ယောက်ျားတွေ ကိုယ့်ကို တမ်းတမ်းစွဲဖြစ်စေမယ့် လျှို့ဝှက်နည်းလမ်း ၅သွယ်

ယောက်ျားတွေ ကိုယ့်ကို တမ်းတမ်းစွဲဖြစ်စေမယ့် လျှို့ဝှက်နည်းလမ်း ၅သွယ် google.com

သင်ဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သင့်ချစ်သူ၊ ခင်ပွန်း သို့မဟုတ် ယောက်ျားတစ်ယောက်၏ တန်းတန်းစွဲ ချစ်ခင်မြတ်နိုးမှုကို လိုချင်တယ်ဆိုရင်တော့ ဒီပို့စ်ဟာ ကျော်မသွားသင့်တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို နှစ်သက်သဘောကျတဲ့ပုံစံနဲ့ ယောကျာ်းဘက်က မိန်းမတစ်ယောက်ကို မြတ်နိုးသဘောကျတဲ့ပုံစံကလည်း မတူညီပါဘူး။ အားလုံးထင်ထားကြသလို ချောမောလှပတဲ့ မိန်းမလှတွေကို ယောက်ျားတွသဘောကျတယ်ဆိုတာ မှန်ပါတယ်။ သို့သော် ထိုရုပ်အဆင်းသာလှပြီး ကျန်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ၊ကိုယ်ကျင့်တရား ၊ အမူအကျင့်တွေမှာ အရုပ်ဆိုးအကျည်းတန်နေမယ်ဆိုရင်တော့ သင့်ရဲ့အလှက ထိုအမျိုးသားအတွက် ခဏတာဖျော်ဖြေစရာပဲ ဖြစ်ပါလိမ့်မယ်။ ဘဝတစ်ခုလုံးကို ရင်းပြီး ပုံအောချစ်နိုင်မှာမဟုတ်ပါဘူး။ဒီတော့ သင့်အနေနဲ့ ယောက်ျားတစ်ဦးရဲ့ ချစ်ခင်သက်ဝင်မှု ၊ လေးစားတန်ဖိုးထားမှုတွေ လိုချင်တယ်ဆိုရင်တော့ အောက်ပါ နည်းလမ်း ၅ ခုကို ယုံကြည်လုပ်ဆောင်ရပါမယ်။

 

 

၁။ မိမိကိုယ်ကိုယုံကြည်မှုရှိပါစေ

 

ပထမဦးစွာ အရေးကြီးဆုံးအချက်ကတော့ မိမိကိုယ်ကိုယုံကြည်မှုရှိပါ။ မိမိကိုယ်ကိုလွတ်လပ်မှုပေးပါ။ ကိုယ့်ရဲ့မူရင်းအသွင်အပြင်ကို ဖုံးကွယ်ထားတဲ့ အချို့သောအရာတွေကို အဝေးလွှင့်ပစ်ပြီး ကိုယ့်ရဲ့ အမှန်တကယ် ပုံစံကို သူ့ကိုပြသပါ။ သူဟာ သင့်ရဲ့နဂိုမူရင်းပုံစံကို ပိုပြီးလက်ခံသဘောကျပါလိ့မ်မယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အဝရှိတဲ့ မိန်းမလောက် ယောက်ျားတွေအတွက် ဆွဲဆောင်မှုရှိတာ မရှိတော့ပါဘူး။

 

 

၂။ကိုယ့်ကိုကိုယ်အမြဲတမ်းလေးစားပါ

 

ရှင်းရှင်းလေးပါ။ မိမိကိုယ်ကိုမှ မလေးစားရင် အခြားသူတွေရဲ့ လေးစားမှုကို မျှော်လင့်မနေပါနဲ့။ အထူးသဖြင့် ယောက်ျားတစ်ယောက်ရဲ့ လေးစားတန်ဖိုးထားမှုကိုပေါ့။ မိမိရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သတ်ပြီး ဘယ်တော့မှ roll မကျပါစေနှင့် ။ ကိုယ့်ကိုကိုယ်လေးစားတန်ဖိုးထားပါ။ ထိုသို့သောမိန်းကလေးကို ယောက်ျားတွေ အထင်ကြီး လေးစားကြပါတယ်။

