သင့် Crush ကိုဖွင့်ပြောဖို့ ခက်ခဲနေပါသလား

သင့် Crush ကိုဖွင့်ပြောဖို့ ခက်ခဲနေပါသလား google.com

Crush ဆိုကတည်းက ကြိတ်ကြိုက်နေတာဆိုတော့ သင်ကြိုက်နေတာကို သူမသိဘူးလို့ယူဆရမှာပါ။

အငြင်းခံရပြီးလက်ရှိဆက်ဆံရေးပြတ်တောက်သွားမှာဆိုးတာကတစ်ကြောင်း၊ သူနဲ့မျက်နှာချင်းဆိုင်ပြီးသူ့ကိုချစ်တဲ့အကြောင်းဖွင့်မပြောရဲတာကတစ်ကြောင်းကြောင့် သင့် Crush ကိုဖွင့်ပြောဖို့အတွက် အခက်အခဲဖြစ်နေပါသလား။ အောက်မှာပြောပြမယ့် နည်းလမ်းအချို့ကသင့်အတွက် အသုံးဝင်စေမှာပါ။

 

(၁) သင့်ဆီမှာ သူမဖုန်းနံပါတ်ရှိတယ်ဆိုရင် ဖုန်းမဆက်ရဲရင်တောင် မက်ဆေ့ခ်ျပို့ပါ။ မက်ဆေ့ခ်ျထဲမှာ သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်းကိုသူသိအောင် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပြီးပြောပါ။ အချိန်အနည်းငယ်အတွင်းမှာ သူမ ရိပ်မိလာပါလိမ့်မယ်။ အဲ့ဒီအခါ သူမကသင့်ကိုဘာအဓိပ္ပာယ်နဲ့ဒီလိုတွေပို့နေတာလဲမေးရင် တစ်ခါတည်းဖွင့်ပြောလိုက်ပါ။

 

(၂) သူမနဲ့မျက်နှာချင်းဆိုင်စကားပြောဖို့အတွက် အခက်အခဲမရှိဘူးဆိုရင်တော့ သူမကိုနှစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်ဖို့ခေါ်ထုတ်ပါ။ သူမကသင့်အတွက်ဘယ်လိုထူးခြားတယ်၊ သင်ကသူမနဲ့ပတ်သက်ပြီးဘယ်လိုအချက်တွေကိုနှစ်သက်တယ်ဆိုတဲ့အကြောင်း ကိုအချိန်ယူပြီးသူမကိုပြောပြပါ။ ချစ်တယ်လို့ တစ်ခါတည်းမပြောဘဲနဲ့ မထိတထိစကားလေးတွေနဲ့ သူမရဲ့နှလုံးသားကိုနှိုးဆွပြီး သူမသင့်ဘက်ကို ပါသယောင်ရှိပြီဆိုတော့မှ ဖွင့်ပြောလိုက်ပါ။

 

(၃) သင်နဲ့သိတဲ့ သူမရဲ့သူငယ်ချင်းကို အကူအညီတောင်းပြီး သင်သူမကိုစိတ်ဝင်စားနေတဲ့အကြောင်းအရိပ်အမြွက်ပြောပြခိုင်းပါ။ တစ်ခါတည်း ပန်းစည်းနဲ့ရည်းစားစာပါ သူမသူငယ်ချင်းနဲ့ထည့်ပေးလိုက်ပါ။

 

 

(၄) သူမရဲ့သင့်အပေါ်ထားရှိတဲ့သဘောထားကို သင့်သူငယ်ချင်းတစ်ယောက်မှတစ်ဆင့် မေးမြန်းခိုင်းပါ။ ဒီနည်းကတော့ သူမသင့်အပေါ်မှာဘယ်လိုသဘောထားလည်းဆိုတာ အလွယ်ကူဆုံးသိနိုင်ပေမယ့် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့တော့အသင့်ပြင်ထားပါ။ ဒီနည်းလမ်းက အနည်းငယ်သူရဲဘောကြောင်တဲ့အတွက် သင်ကြိတ်ကြိုက်နေတဲ့ကောင်မလေးကို လုံးဝမျက်နှာချင်းမဆိုင်ရဲမှ သုံးသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:05
Rate this item
(3 votes)