အင်္ဂါသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...
အင်္ဂါသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... google
ဤနှစ်တွင်အခက်ခဲမည်မျှရှိစေကာမူဆောင်ရွက်စရာများရှေ့တိုး၍ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။
စီးပွားရေးအနေနဲ့ အခွင့်အလမ်းသစ်များ ကြုံတွေ့ရတတ်သည်။စိတ်တည်ငြိမ်စွာလုပ်ငန်းကိစ္စများဆောင်ရွက်လုပ်ဆောင်လျှင် အောင်မြင်မည်။
လူမှုဆက်ဆံရေးနှင့်စာပေဟောပြောပွဲ အပြောအဆိုမှားတတ်ခြင်း ကြုံတွေ့ရတတ်သည်။
အပေါင်းအသင်းမိတ်ဆွေများနှင့် စိတ်ဝမ်းကွဲ၊စကားများငြင်းပွားရတတ်သည်။မမျှော်လင့်သော အပြောင်းအလဲများ ကြုံတွေ့ရတတ်သည်။
အပြိုင်အဆိုင်ကြားမှာမိမိပင်ကိုယ်ဉာဏ်စွမ်၊းဇွဲလုံ့လဝိရီယစွမ်းရည်ကြောင့်အတိုက်အခိုက်များကျော်လွှား၍တိုးတတ်အောင်မြင်လာပါလိမ့်မည်။မိသာစု အမွေအနှစ်ကိစ္စများအဆင်ပြေလာနိုင်သည်။
မမျှော်လင့်ဘဲငွေကြေးများဝင်လာရခြင်းစက်ပစ္စည်းဝယ်ယူခြင်းရှိမည်။အဂါၤသားသမီးများ ထီပေါက်ကိန်းရှိ စပ်တူရှယ်ယာထီထိုးပါ။
ထီထိုးရန်-အကျိုးပေးအက္ခရာနှင့်ဂဏန်း-{ရ၊လ၊ဝ၊မ}၃အစ,၅ အဆုံး ထီထိုးပေးပါ။ယခင်နှစ်နှင့် အရင်ကြွေးဟောင်း၊ ငွေဟောင်းများမမျှော်လင့်ဘဲ ရရှိနိုင်လိမ့်မည်။
ယခုနှစ်တွင် မိတ်ဆွေအဟောင်းများတွေ့တတ်ပြီး လုပ်ငန်းသစ်များ လုပ်ရမည်။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၇)ရက်
၁၃၈၁-ခု ပြာသိုလဆန်း(၁၃)ရက် အင်္ဂါနေ့ယနေ့ ကုမ္ပဏီထူထောင်ခြင်း၊ ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊
နေ့စက်(၃း၁၈)နာရီ မိနစ်လွန် ပန္နက်ရိုက်၊ကျင်းတူ၊ အိမ်ပြောင်း၊ အိမ်တတ်၊ ရှင်ပြု၊ စေ့စပ်၊ လက်ထပ်၊ နာမည်မှည့်၊ ငွေကြေးချေးငှားခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၂၈)ရက်
၁၃၈၁-ခု တပို့တွဲလဆန်း(၄)ရက် အင်္ဂါနေ့ယနေ့ နံနက်(၈း၁၇)နာရီ မိနစ်အတွင်း ဘုရားတည်၊ထီးတင်၊ ဘုရားပင့်ဆောင်ခြင်း၊ စေ့စပ်၊ လက်ထက်၊နာမည်မှည့်၊ ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်းတို့ကောင်း၏။
စီးပွားရေး အလုပ်အကိုင်အပြောင်းအလဲများ၊ ပတ်ဝန်းကျင် လူမှုရေးရာ ဆက်ဆံရေးများ၊ မိသားစုအသိုင်းအဝိုင်းအပြောင်းအလဲများ၊ ယုံကြည်ကိုးကွယ်ရာ ဓလေ့ထုံးစံအပြောင်းအလဲများ ဖြစ်ပေါ်နိုင်ပါသည်။
စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊အမျိုးများအတွက်ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊အလှကုန်ပစ္စည်းများနှင့်ဖန်စီလုပ်ငန်းများရွှေလုပ်ငန်း၊
ရွှေမော်၊အဝတ်အထည်အရောင်းအဝယ်၊အွန်လိုင်းလုပ်ငန်းနှင့် ဓာတ်သတ္တုတူးဖော်ခြင်း၊ ရေလုပ်ငန်းများ အကျိုးမြတ် ရလဒ်ကောင်းရရှိမည်။ အနုပညာဂီတရုပ်သံများ လုပ်ကိုင်သူများနာမည်ဂုဏ်သတင်းကျော်ကြားလာမည်။
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအပြိုင်အဆိုင်များလာမည်။ အသီးအနှံစိုက်ပျိုးလုပ်ကိုင်သူများ ရာသီဥတုကြောင့် .သီးနှံများပျက်စီးမှုကြုံတွေ့ရမည်။
တနင်္ဂနွေနှင့်ကြာသပတေးသားသမီးတို့ အကျိုးပေးကောင်း၏။
၂၀၂၀-ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်
၁၃၈၁-ခု တပို့တွဲ လဆုတ်(၃)ရက် အင်္ဂါနေ့၊ရက်ရာဇာယနေ့ နံနက်(၁ဝး၁)နာရီ မိနစ်လွန် ရှင်ပြု နားသ၊
ထီးတင်၊ကင်ပွန်းတပ်၊ နာမည်မှည့်ညစက်(၈း၄၆)နာရီအတွင်း ဝိဝါဟမင်္ဂလာနှင့် ထီထိုး၊ငွေကြေးချေးငှားခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း၊ခရီးသွားလာခြင်းတို့ကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၄,၁၁,)ရက်ကြက်သွေးရောင်၊ မီးခိုးရောင်ဝတ်ဆင်၍ ထီးထိုးပါ။
၂၀၂၀-ခုနှစ် မတ်လ(၃)ရက်
၁၃၈၁-ခု တပေါင်းလဆန်း(၁၀)ရက် အင်္ဂါနေ့ ဝါရမိတ္တုနတ်ပြည်ပြဿဒါး
ယနေ့ နံနက်(၁ဝ)နာရီအတွင်း ပန္နက်ရိုက်၊ တိုင်ထူ၊အလုပ်လျှောက်ခြင်း၊ လူမှုရေးစကားပြောခြင်း၊
ရေကြောင်းခရီးသွားခြင်း၊ အစုရှယ်ယာဝင်ခြင်းတို့ကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် မတ်လ(၂၄)ရက် အဖြူ ရောင်ဝတ်ဆင်၍ ထီထိုးပါ။
ယခုနှစ် 2020.JUNE မှ စ၍အရာရာကိုသတိနှင့်ဆောင်ရွက်သင့်သည်။
ဝန်ထမ်းလောကသားများ အထက်နှင့်အောက်ဝန်ထမ်း ပုဂ္ဂလိက၊ အစိုးရ ဝန်ထမ်း နေရာဌာနနှင့် အဆင့်၊အကျ သူသာကိုယ်သာ မနာလိုအပြိုင်အဆိုင်ချောက်တွန်းမှုများ
အငြင်းအခုံအချေအတင်ပြောဆိုရခြင်း၊ မိမိနေရာစည်းစိမ်ဘုံဌာန လှုပ်ခပ်လာလိမ့်မည်။
နိုင်ငံပိုင် မြေရိုင်း၊ လယ်ယာ၊ခြံမြေ၊ ဥယျာဉ်ခြံလုပ်ကိုင်နေသူများနှင့် ပင်လယ်ပြင်ပိုင်နက် ရေလုပ်သားများ အငြင်းပွားမှုကြုံ ခြင်း၊ အချူပ်နှောင်အဖမ်းအဆီးနှင့် မိမိပိုင်ဆိုင်မှုများ
