အသည်းကွဲပြီး နောက်ထပ်ချစ်ရမှာ ကြောက်နေတဲ့သူလေးတွေအတွက်

အသည်းကွဲပြီး နောက်ထပ်ချစ်ရမှာ ကြောက်နေတဲ့သူလေးတွေအတွက် google.com

အသည်းကွဲဖူးတဲ့သူလေးတွေက နောက်တစ်ခေါက်ချစ်ရမှာ သိပ်ကိုကြောက်သွားတတ်ကြပါတယ်။ အချစ်ဆိုတာ ကြောက်စရာခံစားချက်လို့ပဲ တရားသေမှတ်ထားလိုက်ပြီး ဘယ်သူ့ကိုမှမချစ်ချင်တော့တဲ့အထိဖြစ်လာပါတယ်။

 

 

တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတဲ့သူတွေကိုတွေ့ရင်တောင် သူတို့တွေတော့ အချစ်ကြောင့်နာကျင်မှုတွေကို ခံစားနေရရှာတယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်လာပါတယ်။ အချစ်ကြောင့် အသည်းကွဲပြီး အချစ်ကိုကြောက်နေတဲ့သူလေးတွေဖတ်ဖို့ စာလေးတစ်စောင်ရေးပေးလိုက်ပါတယ်။

 

 

တစ်ဘဝလုံးမှာတစ်ခါပဲချစ်မှာလား

 

လူတိုင်းက ဘ၀မှာအချစ်ကို အကန့်အသတ်မရှိခံစားခွင့်ရှိပါတယ်။ သင်ကရော တစ်ခါပဲချစ်ပြီး တစ်ဘ၀စာလုံလောက်သွားပြီလား လို့ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါဦး။

 

 

စောစောစီးစီးအရှုံးပေးလိုက်တော့မှာလား

 

အချစ်ဆိုတာ အရွယ်ရောက်တဲ့သူတိုင်း ၀င်ကစားကြတဲ့ ကစားပွဲလို့ပြောလို့ရပါတယ်။ သင်က ဒီကစားပွဲမှာ စောစောစီးစီးအရှုံးပေးလိုက်ပြီလား။ တစ်ခါအသည်းကွဲရုံနဲ့ ကျောခိုင်းသွားမယ်ဆိုရင် ပိုပိုလှတဲ့အချစ်တွေနဲ့ ဆုံတွေ့ရတော့မှာမဟုတ်ဘူးနော်။

 

 

ဆိုးရွားတဲ့အတွေ့အကြုံတစ်ခုကြောင့်တစ်ဘ၀လုံးအချစ်မရှိဘဲဖြတ်သန်းဖို့ဆုံးဖြတ်လိုက်ပြီလား

 

ပထမဆုံးအကြိမ်နဲ့ အကောင်းဆုံးကိုတွေ့ဖို့ဆိုတာ ဖြစ်တော့ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ချေနည်းပါတယ်။ အချစ်မှာလည်း ဒီလိုပါပဲ။ ပထမဆုံးအသည်းကွဲကြတာ လူတိုင်းနာကျင်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း နောက်ထပ်အချစ်ကိုမရှာတော့ဘဲ ဖြတ်သန်းသွားမယ်ဆိုရင် တန်ရဲ့လားလို့။

 

 

သင့်အတွက်အကောင်းဆုံးအဖော်မွန်တစ်ယောက်နဲ့တွေ့ဆုံနိုင်တဲ့အခွင့်အရေးကိုကျောခိုင်းထားမှာလား

 

လူတစ်ယောက်ကြောင့်အသည်းကွဲတယ်ဆိုတာ ဒီဒဏ်ရာတွေကိုပြန်ကုသပေးမယ့်သူတစ်ယောက်နဲ့ဆုံနိုင်ဖို့အတွက် အစပါပဲ။ ပိုကောင်းတဲ့သူတစ်ယောက်နဲ့ဆုံနိုင်တဲ့အခွင့်အရေးကိုကျောခိုင်းပြီး အတိတ်ကနာကျင်စရာတွေထဲမှာနစ်မြှုပ်ပြီးပဲနေလိုက်မယ်ဆိုရင်တော့ သင့်ရဲ့အသည်းကွဲဒဏ်ရာက ဘယ်တော့မှသက်သာလာမှာမဟုတ်ပါဘူးနော်။

 

 

ဒါဟာဘဝရဲ့အကောင်းဆုံးအမှတ်တရတစ်ခုပဲဖြစ်တယ်ဆိုတာ တစ်ချိန်မှာသိလာမယ်

 

ဘယ်လောက်ပြင်းထန်တဲ့ခံစားချက်မျိုးဖြစ်ပါစေ ကျော်ဖြတ်ပြီးသွားတဲ့အခါ အမှတ်တရသာဖြစ်သွားတာပါ။ ဒါကြောင့် သင်အရမ်းခံစားခဲ့ရပြီးအရမ်းကြောက်တဲ့ အသည်းကွဲဝေဒနာဆိုတာ တစ်ချိန်မှာ ပြန်တွေးလို့အကောင်းဆုံးအမှတ်တရတစ်ခုဖြစ်လာမှာပါ။ သင်ရင့်ကျက်သွားတဲ့အချိန်မှာပေါ့။

 

 

နောင်တမရပါစေနဲ့

 

သင်ရင့်ကျက်လာတဲ့အချိန်မှာ အသည်းကွဲတာဟာအကောင်းဆုံးအမှတ်တရတစ်ခုပဲလို့သိလာတဲ့အခါ သင့်ဘေးနားမှာအချစ်မရှိဘဲတစ်ယောက်တည်းဖြစ်နေရင် နောင်တရနိုင်ပါတယ်။ အသည်းကွဲလို့ချစ်ရမှာကြောက်သွားပြီး နောင်တစ်ချိန်မှာနောင်တမရစေနဲ့နော်။

 

 

Credit;Aunty May

Read times Last modified on Wednesday, 03 October 2018 14:29
Rate this item
(2 votes)