သင်နဲ့အသက်ကွာလွန်းတဲ့သူကို ချစ်သူအဖြစ်ရွေးမယ်ဆိုရင် သိထားသင့်တဲ့အချက် (၅)ချက်

သင်နဲ့အသက်ကွာလွန်းတဲ့သူကို ချစ်သူအဖြစ်ရွေးမယ်ဆိုရင် သိထားသင့်တဲ့အချက် (၅)ချက် google.com

အချစ်မှာမျက်စိမရှိသလို၊ အသက်အရွယ် ကန့်သတ်ချက်လည်းမရှိပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ယောက်က အသက်အရွယ်ကွာဟလွန်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုရှိကြဖို့ အရမ်းအရေးကြီးပါတယ်။

သေချာတာကတော့ အသက်ကြီးတဲ့သူဘက်က ပိုနားလည်ပေးရမယ်ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် အသက်အရွယ်ကွာဟမှုရှိတဲ့ ချစ်သူနှစ်ယောက်ကြားမှာအခုဖော်ပြမယ့် အချက်လေးတွေကို သိနားလည်ထားဖို့လိုပါတယ်။

 

 

() အကြောင်းပြချက်ကို သိရမယ်

 

သင်ဟာ သင့်ထက် အသက်ငယ်လွန်းတဲ့သူ ဒါမှမဟုတ် အသက်ကြီးလွန်းတဲ့သူနဲ့တွဲတော့မယ်ဆိုရင် အရင်ဆုံးသိထားရမှာက သူကသင့်ကိုဘာအတွက်တွဲတာလဲဆိုတာကိုပါ။ သူက သင့်ကိုချစ်လို့၊ သင့်ရဲ့ရင့်ကျက်မှုကို အထင်ကြီးလို့၊ သင့်ရဲ့အာမခံချက်ရှိတဲ့ အလုပ်အကိုင်နဲ့ဝင်ငွေကိုသဘောကျလို့ စသဖြင့် မျိုးစုံဖြစ်နိုင်တာကြောင့်ပါ။ ပြီးတော့ သင့်အနေနဲ့လည်း သူ့ကိုဘာအကြောင်းပြချက်နဲ့တွဲတာလည်းဆိုတာကိုပါသိရမှာပါ။ ဒီအကြောင်းအရင်းကိုသိထားရင် သင်တို့နှစ်ယောက်အတွက် အဆင်ပြေဖို့များသွားပါပြီ။

 

 

() မျိုးဆက်ကွာဟမှုကို နားလည်ရမယ်

 

လူတွေက တစ်ယောက်နဲ့တစ်ယောက် ထပ်တူအကြိုက်တူဖို့သိပ်မဖြစ်နိုင်ပေမယ့် အသက်သိပ်မကွာတဲ့သူတွေကတော့ ယေဘုယျအကြိုက်တူနိုင်ပါတယ်။ ဆယ်စုနှစ်နီးပါး အသက်ကွာသွားတဲ့အခါမှာ တချို့အရာတွေမှာ အကြိုက်တွေလည်း တော်တော်ကွာသွားနိုင်ပြီး အရာအားလုံးအပေါ်အမြင်တွေလည်းကွာဟသွားနိုင်ပါတယ်။ ကိစ္စတစ်ခုကို သူ့ဘက်ကမြင်ပေးဖို့ ပိုခက်သွားတာကြောင့်တစ်ယောက်နဲ့တစ်ယောက်ကြား အငြင်းပွားစရာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ မတူတဲ့အတွေ့အကြုံ၊ အတွေးအမြင်တွေကို မျှဝေနိုင်တဲ့ ချစ်သူမျိုးတွေလည်းဖြစ်နေပါသေးတယ်။

 

 

() ဘေးလူတွေဝေဖန်တာကို ခံနိုင်ရမယ်

 

သင့်အနေနဲ့အသက်အရွယ်ကွာဟလွန်းတဲ့သူကို ချစ်သူအဖြစ်ရွေးလိုက်တဲ့အခါ မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ ကန့်ကွက်မှုကိုခံရနိုင်ပါတယ်။ အဲ့ဒီအခါ သင်ဟာ သူ/သူမ ကိုသာ ရွေးချယ်ထားတာဖြစ်ပြီး အသက်အရွယ်ကို ရွေးချယ်ထားတာ မဟုတ်ကြောင်းရှင်းပြရမှာပါ။ တစ်ခုခုဆို “ငယ်လွန်းတဲ့သူကို ရွေးထားလို့ ” “ ကြီးလွန်းတဲ့သူကို ရွေးထားလို့ ” ဆိုတဲ့ သူတို့ရဲ့မှတ်ချက်တွေကိုလည်း တော်တော်လေးသည်းခံရမှာပါ။

 

 

() အသက်ကွာဟလို့ဆိုတဲ့စကားကို ထပ်တလဲလဲမပြောသင့်

 

သင်ကိုယ်တိုင်ကလည်း တစ်ခုခုဖြစ်တာနဲ့ သင်တို့နှစ်ယောက် အသက်ကွာလို့ဆိုတဲ့စကားကိုခဏခဏမပြောသင့်ပါဘူး။ ဒီအသက်ကွာဟမှုကို နှစ်ယောက်လုံးသိပြီးလက်ခံခဲ့ကြပြီးပြီပဲ။ အသက်ကွာလို့ ဆိုတဲ့စကားကိုပဲ ပြောနေမယ့်အစား ဖြစ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲတွေးသင့်ပါတယ်။

 

 

() တခြားကွာဟမှုတွေကိုပါ နားလည်နိုင်ရမယ်

 

လူတွေဟာ အသက်အရွယ်အပိုင်းအခြားအလိုက် ခန္ဓာကိုယ်ဖြစ်စဉ်တွေ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ မတူကြပါဘူး။ သင်ရောက်နေတဲ့ အသက်အရွယ်နဲ့ သူရောက်နေတဲ့ အသက်အရွယ်မှာ ကြုံတွေ့ရမယ့် အရာတွေကလည်း တူမှာမဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုကို သင်တို့နှစ်ယောက်မြင်ကြပုံချင်းလည်း ဘယ်လိုမှမတူနိုင်ပါဘူး။ ဒါကြောင့် အဲ့ဒီအရာတွေနဲ့ပတ်သက်လို့ သင်ရောသူရော နှစ်ဦးနှစ်ဖက် နားလည်မှုရှိဖို့ လိုအပ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:33
Rate this item
(2 votes)