ဆုံးရှုံးမှုဖြစ်ပေါ်လာခြင်းကြုံတွေ့ရတတ်အံ့။အင်္ဂါသားသမီများတို့သည် ရေလမ်းခရီးသွားခြင်းရှောင်ကျဉ်ပေးပါ။
ကျောက်မျက်၊ရွှေငွေရတနာများ ယုံကြည်စွာမအပ်နှင့်တဆင့်ပေးခိုင်းခြင်းများရှောင်ကြဉ်ပါ။
ငွေကြေးကိစ္စစာချူပ်စာတမ်းများ၊ အာမခံလက်မှတ်ထိုးပေးခြင်းများရှောင်ကြဉ်ပါ။
ဖုန်းနှင့်ဥစ္စာဓနများကျပျောက်ခြင်းများရှိမည်။ဘွဲ့ထူး၊ဂုဏ်ထူးချီးမြှင့်မြှောက်စားမှုများရှိရမည်။
၂၀၂၀-ခုနှစ် ဧပြီလ(၁၄)ရက်
၁၃၈၁-ခု နှောင်းတန်ခူးလဆုတ်(၇)ရက် အင်္ဂါနေ့ယနေ့ ဘာသာရေးစာအုပ်များဒါနပြု ခြင်း၊ စတုဒီတာ
ကျွေးခြင်း၊ ဇီဝိတဒါနပြု ခြင်း၊ တံတားရေတွင်း၊ ရေကန်ရေစက်ချလှူဒါန်ခြင်း၊ ဆေးဝါးနှင့်ပရဆေးများလှူ ဒါန်းခြင်း၊ဖျော်ရည်လှူခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ စေတီပုထိုးများသန့်ရှင်းရေးလုပ်ခြင်း၊
အဝတ်အထည်လှူ ဒါန်းခြင်းတို့ကောင်း၏။(မဟာသင်္ကြန် ပထမ အကြတ်နေ့)
ထီထိုးရန်- ၂၀၂၀ခုနှစ် ဧပြီလ(၂၈)ရက် ရွှေအိုးရောင်ဝတ်ဆင်၍ ထီထိုးပါ။
ပညာရေး ပညာရေးတွင် အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့နိုင်ပြီး ပြည်ပပညာတော်သင်သွားရကိန်းရှိသလိုမိမိကိုယ်တိုင် ကြိုးစားလျှင် ပညာရေး၊ပြည်ပနိုင်ငံ မိမိရည်မှန်းချက် ဂုဏ်ဒြပ်ကျော်မည်။
မည်သည်အရာကိုမျှ စိတ်ပြောင်းကိုယ်ပြောင်းမဖြစ်ပေါ်ရန် ကာကွယ်ထိမ်းသိမ်းပါဟု အကြုံပြုပါသည်။
ပညာရေးတွင် မိမိကြိုစားမှုကြောင့် ရည်မှန်းချက်အောင်လာနိုင်သည်။ ပညာရေးတွင် ကံ၊ဉာဏ်၊ဝီရိယအကျိုးဖြင့်ထူးချွန်မည်။
သို့သော်နေရာအပြောင်းအရွှေ့များကြောင့်ပညာရေးနှောင့်နှေးတတ်သည်။
ပညာရေး မိမိတို့ ရပ်တည်လျက်ရှိနေသော စာပေပညာ၊ ဘာသာရပ်နှင့်သက်ဆိုင်ရာ အတန်းပညာရပ်ကိုဆက်လက်ကြိုးစား လုပ်ကိုင်ပါ။
၂၀၂၀-ခုနှစ် မေလ(၅)ရက်
၁၃၈၂-ခု ကဆုန်လဆန်း(၁၄)ရက် အင်္ဂါနေ့ယနေ့ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်၊
ညစက်(၁၀း၃၅)နာရီ မိနစ်အတွင်း ဝိဝါဟမင်္ဂလာပြုလုပ်ခြင်းကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် မေလ (၁၉၊၂၆)ရက် အဝါရောင်၊ပန်းနုရောင်ဝတ်ဆင်၍ ထီထိုးပါ။
အချစ်ရေးနှင့်အိမ်ထောင်ရေး...မမျှော်လင့်ဘဲ မထင်မှတ်သူနှင့် အိမ်ထောင်ကျကိန်းရှိသည်။
