လူတစ်ယောက်ကို ပိုင်ဆိုင်ရသည်ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ လွတ်လပ်စွာချစ်ကြည့်ပါ

လူတစ်ယောက်ကို ပိုင်ဆိုင်ရသည်ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ လွတ်လပ်စွာချစ်ကြည့်ပါ google.com

လူတစ်ယောက်ကိုပိုင်ဆိုင်ရသည်ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ လွတ်လပ်စွာ ချစ်ကြည့်ပါ။

 

ဒီအတိုင်းလေးထိုင်ငေးကြည့် ချစ်ရတာဟာ တစ်ဖက်သတ်ဆန်နိုင်လွန်းပေမယ့် ချစ်တတ်ရင်ချစ်တတ်သလိုအနုပညာဆန်ပါတယ်။

 

နောင်တစ်ချိန် မတော်တဆ ပြန်ဆုံတွေ့ခဲရင်တောင် သူ့ကိုငါချစ်ခဲ့ဖူးပါလားဆိုတဲ့ အတွေးပဲရှိတယ်။

 

မတော်တဆ ပိုင်ဆိုင်ပြီး ဆုံးရှုံးသွားရင် ငါသူ့ကိုချစ်ရဲ့နဲ့ဆုံးရှုံးခဲ့ရပါလားဆိုတဲ့အတွေးက နှလုံးသားထဲမှာ အခါခါ ကမ္ဘာပျက်နေပါလိမ့်မယ်။

 

ချစ်ကြည့်ပါ အတ္တတွေ မာနတွေ မပါဘဲ ချစ်ကြည့်ပါ။ တကယ်လို့ချစ်မိခဲ့ရင်တာင်မှ သူ့ဆီကပေးသလောက်ပဲယူပါ။

 

လိုချင်တဲ့စိတ်ခံစားမှုများရင် အမှားပါတတ်ပါတယ်။ လိုချင်တပ်မက်မှုများသလောက်ပူလောင်မှုများပါလိမ့်မယ်။

 

တတ်နိုင်သလောက်ပဲချစ်ပါ။ လွတ်လွတ်လပ်လွပ်ချစ်ပါ။ ဂရုစိုက်ပါ။

 

သူ့ကိုသွားချုပ်နှောင်တာဟာ ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်တာနဲ့တူပါတယ်။

 

ရတာမရတာထက် ဖြူဖြူစင်စင်ချစ်ပါ။ ရယူပိုင်ဆိုင်ခြင်း မပါဘဲ ဖြူဖြူစင်စင်ပေးဆပ်ပါ။

 

ပိုင်ဆိုင်မှုမပါလည်း အချစ်ကလှပြီးသားပါ။ အကောင်းဆုံးလုပ်ထားခဲ့ရင် အကောင်းဆုံးအရာတွေက ကိုယ့်ဆီပြန်လာမှာပါ။

 

ထင်းခွေမကြုံရေခပ်ကြုံမှာပါ။တကယ်လို့သာ ရေစက်ကုန်ခဲ့ရင်ရေပုံးထမ်းပြီးစောင့်နေပါ။

 

 

Credit;Htet Htet Aung

Read times
Rate this item
(3 votes)