ငယ်ရွယ်တဲ့စုံတွဲလေးတို့ မင်္ဂလာဆောင်တော့မယ်ဆိုရင် ကြုံလာနိုင်တဲ့အရာများ

ငယ်ရွယ်တဲ့စုံတွဲလေးတို့ မင်္ဂလာဆောင်တော့မယ်ဆိုရင် ကြုံလာနိုင်တဲ့အရာများ google

ဒီအချက်လေးတွေ ကြိုတင်သိထားဖို့ လိုပါတယ်နော်။ ဒါမှပဲ စုံတွဲလေးတို့ ပြင်ဆင်လို့ရမှာပါ။

 

မင်္ဂလာဆောင်တော့မယ်ဆိုရင် တချို့တွေကတော့ အသက်ဘယ်လောက်မှ လက်ထပ်မယ်ဆိုတာမျိုး သတ်မှတ်ထားလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ကိုယ်တသက်တာ ချစ်နိုင်ပြီး တစ်ဘဝလုံး လက်တွဲနိုင်မယ့်သူ တွေ့ပြီိဆိုရင်တော့ လက်ထပ်ကြတာမျိုးလည်း ရှိပါတယ်။ လက်ထပ်သင့်တဲ့အသက်အရွယ်ကို ဘယ်လောက်လို့ အတိအကျ သတ်မှတ်ထားတာမျိုး မရှိပေမယ့် ငယ်တယ်လို့ထင်တဲ့ အရွယ်မှာ လက်ထပ်မယ်ဆိုရင်တော့ ကြုံရမယ့်အချက်တွေ ရှိပါတယ်။ ဘယ်လိုအချက်လေးတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

 

() အပြောအဆို အပြုအမူ

 

မရင့်ကျက်သေးတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်တာတွေ၊ သည်းခံမှု နည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အပြောအဆို၊ အပြုအမှု မှားတာမျိုး ဖြစ်မှာပါ။ အပြန်အလှန် တစ်ယောက်နဲ့ တစ်ယောက် နားမလည်ပေးတာမျိုးပေါ့။ ဒါက ငယ်ရွယ်တဲ့ စုံတွဲလေးတွေ တော်တော်များများမှာ ဖြစ်တတ်ကြပါတယ်။

 

 

() လွတ်လွတ်လပ်လပ် နေချင်တာ

 

ငယ်တဲ့အချိန်မှာ လက်ထပ်ကြတဲ့ စုံတွဲလေးတော်တော်များများ ကြုံရတဲ့ ပြဿနာကတော့ လွတ်လွတ်လပ်လပ်နေချင်ကြတာပါပဲ။ အိမ်မှုကိစ္စတွေ၊ အိမ်ထောင့်တာဝန်တွေကို ယူဖို့ အသင်ဆင့် မဖြစ်သေးဘဲ အရင်လိုပဲ အပြင်ထွက်ချင်တာ၊ အလုပ်ကို အားသွန်ခွန်စိုက် မလုပ်တာမျိုး ရှိနိုင်ပါတယ်။ ဒီတော့ အိမ်မှာ အဆင်မပြေတာတွေ၊ စီးပွားရေးကိစ္စ မပြေတာတွေ ဖြစ်နိုင်ပါတယ်နော်။

 

 

() စီးပွားရေး

 

စီးပွားရေးဆိုတာထက် ငယ်တဲ့အရွယ်မှာတော့ နှစ်ယောက်စလုံး အလုပ်အကိုင်လေး တစ်ခု ရှိနေဖို့ လိုပါတယ်။ ဒါမှမဟုတ်လည်း ပုံမှန်ဝင်ငွေတစ်ခုခုပေါ့။ ငယ်တဲ့စုံတွဲလေးတွေမှာ ပုံမှန်ဝင်ငွေ၊ အလုပ်တစ်ခုခု မရှိတာမျိုး ဖြစ်တတ်ပြီး ဒီလိုမျိုး စီးပွားရေး ငွေကြေး အခက်အခဲလေးတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် လက်ထပ်တော့မယ်ဆိုရင် ကိုယ်ပိုင်ဝင်ငွေလေး တစ်ခုရအောင် ပြင်ဆင်ထားဖို့ လိုပါတယ်။

 

 

() နှစ်ဖက်မိဘ

 

မင်္ဂလာဆောင်တော့မယ်ဆိုရင် နှစ်ဖက်မိဘတွေရဲ့ သဘောထားကလည်း လိုတယ်မလားနော်။ နှစ်ဖက်မိဘတွေ အဆင်ပြေဖို့လည်း စုံတွဲလေးတို့ ထည့်သွင်းစဉ်းစားရပါမယ်နော်။ နှစ်ဖက်မိဘတွေကြားမှာ အဆင်မပြေတာတွေ ရှိလာခဲ့ရင် ငယ်တဲ့အရွယ်စုံတွဲလေးတွေမို့ ဆုံးဖြတ်ချက်တွေ မှားတတ်ပါတယ်။

 

 

() သားသားမီးမီးလေးတွေ ယူဖို့

 

အသက်ငယ်သေးတာ ဖြစ်တဲ့အတွက် ကလေးယူဖို့ကိုတော့ နှစ်ယောက်စလုံး သေချာ စဉ်းစားဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ ယူဖို့ကတော့ ရင့်ကျက်ဖို့ လိုတာမို့ အချိန်တစ်ခုတော့ စောင့်ဖို့တော့ လိုအပ်တာမို့ စိတ်ချရတဲ့ သားဆက်ခြားနည်းလေးတွေ သုံးပေးရမှာပါ။

 

ငယ်ရွယ်တဲ့ စုံတွဲလေးတို့အနေနဲ့ အထက်ပါ ပြောပြခဲ့တဲ့ အချက်လေးတွေကို ကြုံချင်ကြုံလာနိုင်တာမို့ အားလုံးပဲ အခက်အခဲမရှိ နားလည်မှုရှိစွာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ဖန်တီးနိုင်ကြပါစေနော်။

 

 

Credit;Marry

Read times Last modified on Thursday, 27 December 2018 11:35
Rate this item
(1 Vote)