စစ်မှန်သော ဘဝလက်တွဲဖော် နှလုံးသားကိစ္စများကြုံတွေ့ရတတ်သည်။အပျော်ခရီးများသွားလာတတ်သည်။
အချစ်ရေးတွင်စန်းပွင့်နေလိမ့်မည်။အချစ်ရေးတွင် စန်းပွင့်သော်လည်း အိမ်ထောင်ရေး မင်္ဂလာ
ပြုဖို့ အလျင်အမြန် မဆုံးဖြတ်သင့်ပါ။ကာလအတန်ကြာဝေးကွာနေသာ မိတ်ဆွေ၊ ဆွေမျိုးရင်းခြာတို့နှင့် ငယ်ဟောင်း၊ ချစ်သူဟောင်းများ ပြန်လည်ဆုံစည်းရတတ်သည်။
အချစ်ရေး လူငယ်လူရွယ်များသည် မိမိဘဝခိုင်မြဲစွာရပ်တည်နိုင်ရေး အသက်မွေးဝမ်းကြောင်းပညာကိုကောင်းစွာ သင်ယူတတ်မြောက်ရေးအတွက် ဦးစားပေးလုပ်ကိုင်သင့်သည်။
အချစ်ရေးကို ဦးစားပေးသူများ ဘဝတစ်ခုလုံး နစ်မွန်းဆုံးရှုံးရတတ်သည်။
အိမ်ထောင်ရှင်များ မိသားစုနှင့်ခွဲခွာပြီး နေထိုင်ရတတ်သည်။အိမ်ထောင်ရေးတွင် သဘောထားကွဲလွဲမှုများ မကြာခဏ ကြုံတွေ့ရတတ်သည်။
၂၀၂၀-ခုနှစ် ဇူလိုင်လ(၇)ရက်
၁၃၈၂-ခု ပထမ ဝါဆိုလဆုတ်(၃)ရက် အင်္ဂါနေ့နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(၁ဝး၂၄)နာရီ မိနစ်လွန် ရှင်ပြု၊နားသ၊ စေ့စပ်၊လက်ထပ်၊ ကျောက်ဆစ်ထုခြင်း၊ ပန္နက်ရိုက်၊ တိုင်ထူ၊အိမ်ပြောင်း၊ အဝီစိတွင်းတူးခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ခရီသွားခြင်းတို့ကောင်း၏။
အဂါၤသားသမီးများ၏ အိမ်ထောင်ဘက် တနင်္ဂနွေ,တနင်္လာ,ရာဟု ထိုနေ့နံသားသမီးနှင့် ပြုထားသူနှင့် ချစ်သူ၊
အိမ်ထောင်ဘက်တွေကတော့ အထူးသတိထား၍ ကာမဂုဏ်စည်းစိမ် အလွန်အကျွံခံစားသူများ အထူးသတိပြုပါ။
နှစ်ဖက်မိဘဆွေမျိုးများ၏ကျန်းမာရေးကိစ္စရပ်များတွင်ကူညီပံ့ပို့ရခြင်းများကြုံ ရမည်။ညီအစ်ကိုမောင်နှမချင်းစကားများမည်။
အိမ်ထောင်ရှင်များပတ်ဝန်းကျင်သွေးထိုးမှုကြောင့်မိသားစုတွင်ပြသာနာဖြစ်တတ်သည်။အိမ်ထောင်ရှင်များ မိသားစုနှင့်ခွဲခွာပြီး နေထိုင်ရတတ်သည်။
၂၀၂၀-ခုနှစ် သြဂုတ်လ(၁၈)ရက်
၁၃၈၂-ခု ဒု-ဝါဆိုလဆုတ်(၁၅)ရက် အင်္ဂါနေ့ လကွယ်နေ့နတ်ပြည်ပြဿဒါးယနေ့ နံနက်(၁ဝး၃၀)နာရီ မိနစ်လွန် ရေတွင်းရေကန်တူးဖော်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ အသင်းဖွဲ့စည်းခြင်းတို့ကောင်း၏။
အသက်အားဖြင့် ၃နှစ်၊ ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၆နှစ်၊ ၆၃နှစ်၊ ထိုနှစ်တွေက
စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေး၊ ကျန်းမာရေး ကံဇာတာကောင်းမွန်ပါမည်။
