ဇနီးသည်က ခင်ပွန်းလုပ်ရပ်တွေကို မကြိုက်သည့် အချက်များ - ၎

ဇနီးသည်က ခင်ပွန်းလုပ်ရပ်တွေကို မကြိုက်သည့် အချက်များ - ၎

ခင်ပွန်းဖြစ်စေ၊ ဇနီးသည်ဖြစ်စေ အောက်ပါ အကျင့်လေးတွေရှိနေရင်တော့ နှစ်ဦးသား

ပြုပြင်လိုက်ရင် အိမ်ထောင်ရေးသာယာပျော်ရွှင်စေမှာ အမှန်ဖြစ်ပါတယ်။

 

- ခင်ပွန်းသည်က ကိုယ့်ဇနီးသည်ရဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားတွေရဲ့ နာမည်ကိုတောင် မကြားချင်ဘူးဆိုရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

 - ခင်ပွန်းသည်က အကြောင်းတစ်ခုခုနဲ့ ပတ်သက်လာရင် ဇနီးသည်ရဲ့ ဆွေမျိုးသားချင်းတွေကို တန်းစီပြီး အပြစ်ပြောတတ်ရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

 - ခင်ပွန်းသည်က ဆွေမျိုးသားချင်း သို့မဟုတ် အပေါင်းအသင်းစုံတဲ့အခါ ဇနီးသည်ကို အပြစ်ပြောခြင်း၊ နှိမ့်ချတတ်တယ်ဆိုရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

- ခင်ပွန်းသည်က ကိုယ့်ဇနီးအပြင်ထွက်တော့မယ်ဆိုရင် သူ့စိတ်ကြိုက်အ၀တ်အစားဝတ်ဖို့ တိုက်တွန်းမယ်ဆိုရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

 

 - ခင်ပွန်းသည်က လူစိမ်းတစ်ယောက်ယောက် အိမ်လာတာတွေ့တာနဲ့ ဇနီးသည်ကို သံသယမျက်လုံးနဲ့ ကြည့်တတ်ရင်လည်း ဇနီးသည်တွေက မကြိုက်ကြပါဘူး။

Read times Last modified on Wednesday, 19 September 2018 15:20
Rate this item
(1 Vote)