တကယ်ချစ်လို့ဖြစ်ပေါ်လာတဲ့ခံစားချက်များ

တကယ်ချစ်လို့ဖြစ်ပေါ်လာတဲ့ခံစားချက်များ google.com

ကိုယ်ချစ်နေတဲ့ ချစ်သူကို မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်မိခြင်း

 

ဘယ်ကဖုန်းပဲဖြစ်ဖြစ် ဖုန်းသံကြားတိုင်း၊ မက်ဆေ့တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမန်းကတမ်း ဖွင့်ကြည့်တတ်ပါတယ်။ ကိုယ်တစ်ကယ်ချစ်တဲ့သူဆီက ဖုန်း မဟုတ်ဘူးဆိုရင်တော့ ၀မ်းနည်းတတ်ခြင်း

 

ကိုယ်ချစ်နေတဲ့သူနဲ့ စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာ ဆို့နစ်နေတတ်ခြင်း

 

ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြုံကြုံ၊ ဘယ်လို အခက်အခဲတွေပဲ ရှိရှိ၊ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများတော့ စိတ်သက်သာရာ ရသွားခြင်း

 

တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း၊ သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း၊ သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်ခြင်း

 

ပိတ်ရက်များတွင်လည်း သူ့ဆီက ဖုန်း၊ မက်ဆေ့တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်ခြင်း

 

သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့ အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်သလို ထိုင်မရ ထမရ ဖြစ်နေတတ်ခြင်း

 

သူနဲ့မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်းတွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ဖူးခြင်း

 

ကိုယ်ချစ်ရတဲ့ချစ်သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး၊ သူအချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်ခြင်း

 

သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့ အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က ကြာကြာစိတ်မဆိုးနိုင်ဘဲ အလိုလိုညွတ်သွားခြင်း

 

ကိုယ်ချစ်ရတဲ့ချစ်သူက တခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုတတ်ခြင်း

 

ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ဘူးဆိုရင် နေမထိ ထိုင်မသာ အိပ်မပျော်တဲ့အထိ ဖြစ်လာတတ်ခြင်း

 

ယခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေမယ်ဆိုရင်တော့ သေချာပါပြီ သင်သူ့ကို တကယ်ချစ်သွားပြီလို့ယူဆနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:22
Rate this item
(3 votes)