လုပ်ငန်းအသစ်ပေါ်ခြင်း၊ လက်ရှိအလုပ်နှင့် ပတ်သက်၍အဆက်အသွယ်များပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့်ပတ်သက်၍ နာမည်ကောင်းရခြင်း၊လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။
ပြည်ပပညာရပ်လေ့လာနေသူများ ဤနှစ်တွင်လိုရာပန်းတိုင်သို့ဆွတ်ခူးနိုင်မည်။ ငွေကြေးကိစ္စရပ်များချေးငှါးခြင်း
ဆောင်ရွက်ရာတွင်အကျိုးအမြတ်ရရှိမည့်နှစ်ဖြစ်သည်။ဘိုးဘွားအမွေအနှစ်၊မိဘမောင်နှမဆွေမျိုးအမွေအနှစ်ရရှိခြင်းနှင့်အိမ်ယာ၊တိုက်ခန်း၊မြေယာ၊ခြံကွက်များရရှိတတ်သည်။အိမ်နေရာ၊ပြင်ဆင်မွမ်းမံရခြင်း၊ပြောင်းရွှေ့ခြင်းလုပ်ရတက်သည်။
အိမ်၊ ခြံ၊ မြေ တန်ဖိုးကြီးသည့်ပစ္စည်း ကားဝယ်မည်ဟုရည်ရွယ်လျှင် အောင်မြင်မည်။ မမျှော်လင့်ထားသော
စည်းစိမ်ဥစ္စာ ရရှိခံစားရမည်။ မိမိတို့၏ ဂုဏ်သတင်းများလည်း ကျော်ဇောမည်။
မိမိအလိုရှိရာကို ကြိုးဆွဲ၍ဖန်တီးခြင်းရယူပိုင်ဆိုင်နိုင်သည့်ဖြစ်ပြီးစီးပွားရေးလုပ်ငန်းများတွင် ယုံကြည်စိတ်ချစွာ
ရင်းနှီး မ တည်မှု ရဲ့ရဲ့ဝံ့ဝံ ပြုလုပ်ပါ။ဒါပေမယ့် ခိုင်မာတိကျတဲ့လုပ်ငန်း၊ ဥပဒေနှင့်ညီညွတ်စွာ
လုပ်ကိုင်ဖို့တော့ လိုအပ်ပေပြီး ကြိုးစားလုပ်ကိုင်ပါအောင်မြင်မှုရပါလိမ့်မည်။
၂၀၂၀-ခုနှစ် စက်တင်ဘာလ(၁)ရက်
၁၃၈၂-ခု ဝါခေါင်လဆန်း(၁၄)ရက် အင်္ဂါနေ့ယနေ့ နံနက်(၁ဝး၂ဝ)နာရီလွန် အဓိဌာန်ဝင်ခြင်း၊
ရေတွင်းတူး၊ အဝီစိတွင်းတူး၊ ရှင်ပြု လှေကားတင်၊ ထီထိုး၊ဆေးဖော်၊ ဆေးခန့်ဖွင့်ခြင်းတို့ကောင်း၏။
ထီထိုးရန်-၂၀၂၀ခုနှစ် စက်တင်ဘာလ(၁)ရက် လိမ္မော်ရောင်ဝတ်ဆင်၍ ထီထိုးပါ။
အသက်အားဖြင့် ၈နှစ်၊ ၁၆နှစ်၊ ၂၄နှစ်၊ ၃၂နှစ်၊ ၄၀နှစ်၊ ၄၈နှစ်၊ ၅၆နှစ်၊ ၆၄နှစ်၊ ၇၂နှစ်၊ ၈၀နှစ် သတိထားရမည်။
ထိုနှစ်တွေကစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေး၊ ကျန်းမာရေး ကံဇာတာညံ့ပါမည်။လုပ်ငန်းခွင်တွင်ပြိုင်ဘက်များ၏အနှောက်အယှက်ကြောင့်
စီးပွားရေးထိခိုက်တတ်သည်။ရေလမ်းခရီးသွားခြင်းရှောင်ကြျဉ်ပေးပါ။
ငွေကြေးကိစ္စရင်းနှီးသောသူများနှင့် မိမိအကြားအယူအဆသဘောထားမကိုက်ညီမှုများကြုံတွေ့ရမည်။ လုပ်ငန်းခွင်၌မိမိခန့်အပ်ထားသော ဝန်ထမ်းများနှင့်ဆက်ဆံရာတွင် ပြသာနာများပေါ်ပေါက်လာတတ်အံ့။
