ထက်မြက်လွန်းတဲ့မိန်းမတစ်ယောက်ဟာ ယောက်ျားတွေဆီက ဒီအရာတွေကို မလိုအပ်ပါဘူး

ထက်မြက်လွန်းတဲ့မိန်းမတစ်ယောက်ဟာ ယောက်ျားတွေဆီက ဒီအရာတွေကို မလိုအပ်ပါဘူး google.com

ထက်မြက်လွန်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ယောက်ျားဆိုတာ မရှိမဖြစ်မဟုတ်ဘူးလို့ ဆိုတတ်ကြပါတယ်။

ထက်မြက်ပြီး ကိုယ့်အားကိုယ်ကိုးလိုစိတ်ရှိတဲ့မိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်ကို မှီခိုပြီး ထိုယောက်ျားပြောသမျှကိုပဲ ခေါင်းလေးညိတ်၊ အလိုက်သင့်လေးနေဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိပါဘူး။ မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ကိုယ်တိုင်ကြိုးစားပြီး ရုန်းကန်နိုင်တဲ့ ထက်မြက်တဲ့ မိန်းမတစ်ယောက်ဟာ ယောက်ျားတွေဆီက ဒီအရာတွေကို လုံးဝမလိုအပ်ပါဘူး။ တကယ်လို့သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ ထက်မြက်လွန်းတဲ့ စံပြအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

 

 

() ပိုက်ဆံ

 

ထက်မြက်လွန်းတဲ့ မိန်းမတစ်ယောက်အဖို့ ပိုက်ဆံရှာရတာ သူ့အတွက်မခက်ခဲပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ သူတို့အဖို့ နည်းသည်၊ များသည်ဆိုတာထက် ကိုယ့်အစွမ်းအစနဲ့ ရလာတဲ့ ပိုက်ဆံကိုပဲ လိုချင်ကြပါတယ်။ ဒါကြောင့်လည်း ယောက်ျားတစ်ယောက်ကို တွဲပြီဆိုရင် ချစ်လို့ဆိုတဲ့ အကြောင်းပြချက်ကလွဲရင် ကျန်တာဘာမှမမျှော်လင့်တတ်ကြပါဘူး။ ယောက်ျားတစ်ယောက်ဆီက ထောက်ပံ့ကြေးကိုယူပြီး အေးအေးဆေးဆေးနေရမှာထက် ချွေးပေါက်ပေါက်ကျပြီး ကိုယ်ပိုင်ဝင်ငွေရှာရတာ သူ့အတွက်ပိုပြီး စိတ်ချမ်းသာရပါတယ်။

 

 

() ခွင့်ပြုချက်

 

ထက်မြက်ပြီး အစွမ်းအစရှိတဲ့မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကောင်းကောင်းချနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် တစ်နေရာရာသွားတော့မယ်၊ တစ်ခုခုလုပ်တော့မယ်ဆိုတဲ့အခါတွေမှာ ယောက်ျားတစ်ယောက်ဆီက ခွင့်ပြုချက်တွေ မလိုပါဘူး။ သူလုပ်တာ မှန်လား၊ မှားလားဆိုတာ သေသေချာချာ သိနေတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံပြီး လုပ်သင့်လုပ်ထိုက်တာတွေအားလုံးကို လုပ်မယ့်သူမျိုးတွေဖြစ်ပါတယ်။ ယောက်ျားတစ်ယောက် ခြယ်လှယ်သမျှကို ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငုံ့ခံနေမယ့်သူတွေတော့ လုံးဝမဟုတ်ပါဘူး။

 

 

() ဂရုစိုက်မှု

 

ထက်မြက်ပြီး ဥာဏ်ရည်မြင့်တဲ့မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုဂရုစိုက်ဖို့၊ သူတို့ကိုချစ်ဖို့၊ သူတို့ကို ကြင်နာမှုတွေပေးဖို့ ယောက်ျားတစ်ယောက်ဟာ မရှိမဖြစ်မဟုတ်ပါဘူး။ နေမကောင်းဖြစ်တဲ့အခါ ဆေးသောက်ဖို့၊ လိုချင်တာလေးတွေရှိတဲ့အခါ ကိုယ့်ကိုယ်ကိုဝယ်ပေးဖို့၊ စိတ်ညစ်လာတဲ့အခါ ပျော်လာစေဖို့ သူတို့ဘာသာသူတို့ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒါကြောင့် ယောက်ျားတစ်ယောက်ဆီက ဂရုစိုက်မှုတွေဟာလည်း သူတို့အတွက် မရှိမဖြစ်မဟုတ်ပါဘူး။

 

 

() ကာကွယ်မှု

 

ထက်မြက်တဲ့မိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်ရဲ့ အကာအကွယ်ကိုလည်း မလိုအပ်ပါဘူး။ အင်မတန်အကင်းပါးပြီး အခြေအနေအချိန်အခါကို ကြည့်ကာ လှုပ်ရှားတတ်သူတွေဖြစ်တာကြောင့် တစ်ယောက်တည်းဆိုလည်း လုံခြုံပါတယ်။ ယောက်ျားတစ်ယောက်ကို ဘယ်ကိစ္စမှာမဆို မှီခိုပြီး အားကိုးနေမယ့်သူတွေတော့ မဟုတ်ပါဘူး။

 

 

() ဂုဏ်

 

ထက်မြက်တဲ့မိန်းကလေးတွေဟာ ဂုဏ်မမက်ကြပါဘူး။ ပတ်ဝန်းကျင်နဲ့လူတွေကို အရမ်းဂရုစိုက်တတ်တဲ့သူတွေ မဟုတ်တာကြောင့် လူအထင်ကြီးခံချင်တာမျိုး၊ လူတွေရဲ့အမြင်မှာ အားကျစရာကောင်းနေတာမျိုးတွေ တစ်နည်းအားဖြင့် ပေါ်ပင်တွေကို လုံးဝစိတ်မဝင်စားကြပါဘူး။ ကိုယ့်မှာရှိတဲ့အရာလေးနဲ့ရောင့်ရဲ တင်းတိမ်တဲ့သူတွေဖြစ်တာကြောင့် ဂုဏ်ရှိတဲ့ယောက်ျားကိုလည်း မလိုအပ်ကြပါဘူး။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 December 2018 10:12
Rate this item
(1 Vote)