စနေသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...
စနေသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... Google
ယခုနှစ်တွင် မိမိလက်ရှိလုပ်ကိုင်နေသော အလုပ်အကိုင်မှာ အကျို းအမြတ် ထူးထူးခြားခြား ရရှိပါလိမ့်မည်။ အလှူအတန်းပြုရခြင်းနှင့် မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။
အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရ တတ်သည်။ရွှေဝင်မည်။ရတနာပစ္စည်းများဝင်မည်။ စပ်တူရှယ်ယာ လုပ်ငန်းများပေါ်လာလိမ့်မည် လုပ်လျှင် အောင်မြင်၍ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့် ကာလနှစ်ဖြစ်သသည်။
မိမိအလိုဆန္ဒ ပြည့်ဝနိုင်ရန် မိမိကိုယ်တိုင် ကိုယ်ကျ စီမံခန့်ခွဲပြီး လုပ်ငန်းလုပ်ကိုင်ရမည်။ မိတ်သင်္ဂဟ အခြွေအရံများ ပေါများလာအောင် လူမှုရေးကိစ္စ များလုပ်ပါ။ အများလေးစားကြည်ညို ခံရတတ်ပြီး ဘဝအထွဠ်အထိပ်ကို ရောက်ရှိပါမည်။
အဝီစိရေတွင်း၊ ရေကန်ကိစ္စ များဆောင်ရွက်လျှင် အောင်မြင်မည်။ အဖိုးတန်ယာဉ်တွေ၊ စက်တွေ ဝင်လာမည်။ ဘုရာဖူးခရီး၊ စိတ်ချမ်းသာဖွယ် ခရီးတွေလည်း သွားရတတ်ပါသည်။
ယခုနှစ်တွင် စနေသားသမီးများ မိဘကို ကောင်းစွာ ပြုစု စောင့်ရှောက်နိုင်မည့် စီးပွား သိသိသာသာ တိုးတက်ပြီး “သိကြားမင်း” မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက် ဘဝကံများစွာ မြင့်တက်သွားပါလိမ့်မည်။
ယခင်နှစ်များက ကုန်ဆုံးသော ဥစ္စာဓနများ ရွှေ၊ငွေ၊ ရတနာများ ယခုနှစ်ထဲတွင် ရရှိ စုဆောင်နိုင်လိမ့်မည်။
စီးပွားရေး အထည် လက်လီလက်ကား အရောင်းအဝယ်၊ ဆေးလုပ်ငန်း၊ ရေနံလုပ်ငန်း၊ ရေလုပ်ငန်း အကျိူ းဖြစ်မည်။ ပဲလုပ်ငန်း၊ မြေအရောင်းအဝယ် အခက်အခဲ တွေ့ရတတ် သည်။
အထူး လုပ်ငန်းပြိုင်ရှိသလို့ မိတ်ဆွေ၊အပေါင်အသင်း သစ္စာဖောက်အံ့၊ မည်သူကိုမျှ ယုံကြည့်၍မရပါ။ ငွေကြေး အရင်းအနှီး စိုက်ထုတ်ပါ။ မနိုင်ဝန်ကိုမထမ်းပါနှင့် တရားသောနည်းလမ်းဖြင့် ငွေကြေးများစွာ ပိုင်ဆိုင်နိုင်ပါသည်။
အစိုးရနှင့် ပတ်သက်သော အမှုဖြစ်တတ်၏။ အစစ်အဆေး အမေးအမြန်းခံရတတ်၏။
ပညာရေးအတွက် စနေသားသမီးများ ဂုဏ်ထူး၊ ဘွဲ့ထူးခံရ မည့်နှစ်ဖြစ်သည်။ ပညာရေးကဏ္ဍ အသီးသီးရှိ လူကြီး၊ လူငယ်လူတန်းစားမရွေး ဆက်လက်ကြို းစားလုပ်ကိုင်ကြရန် အကြံပြု ပါသည်။
ဝန်းထမ်းလောကတွင် လုပ်ကိုင်နေပါက အမှောင်နည်းလမ်း ဖြင့် ငွေကြေးရှာဖွေခြင်းကို လုံးဝစွန့်လွတ်ပါ။ ဒုက္ခရောက် တတ်သည်။
အပျို ၊လူပျို များ မိမိစိတ်ကြိုက် ရွေးချယ်ရန် အတွက်အခွင့်အလမ်းများရှိသည်။ သို့သော် အမုန်းပွားစေတတ်သော အပြစ်မကင်းသော အမှုကိစ္စများမကျူးလွန်ရန် သတိပြု ပါ။
ချစ်သူရည်းစား လူဖက်ကြောင့် ရန်သူအပေါင်း စုပေါင်း လုပ်ကြံလာတတ်သည်။ အချစ်ရေးသမားများအတွက် မိမိအား ဂုဏ်သိက္ခာကျဆင်း စေရန်ရည်ရွယ်ချက်ဖြင့် အမျိုးသား၊ အမျိုးသမီးအချို့ချဉ်း ကပ်လာတတ်သည်။
အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့ တစ်ဦးအထင် အမြင်လွဲမှားတာလေးတွေ ကြုံပြီးလမ်းခွဲရတတ်သလို့ အသစ်ကို မျှော်ရည်တမ်းတခြင်းများလည် ဖြစ်ပေါ်တတ်ပါသည်။
သားရတနာ မရှိသူများ ထွန်းကာအံ့၊ သားသမီးကြောင့် ဂုဏ်သတင်းကြားရတတ်သည်။
ကျန်းမာရေး ညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့လာ ရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်ခြင်း ကြုံတွေရတတ်သည်။ နှလုံး နှင့် လေရောဂါပတ်သက်၍ ကျန်းမာရေးညံ ဒူး၊နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
အမျိုးသမီးများ သွေး၊ လေ၊ မီးယပ် ဆိုင်ရာ မိန်းမရောဂါများ အထူးဂရုစိုက်ရပါ။ ကျန်းမာရေးအတွက် စည်ကမ်းစနစ်တကျ စားသောက်ခြင်း၊ အနားယူခြင်း၊ အပန်းဖြေခရီးသွားလာခြင်း၊ ကျန်းမာရေး စင်တာများတွင်စစ်ဆေးခံယူခြင်းများပြု လုပ်ပါ။
သဘာဝ ဘေးအန္တရာယ်နှင့် လူပယောဂအမျို းမျို းကြောင့် မိမိပိုင်ဆိုင်ထားရှိသမျှအားလုံး တ်ုက်ခိုက်ခံရ၍ ပျက်စီးရတတ်သည်။ ရန်သူအပေါင်း စုပေါင်း လုပ်ကြံလာတတ်သည်။
မထင်မှတ်သော လောကဓံတရားများ ရိုက်ခတ်လာနိုင်သည် ယုံကြည်ရာ ဘာသာတရားအတိုင်း အပတ်စဉ်၊ လစဉ်၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ပြု လုပ်ပါ။
စနေသားသမီးများ ထီထိုးရန် သူတစ်ပါးအတွက် ရည်စူး၍ ကြုံ ရာ ထီဂဏန်းကို ထိုးပါ။ ထီပေါက်နိုင်ပါသည်။
ထီထိုးရန် အကျိူ းပေးအက္ခရာနှင့် ဂဏန်း {န၊ဏ၊ကဆ၊င} ၇ အစ, ဝ အဆုံး ၇၇အပူး ထီးထိုးပေးပါ။
အထူးသဖြင့် ဤနှစ် သားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ “ရာဟု,ကြာသပတေး” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။
အကျိုးပေးအက္ခရာ -{န၊ဏ၊ကဆ၊င}
အကျိုးပေးဂဏန်း-{၇၊၂၊၄၊ဝ}
အကျိုးမပေးနေနံ-{“ရာဟု,ကြာသပတေး”}
အကျိုးပေးအရောင်- အဝါ၊အစိမ်း၊အကွက်ပြောင်ရောင်
အကျိုးမပေးအရောင်- မိုးပြာရောင်၊ လိမ္မော်ရောင်
ဆောင်ရန်- နက်ပြာရောင်ရှိသောနီလာရတနာ
ယတြာ – မိမိနေနံ မွေးနေ့တွင် အပတ်စဉ် နှင်းဆီပန်း(၉) ပွင့်၊ နွားနို့(၃)ခွက်၊ နိုထမင်းဆွမ်း ဘုရားရှင်အားကပ်လှူ ပူဇော်၍ ငါးပါးသီလခံ၊ ဂုဏ်တော်ကိုးပါး ရွတ်ပွားပြီး လိုရာ ဆုတောင်းပါ။
တောင်အရပ်မှ တံတားခင်းခြင်း၊ ရေအိုးစင် ဆောက်လှူ ခြင်း နှင့် ဘုန်းကြီးကျောင်း ရေတွင်းရေကန်ဆောက်လှူ ဒါန်းခြင်းကုသိုလ်ပြုပါ။
ဆရာဇော်
ဆရာသန်းလင်းအောင်
Zawgyi ဖြင့်ဖတ်ရန်
ထီထိုးရန် အကျိုးပေးအက္ခရာနှင့် ဂဏန်း {န၊ဏ၊ကဆ၊င} ၇ အစ, ဝ အဆုံး ၇၇အပူး ထီးထိုးပေးပါ။
အကျိုးပေးဂဏန်း-{၇၊၂၊၄၊ဝ}
ဆရာဇော်( Ph: 09 89100 4003)
ဆရာသန်းလင်းအောင်
Myanmar Wedding Guide
jjjj
Read times Last modified on Thursday, 06 February 2020 11:52
Rate this item
(1 Vote)
Tagged under