နှစ်ဖက်မိဘဆွေမျိုးများ၏ကျန်းမာရေးကိစ္စရပ်များတွင်ကူညီပံ့ပို့ရခြင်းများကြုံရမည်။ ကျောက်နှင့်ပတ်သက်ပြီး
စကားပြောအငြင်းအခုံပြုရသလိုမိမိကိုလိမ်လည်လှည့်စားရှောင်ပြေးခြင်းကြုံတွေ့ရမည်။
ပညာရေးပျိူ ရွယ်သူများနှင့် လူငယ်လူရွယ်များ အပျော်အပါးလိုက်စားခြင်းများကြောင့် မိမိဘဝဆုံးရှုံးမှုများကြုံတွေ့ရတတ်သည်။
၂၀၂၀-ခုနှစ် နိုဝင်ဘာလ(၃)ရက်
၁၃၈၂-ခု သီတင်းကျွတ်လဆုတ်(၃)ရက် အင်္ဂါနေ့ရက်ရာဇာယနေ့ နံနက်(၈)နာရီအတွင်း ဘုရားတည်၊ ရှင်ပြု၊နားသ၊စေ့စပ်၊ လက်ထက်၊ ပန္နက်ရိုက်၊
တိုင်ထူ၊ ကျောက်သွေးလောင်း၊ နာမည်မှည့်၊ ငွေကြေးချေးငှားခြင်း၊ ခွဲစိတ်ကုသခံယူခြင်း၊ ထီးထိုး၊ ရေနံစူးစမ်းရှာဖွေ့ခြင်း၊ စပ်တူအစုရှယ်ယာဝင်ခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း တို့ကောင်း၏။
၂၀၂၀-ခုနှစ် နိုဝင်ဘာလ(၁၇)ရက်
၁၃၈၂-ခု တန်ဆောင်မုန်းလဆန်း(၃)ရက် အင်္ဂါနေ့နတ်ပြည်ပြဿဒါးယနေ့ နံနက်(၈း၇)နာရီလွန် အဓိဌာန်ဝင်ခြင်း၊ ရှင်ပြု နားသ၊ လက်ထက် စေ့စပ်၊ ပန္နက်ရိုက်၊ တိုင်ထူ၊ ရတနာစူးစမ်းရှာဖွေခြင်းတို့ကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၃,၁၀)ရက် ပန်းရောင်၊နံ့သာရောင် ဝတ်ဆင်၍ ထီထိုးပါ။
ကျန်းမာရေးတွင် လေဖြတ်ရောဂါနှင့်အနာရောဂါ၊အူလမ်းကြောင်းရောဂါ၊ အင်္ဂါဇာတ်အစရှိသောရောဂါဝေဒနာများ ခံစားရတတ်သည်။
ကြိုတင်၍ ကျန်းမာရေးလိုက်စားသင့် အထူးသဖြင့် ယောဂကျင့်စဉ်များ ပြုလုပ်ရန်သင့်တော်သည်။ယုံကြည်ရာဘာသာတရားအတိုင်းအပတ်စဉ်၊လစဉ်၊ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်ပြု လုပ်ပါ။
၂၀၂၀-ခုနှစ် ဒီဇင်ဘာလ(၈)ရက်
၁၃၈၂-ခု တန်ဆောင်မုန်းလဆုတ်(၉)ရက် အင်္ဂါနေ့နတ်ပြည်ပြဿ ဒါးယနေ့ နေလယ်(၁၁း၄၈)နာရီလွန် ပန္နက်ရိုက်၊ တိုင်ထူ၊ကျောက်သွေးလောင်း၊ သတ္တုစူးစမ်းရှာဖွေ့ခြင်း၊ အလုပ်လျှောက်ခြင်း၊ ဘာသာရေးစကားဆွေးနွေခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်
၁၃၈၂-ခု နတ်တော်လဆန်း(၁၅)ရက် အင်္ဂါနေ့လပြည့်နေ့ယနေ့ နံနက်(၉း၁၅)နာရီလွန် အဓိဌာန်ဝင်ခြင်း၊ သိဒ္ဓိတင်၊စေတီပုထိုးပြုပြင်ခြင်း၊
တံတားဆည်မြောင်းပြုပြင်ခြင်း၊ ဧည့်ခံပွဲစတင်ခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ အစုရှယ်ယာဝင်၊ ခရီးသွားလာခြင်း၊ လူမှုရေးနှင့်ဘာသာရေးစကားပြောခြင်းကောင်း၏။
