့ဘဝအိပ်မက်ကိုအကောင်အထည်ဖော်ရာမှာ အဓိကအားပေးကူညီသူ ဖြစ်အောင်ကြိုးစားပါ။ ဘယ်လောက်ပဲ မြင့်မားတဲ့ အရာတစ်ခုကို ကိုယ့်အိမ်ထောင်ဘက်က မှန်းနေမိပါစေ ဒါဟာမဖြစ်နိုင်တဲ့ ကိစ္စလို့ သင့်အနေနဲ့ လုံးဝမပြောသင့်ပါဘူးနော်။ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး စိတ်ပိုင်းဆိုင်ရာ အားပေးရမယ့်တာဝန်က အိမ်ထောင်ဘက်ဖြစ်တဲ့သင့်မှာအရှိဆုံးပါနော်။ကိုယ်ဟာသူ့ရဲ့ ကျောထောက်နောက်ခံကောင်း ဖြစ်ရမှာပါ။

 

 

သတိပြုရမှာ တစ်ခုက

 

အိမ်ထောင်ပြုပြီးသွားရင် တိုးပွါးအောင်လုပ်ရမယ့်အရာတွေမှာ ငွေကြေးတစ်ခုပဲ အရေးကြီးတာ မဟုတ်ပါဘူး။ ပညာနဲ့၊ Professional Skill တွေတိုးပွါးလာဖို့အရေးကြီးတဲ့အတွက်ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုယ်ရည်ကိုယ်သွေး မြင့်မားစေဖို့နဲ့ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်ဖို့ ဖြည့်ဆည်းပေးရပါမယ်။ ဆိုလိုတာကတော့အတတ်ပညာတစ်ခုခု သင်ယူချင်တာ၊ လုပ်ငန်းအတွက်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူချင်တာမျိုးအတွက်ကိုယ်ကအားပေးထောက်ခံသူ ဖြစ်သင့်ပါတယ်။

 

 

နောက်တစ်ခုကတော့

 

ကိုယ်ဟာသူ့ရဲ့ကျောထောက်နောက်ခံကောင်း ဖြစ်ရမှာပါ။ ဒါဟာ ငွေကြေးအရှိန်အဝါကို ပြောတာမဟုတ်ပါဘူးနော်။ ရဲဘော်ရဲဘက် တစ်ယောက်အနေနဲ့ လူအားနဲ့ ကျောထောက်နောက်ခံ ဖြစ်စေဖို့ ပြောတာပါ။ တခြားသူတွေနဲ့ ပြဿနာတစ်ခုခု ဖြစ်တာမျိုး၊ သူအခက်အခဲ တစ်ခုခု တွေ့နေတာမျိုးဆိုရင် ကိုယ်က သူ့အတွက် အကောင်းဆုံး အားပေးနိုင်တဲ့ ကျောထောက်နောက်ခံ ဖြစ်နေပါစေ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:47
Rate this item
(0 votes)