၂၀၂၀ နှစ်သစ်မှာ ကံအကောင်းဆုံး ရာသီခွင် (၃) ခု
၂၀၂၀ နှစ်သစ်မှာ ကံအကောင်းဆုံး ရာသီခွင် (၃) ခု google
အခက်အခဲနဲ့တွေ့တဲ့အချိန်တိုင်း ဒီရက်ကတော့ ပြဿဒါးပဲဆိုပြီး ငြီးဖူးကြမှာပါ။
တစ်ခါတလေ လတိုင်းရဲ့အစမှာ ဥပမာ- ဒီဇင်ဘာလရေ ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါဆိုပြီး Facebook ပေါ်က ချစ်စရာ Status လေးတွေကို သင်တွေ့ဖူးမှာပါ။
၂၀၂၀မှာတော့ ကံကောင်းခြင်းသရဖူကို အရယူမယ့်ရာသီခွင်တွေ ရှိပါတယ်။ ဒီရာသီခွင်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်
၁။ Capricorn (December 22 ကနေ January 19)
၂၀၂၀ က Capricorn တွေအတွက်ကံကောင်းတဲ့နှစ်ဖြစ်တာကြောင့် ရသမျှ အခွင့်အရေးကို လက်မလွှတ်ပါနဲ့။ ကိုယ်လုပ်ချင်ခဲ့တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးနှစ်ဖြစ်ပါတယ်။ ကြိုးစားသလောက်လည်း အောင်မြင်နိုင်မယ့်နှစ်ဖြစ်ပါတယ်။
၂။ Taurus (April 20 ကနေ May 20)
ဒီရာသီဖွားတွေကတော့ နှစ်စမှာ ကံမကောင်းချင်သလိုဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ကံကောင်းလာမှာပါ။ သင်ဆုံးဖြတ်လိုက်တဲ့အရာတိုင်းက မှန်နေပါလိမ့်မယ်။
ငွေရေးကြေးရေးကတော့ ကံမကောင်းလှပေမယ့် အချစ်ရေးကတော့ အထူးကံကောင်းမယ့်နှစ်ဖြစ်ပါတယ်။ သင့်ရဲ့အောင်မြင်မယ့်နှစ်ဖြစ်တာကြောင့် ငွေရေးကြေးရေးလည်း တဖြည်းဖြည်းအဆင်ပြေလာပါလိမ့်မယ်။
၃။ Virgo (August 23 ကနေ September 22)
Virgo ရာသီဖွားတွေအတွက် ၂၀၂၀ က ငွေဝင်မယ့် နှစ်ပါ။ သင်ကကံကောင်းလွန်းလို့ လူတွေရဲ့ မလိုမုန်းထားမှုတွေ ခံရနိုင်တာကြောင့် သတိထားနေပေးပါ။ ငွေဝင်ကာလမို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးပါ။ ဆုံးဖြတ်ချက်တွေကို သတ္တိရှိရှိချပေးပါ။
ခရက်ဒစ် May Thu Soe
Zawgyi ဖြင့်ဖတ်ရန်...
ခရက်ဒစ် May Thu Soe
Myanmar Wedding Guide
jjjj
Read times Last modified on Thursday, 13 February 2020 16:29
Rate this item
(1 Vote)
Tagged under