ငုံထားမတက်ချစ်တဲ့ ကောင်းမလေးတွေဆိုတာ ဒီလိုမျိုးပါ

ငုံထားမတက်ချစ်တဲ့ ကောင်းမလေးတွေဆိုတာ ဒီလိုမျိုးပါ google

မိန်းကလေးတွေဟာ ချစ်သူကို ချစ်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ပုံချင်းမတူကြပါဘူး။ တစ်ချို့ကလည်း အေးအေးဆေးဆေးသာသာယာယာလေး ချစ်တတ်ကြသလို၊

တစ်ချို့ကလည်း နည်းနည်းကြမ်းပါတယ်။ ဒါပေမယ့် ဘယ်လိုမိန်းကလေးမျိုးက ပိုချစ်တာလဲဆိုရင် အတူတူပါပဲ။ ခုဖော်ပြပေးမှာကတော့ ချစ်သူကို ငုံထားမတတ်ချစ်တဲ့ မိန်းကလေးတွ လုပ်လေ့ရှိတဲ့ အပြုအမူလေးတွေပဲဖြစ်ပါတယ်။ တကယ်လို့သင့်ချစ်သူနဲ့ တူနေရင်တော့ သင့်ကို ငုံထားမတတ်ချစ်တယ်ဆိုတာကို သိထားလိုက်ပါနော်။

ကိုက်တယ်

သင့်ချစ်သူက သင့်ကိုဘာမပြောညာမပြောနဲ့ ကိုက်တာတွေ၊ ကုတ်တာတွေ လုပ်ဖူးပါသလား။ ဒါဆိုရင်တော့သင့်ကို သူငုံထားမတတ်အရမ်းချစ်လို့ပါ။ သင်ရဲ့ ပြုမူနေထိုင်ပုံ၊ စကားပြောပုံကအစ သူ့မျက်လုံးထဲမှာ ချစ်စရာအရမ်းကောင်းပြီး အသည်းယားလွန်းလို့ ဘာလုပ်ရမှန်းမသိတဲ့အဆုံး ဒီလိုလုပ်လိုက်တာဖြစ်ပါတယ်။

 

တစ်ချိန်လုံးသင့်အနားကမခွာဘူး

မိန်းကလေးတွေဟာ ချစ်သူနဲ့တွေ့တဲ့အခါ အနားကနေ တစ်ဖဝါးမှတောင်မခွာပဲ တစ်ချိန်လုံး ချစ်သူအနားမှာ နေချင်သူတွေပါ။ ချစ်သူရဲ့လက်ကိုကိုင်ထားတာ၊ ပုခုံးကိုမှီထားတာ၊ ရင်ခွင်ထဲခေါင်းအပ်ပြီး တစ်ချိန်လုံး ချွဲနေတယ်ဆိုရင်တော့ သင့်ကိုငုံထားမတတ်ချစ်လို့ပါ။ သင့်ရဲ့ ကိုယ်ငွေ့လေးကတောင် သူ့အတွက် ချစ်စရာကောင်းနေပါတယ်။

 

 မိခင်စိတ်တွေတွေ့ရတယ်

 

မိန်းကလေးတွေဟာ ချစ်သူအတွက်ဆိုရင် ဘာမဆိုလုပ်ပေးချင်တဲ့သူတွေပါ။ မိန်းကလေးတစ်ယောက်က ချစ်သူကို အရမ်းချစ်တဲ့အခါမှာ မိခင်စိတ်အလိုလို ဝင်လာပါတယ်။ ထမင်းဟင်း ကိုယ်တိုင်ချက်ကျွေးတာ၊ ထမင်းဘူးထည့်ပေးတာ၊ သိုးမွှေးထိုးပေးတာလိုမျိုးလေးတွေ လုပ်ပေးတတ်တယ်ဆိုရင်တော့ သင့်ကိုငုံထားမတတ်ချစ်လို့ဆိုတာ သိထားလိုက်ပါ။ သူ့အတွက်သူတောင် အဲလောက်အပင်ပန်းမခံဘူးဆိုတာ သင်သိထားဖို့လိုပါတယ်။

 

ကလေးတစ်ယောက်လိုသင့်ကိုသဘောထားတယ်

မိန်းကလေးတွေဟာ ချွဲတယ်၊ ဆိုးတယ်ဆိုတာ ဟုတ်ပေမယ့် တစ်ခါတလေကျပြန်တော့လည်း လူကြီးလေးတစ်ယောက်လိုပဲ ချစ်သူကို ဆုံးမတတ်ကြပါတယ်။ ကျန်းမာရေးဂရုစိုက်ဖို့၊ အစားပုံမှန်စားဖို့၊ နေမကောင်းရင် ဆေးသောက်ဖို့ကအစ အရာရာကို တဖွဖွ မှာကြားနေတတ်သူဆိုရင်တော့ သင့်ကို ငုံထားမတတ်ချစ်တဲ့သူဆိုတာ သိလိုက်ပါ။

 

သင့်အနားမှာရှိရင်ပျော်နေတယ်

 

လူဆိုတာ ဟန်ေ်ဆာင်တတ်တဲ့ သတ္တဝါဆိုပေမယ့် မျက်လုံးကတော့ ဘယ်တော့မှ လိမ်မပြောပါဘူး။ မိန်းကလေးတစ်ယောက် သင့်အနားမှာနေရတာ တကယ်ပျော်နေလား၊ မပျော်လားဆိုတာ မျက်လုံးမှာပေါ်လွင်နေမှာပါ။ သင့်အနားမှာ ရှိနေရရင် တစ်ချိန်လုံးပြုံးရယ်ပြီး ပျော်ရွှင်နေတဲ့သူ၊ သင်နဲ့အိမ်ပြန်ချိန်ခဏလေးခွဲရတာတောင် မခွဲနိုင်မခွာရက် ဖြစ်နေတဲ့သူဆိုတာ သင့်ကို ငုံထားမတတ်ချစ်တဲ့သူမို့လို့ပါ။

 
 
Read times Last modified on Tuesday, 04 June 2019 14:26
Rate this item
(1 Vote)
Tagged under