အထူးသဖြင့် ဤနှစ် အင်္ဂါသားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ ""တနလာၤ,ကြာသပတေး"
ထိုနေ့နံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။
စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်းများ လုပ်ငန်းခွင်တွင် တတ်နိုင်သမျှရှောင်ကြဉ်ရမည်။
မည်သည့်အရာကိုမျှ စိတ်ပြောင်းကိုယ်ပြောင်း မဖြစ်ပေါ်ရန် ကာကွယ်ထိမ်းသိမ်းပါဟု အကြုံပြုပါသည်။
ဆောင်ရွက်စရာကိစ္စ ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက်ဘုရားတွင်
*ပဋ္ဌာန်းပစ္စယနိဒ္ဓေသ*ရွတ်ဆိုပြီးခရီးသွားလာခြင်းအပြာနုရောင်၊ကြေးနီရောင်၊အဖြူ ရောင်အဝတ်အထည်များ
ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောက်အဖြစ်အသုံးပြု နိုင်သည်။
စိုးမိုးသောအက္ခရာနှင့်ဂဏန်းများမှာ(ရ၊လ၊ဝ၊မ)၊(၃၊၇၊ဝ၊၅)။
ဆောင်ရန်- နီရဲသောသန္တာ ကျောက်မျက်ရတနာ
အကျိုးပေးအရောင်- အပြာနုရောင်၊ကြေးနီရောင်၊အဖြူရောင်
ယတြာ - မိမိမွေးနေ့တွင် မြေဇာညွန့်၊ ကံကော်ညွန့်၊ နှင်းဆီပန်းတို့ကို ပေါင်းပြီး ရွှေပန်းအိုးဖြင့် တန်ခိုးကြီးဘုရားတွင်ပူဇော်ပေးပါ။ *ပဋ္ဌာန်းပစ္စယနိဒ္ဓေသ* ရွတ်ပွားပြီး လိုရာဆုတောင်းပါ။
တန်ခိုးကြီးဘုရားမှာ မွေးနေ့ နံနက်(၉း၅၄)အချိန် တနင်္ဂနွေနံဘုရားတွင်ပန်းရောင်ဝတ်ဆင်ပြီး အုန်းညွန့်(၇)ညွန့်
ကပ်လှူပါ။ဆေးဝါးနှင့်ပရဆေးများလှူဒါန်ခြင်း၊စေတီပုထိုးများသန့်ရှင်းရေးလုပ်ခြင်း၊ဘာသာရေးစာအုပ်များဒါနပြု ခြင်း၊ စတုဒိတာကျွေးခြင်းအဝတ်အထည်လှူဒါန်းခြင်းတို့ ပြုလုပ်ပါ။
ဆရာမင်းသူရ ဗေဒင်ယတြာ Ph:09751089826
Car,Truck Rental (669) ခုကို သိရှိလိုပါက နှိပ်ပါ
Zawgyi ဖြင့်ဖတ်ရန်...
၂၀၂၀-ခုနှစ် မတ်လ(၃)ရက်
၂၀၂၀-ခုနှစ် မေလ(၅)ရက်
အဂါင်္သားသမီးများ၏ အိမ်ထောင်ဘက် တနင်္ဂနွေ,တနင်္လာ,ရာဟု ထိုနေ့နံသားသမီးနှင့် ပြုထားသူနှင့် ချစ်သူ၊
ပညာရေးပျို ရွယ်သူများနှင့် လူငယ်လူရွယ်များ အပျော်အပါးလိုက်စားခြင်းများကြောင့် မိမိဘဝဆုံးရှုံးမှုများကြုံတွေ့ရတတ်သည်။
အထူးသဖြင့် ဤနှစ် အင်္ဂါသားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ ""တနလာင်္,ကြာသပတေး"
Myanmar Wedding Guide
jjjj
Read times
Rate this item
(1 Vote)
Tagged under