တော်ဝင်မင်္ဂလာပွဲအပြီးမှာ လူမြင်ကွင်းကိုပထမဆုံးထွက်လာခဲ့တဲ့ မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်

တော်ဝင်မင်္ဂလာပွဲအပြီးမှာ လူမြင်ကွင်းကိုပထမဆုံးထွက်လာခဲ့တဲ့ မင်းသားဟယ်ရီနဲ့ မီဂန်မာကယ် google.com

တော်ဝင်မင်းသားဟယ်ရီနဲ့ ကြင်စဦးဇနီးဖြစ်သူ မီဂန်မာကယ်တို့ကတော့ တော်ဝင်မင်္ဂလာပွဲအပြီး ၃ ရက်အကြာ အင်္ဂါနေ့မှာ ပထမဆုံးအနေနဲ့ စုံတွဲခုတ်လာခဲ့ပါတယ်။

 

ကြင်စဦးဇနီးမောင်နှံ ၂ ယောက်ကိုတော့ ဘက်ကင်ဟမ်နန်းတော်ဥယျာဉ်မှာကျင်းပပြုလုပ်တဲ့ မင်းသားကြီး ချားလ်စ်ရဲ့ အသက် ၇၀ နှစ်ပြည့်မွေးနေ့မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မာကယ်ဟာ Goat အမည်ရှိ

 

ဗြိတိန်အမှတ်တံဆိပ် အဖြူရောင်အင်္ကျီကိုဝတ်ဆင်ထားပြီး Philip Treacy အမှတ်တံဆိပ် ဦးထုပ်ကိုဆောင်းထားခဲ့ပါတယ်။

0522 meghan markle prince harry rex 9 copy

 

သူမဟာ တော်ဝင်ထုံးတမ်းဓလေ့ကိုလိုက်နာတဲ့အနေနဲ့ သူမရဲ့ဝတ်စုံအောက်မှာ အမျိုးသမီးဝတ် ဇာအပါး အောက်ခံဘောင်းဘီရှည်ကို ၀တ်ဆင်ထားခဲ့ပြီး ဟယ်ရီကတော့ အနောက်တိုင်းဝတ်စုံအနက်ရောင်ကိုပဲဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

 

မင်းသားကြီးချားလ်စ်ရဲ့ မွေးနေ့ပွဲကိုတော့ ဝေလ မြို့စားကြီးနှင့် ပရဟိတအဖွဲ့မှလူပေါင်း ၆ ထောင်ကျော်တက်ရောက်ခဲ့ကြပါတယ်။ မင်းသားကြီး ချားလ်စ်ရဲ့ တကယ့်မွေးနေ့အမှန်ကတော့ နိုဝင်ဘာ ၁၄ ရက်နေ့မှ ကျရောက်မှာဖြစ်ပြီး ယခုပြုလုပ်တဲ့ပွဲကတော့

 

မင်းသားကြီးချားလ်စ်ရဲ့အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးတဲ့ အခမ်းအနားသာဖြစ်ပါတယ်။

GettyImages 961423454 1527016132424 11755268 ver1.0 1280 720

 

“ အဖေက ကျွန်တော်နဲ့ ၀ီလီယမ် ကိုအောင်မြင်မှုရလာအောင် အဓိကလှုံ့ဆော်ပေးတဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့ကို အမြဲတမ်းဂရုစိုက်နေတယ်ဆိုတာ ထင်ရှားပါတယ်၊ အဖေက မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့

 

ပြည်သူ့အကျိုးပြုလုပ်ရပ်တွေကို ပြုလုပ်ပေးခဲ့ပြီး များစွာသောပြည်သူတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ” လို့ ဟယ်ရီက မွေးနေ့ပွဲမှာ သူ့ရဲ့ဖခင်အကြောင်းကို ပြောကြားခဲ့ပါတယ်။

 

အဆိုပါကြင်စဦးဇနီးမောင်နှံကတော့ သူတို့ရဲ့ပျားရည်ဆမ်းခရီးကို ရွှေ့ဆိုင်းထားပြီး ဘယ်သွားမလဲဆိုတာ အခုထိ အတိအလင်းထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Read times Last modified on Wednesday, 19 September 2018 10:36
Rate this item
(2 votes)