ကိုယ့်ချစ်သူသာ ဂျပုမလေးတစ်ယောက်ဖြစ်ခဲ့ရင်

ကိုယ့်ချစ်သူသာ ဂျပုမလေးတစ်ယောက်ဖြစ်ခဲ့ရင် google.com

ကမ္ဘာပေါ်မှာရှိတဲ့ ခန္ဓာကိုယ်အမျိုးအစားများစွာထဲက ချစ်စရာကောင်းတဲ့ခန္ဓာကိုယ် အချိုးအစားကိုပိုင်ဆိုင်ထားတာကတော့ ဂျပုမလေးတွေပါပဲ။

တကယ်လို့သင့်ချစ်သူသာ ဂျပုမလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်ချစ်စရာကောင်းမလဲဆိုတာတွေးကြည့်လို့ရပါတယ်။ စိတ်ဆိုးလို့ ခါးထောက်ပြီး ခေါင်းမော့ရန်တွေ့နေတဲ့ပုံစံလေးကို မြင်ယောင်ကြည့်ပါ။ ဘယ်လောက်ချစ်စရာကောင်းလိုက်မလဲလို့။

 

Read More: အချစ်ရေးမှာပျော်ရွှင်နေကြသူများဟာဝိတ်ပိုတက်နိုင်ကြောင်းရှာဖွေတွေ့ရှိ

 

 

maxresdefault

 

ဂျပုမလေးတွေက အကောင်သေးတဲ့အတွက် အ၀တ်အစားဝယ်တဲ့အခါမှာလည်း ရွေးချယ်စရာများပါတယ်။ သူတို့နဲ့မတော်တဲ့ အ၀တ်အစားဆိုတာမရှိသလောက်ပါပဲ။ ဆိုဒ်ကြီးတဲ့အင်္ကျီတွေဝယ်ပြီး ခါးစည်းဝတ်မယ်ဆိုရင် ပိုတောင်ချစ်စရာကောင်းနေပါသေးတယ်။ နောက်တစ်ချက်က ဂျပုမလေးတွေကို ဖက်တဲ့အခါကျရင် တစ်ကိုယ်လုံးကို ကိုယ့်ရင်ခွင်ထဲတောင်ထည့်ထားလို့ရပါသေးတယ်။

 

 

ဂျပုမလေးတွေဟာ ချစ်စရာကောင်းသလို စွာတေးလန်လေးတွေပါ။ သင့်ကိုစိတ်ဆိုးလို့ ခြေဖျားထောက်၊ ခါးထောက်ပြီးရန်တွေ့တဲ့အခါ သူ့ကိုရင်ခွင်ထဲထည့်ပြီး နဖူးလေးကို အနမ်းလေးချွေလိုက်ပါ။ စိတ်ကောက်ပြေသွားပါလိမ့်မယ်။ ဒီလိုတွေပြောနေတာ မယုံဘူးဆိုရင်တော့ ဂျပုမလေးတစ်ယောက်ကို ရှာပြီးအခုပဲချစ်ကြည့်လိုက်ပါ။ ဂျပုမလေးတွေကိုလက်ရှိရည်းစားတော်ထားတဲ့ ကောင်လေးတွေလည်း ဒီလိုချစ်စရာကောင်းတဲ့ ကောင်မလေးတွေကို လက်မလွှတ်လိုက်ပါနဲ့နော်။

 

Source – Lwin Pyin

Read times Last modified on Wednesday, 19 September 2018 11:03
Rate this item
(1 Vote)
Tagged under