 

 

၃။လက်ခံတတ်ပါစေ

 

ဘဝမှာ အကောင်းတွေကိုချည်းမျှော်လင့်ထားလို့မရပါဘူး။ မမျှော်လင့်ထားတဲ့ အဆိုးတွေ၊ မလိုချင်တဲ့အဖြစ်အပျက်တွေ ကြုံလာခဲ့ရင်လည်း ကြံ့ကြံ့ခံ ရင်ဆိုင်လက်ခံရဲရပါမယ်။ တစ်နည်းအားဖြင့် အကောင်းမြင်စိတ် ရှိတာမျိုးပေါ့။ ဒါဟာ အမျိုးသားတစ်ယောက် နှစ်သက်သဘောကျစေတဲ့ အချက်ထဲက တစ်ခုအပါအဝင်ပါပဲ။

 

 

၎။တစ်ယောက်တည်းလည်းရပ်တည်နိုင်ပါစေ

 

အမျိုးသားတွေဟာ လွတ်လပ်တဲ့အမျိုးသမီးတွေကို သဘောကျလေ့ရှိပါတယ်။ အရာရာတိုင်းမှာ မှီခိုစောင့်မျှော်နေတတ်တဲ့သူထက် ကိုယ်တိုင်လည်း လွတ်လပ်စွာ ရပ်တည်သွားလာနေတတ်တဲ့ သူမျိုးတွေကို သဘောကျပါတယ်။ သူ့ဆီကပေးလာမယ့် ပျော်ရွှင်မှုကို စောင့်မျှော်နေမှာထက် ကိုယ်တိုင် ပျော်ရွှင်နေတတ်တဲ့မိန်းကလေးတွေက သူတို့အတွက် ပိုပြီး သဘောကျစရာကောင်းပါတယ်။

 

 

၅။စိတ်ခံစားမှုတွေကိုနားလည်ပေးပါ

 

ယောက်ျားတွေ အတော်များများ သူတို့ချစ်သူဆီက လိုချင်တောင့်တတဲ့အရာထဲမှာ နားလည်မှုက ထိပ်ဆုံးက ပါဝင်ပါတယ်။ သူတို့၏ စိတ်ခံစားချက်ကို သေချာနားလည်မှုပေးနိုင်တဲ့သူမျိုးကို လက်လွှတ်လေ့ မရှိကြပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ကိုယ့်ချစ်သူကောင်လေးရဲ့ အရိပ်အခြည် ၊ စိတ်ခံစားချက်ကို ကောင်းစွာသိမြင်ပြီး လိုအပ်သလောက် အလိုက်အထိုက် နားလည်မှုလေးတွေ ပေးတတ်ဖို့ ကြိုးစားသင့်ပါတယ်။

ဒီအကြောင်းအရာတွေဟာ အမျိုးသားတွေ မိမိကို သဘောကျနှစ်သက်စေမယ့် အချက်တွေဟုဆိုသော်ငြားလည်း လက်တွေ့ဘဝမှာ ကိုယ်ကိုတိုင်အတွက် အမှန်တကယ် အကျိုးရလဒ် ကောင်းမွန်စေတဲ့ အချက်တွေဖြစ်ပါတယ်။ မိန်းကလေးတိုင်း ဒီလို အကျင့်စရိုက်လေးတွေကို အခြားသူအတွကမဟုတ်တောင် မိမိကိုယ်တိုင်အတွက် မွေးမြူထားသင့်ပါတယ်။

 

Credit;Shweinnlay

Read times Last modified on Wednesday, 19 September 2018 09:56
Rate this item
(2 votes)