ကြာသပတေးသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း(၁) နှစ်စာ ဗေဒင် ဟောစာတမ်း
ကြာသပတေးသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း(၁) နှစ်စာ ဗေဒင် ဟောစာတမ်း google
ဒီနှစ်ထဲမှာ ပြောင်းလဲခြင်းတွေနဲ့ ကြုံတွေ့ရပါမယ်။ကောင်းသောပြောင်းလဲခြင်းများ ဖြစ်ပါတယ်။
အလုပ်နေရာ အိမ်နေရာများလည်း များလည်း ပြောင်းရွေ့ရပါမယ်။နေရာဟောင်းကနေ နေရာအသစ် ဒေသသစ်များပြောင်းခြင်းများလည်း ဖြစ်တတ်ပါတယ်။
အနုပညာ ရှင်များကတော့ ကံကောင်းခြင်းအောင်မြင်တိုးတက်ပြောင်းလဲခြင်းများ ဖြစ်ပါမယ်။အဆက်အသွယ်အကူအညီကောင်းတွေလည်းရပါမယ်။
ပြိုင်ပွဲ တွေဝင်ရောက်ယှဉ်ပြိုင်ပါကလည်း အောင်မြင် မူများရရှိပေလိမ့်မည်။
အနုပညာခရီးလမ်း စန်းပွင့်သောနှစ်ဖြစ်တာကြောင့် အချိန်မဖြုန်းမိပါစေနဲ့။မိမိရည်ရွယ်ချက်၊ရည်မှန်းချက်တွေ အောင်မြင်မယ့်နှစ်လိုဆိုရမှာပါပဲ။
ကြိုးစားလာခဲ့သမျှ ဒီနှစ်မှပဲ အကျိုးထူးတွေခံစားရတော့မှာ
ဝင်ငွေလည်းကောင်း နာမည်ဂုဏ်သတင်း လည်းကျော်ကြားလာမယ်။အများချစ်ခင် လေးစားမူတွေလည်းရလာပါမယ်။မထင်ထားတဲ့အောင်မြင်မူတွေရရှိမယ့်နှစ်ဖြစ်ပါတယ်။
အလုပ်နှစ်မျိုး ဝင်ငွေနှစ်မျိုး ခံစားရပါမယ်။ဝန်ထမ်းများဖြစ်ပါက နေရာပြောင်းရွှေ့ရပါမယ်။ဒီထက် ပိုမိုကောင်းမွန်
တဲ့နေရာ ဖြစ်ပါမယ်။ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင် သူများကတော့ အရောင်းအဝယ်များကောင်းမွန်မယ် ။ဆိုင်ခွဲတွေလည်း ဖွင့်ဖြစ်လိမ့်မယ်။ရတနာဆိုင်ဖြင့် လုပ်ကိုင် နေသူများ အကျိုးများစွာရပါမယ်။
စီးပွားတိုးတတ်အောင်မြင်မူများစွာ ရရှိပါမယ်။ဆိုင်သစ်များဆိုင်ခွဲတွေလည်း ဖွင့်ဖြစ်လိမ့်မယ်။
အထည်အလိပ်အဝတ်အစား ရောင်းချလုပ်ကိုင်နေသူများဒီနှစ်ထဲအောင်မြင်မူတွေက အံ့သြစရာျကာင်းလောက်
အောင်အကျိုးပေးပါလိမ့်မယ်။ဒီလိုနှစ်ထဲက ကံကောင်း ခြင်းများ စွာရရှိပေလိမ့်မည်။
စီးပွားရေးလုပ်ငန်းအသစ်လုပ်ချင်စိတ်ပေါ်လာပါလိမ့်မယ်။ချက်ချင်းထလုပ်ပါ။အောင်မြင်မှုတံခါးဝရောက်နေပါပြီ။
အချိန်တွေက မိမိဘဝကို ပိုမိုအကျိုးထူးစေတာမို့ အလဟသအချိန် ပြုန်းတီး ခြင်းများကိုတော့ သတိထားပါ။
ပြီးခဲ့တဲ့ အတိတ်က အဆိုးအညံ့ ဆုံးရူံးမှုတွေကို ဒီနှစ်ထဲမှာ ပြန်လည်ရယူလိုက်စမ်းပါလေ။
လက်ရှိအိမ်နေရာတွေ ရောင်းချပြီး နေရာသစ်များလည်းပြောင်းရွှေရခြင်း ကြုံတွေ့ရပါလိမ့်မည်။
ဒီ ၂၀၂၀ ခုနှစ် ထဲမှာ အိမ်ပိုင် ကားပိုင် မရရှိဘူးသေးသောသူများ အမြန်ဆုံးပိုင်ဆိုင်ရလိမ့်မည်။
မိမိတို့ မိသားစု အလှူအတန်းများလည်း ပြုလုပ်ရပါမည်။ရှင်ပြုရဟန်းခံ အလှူပွဲ မင်္ဂလာများ မုချပြုလုပ်ရပါမည်။
ဒီလို နိမိတ်မျိုးပေါ်ရင်တော့ ထီထိုးပါ ထီဆုကြီး လည်းပေါက်တတ်ပါတယ်။
ဆွေမျိုး မိသားစုများနဲ့တော့ စိတ်ဝမ်းကွဲစရာများလည်းကြုံတွေ့ရပါလိမ့်မည်။
အိမ်ရှိ စက်ပစ္စည်းများ ပျက်ခြင်း ပျောက်ခြင်း များဖြစ်တတ်ပါတယ်။အိမ်ရှိစက်အဟောင်းများလည်း အမြန်ဆုံးစွန့်ပစ်ပါ။စက်ပျက်များရှိရင် လာဘ်ပိတ်တတ်ပါတယ်။
ဒီလိုနှစ်ထဲက စိတ်ရူပ်စရာ စိတ်ပင်ပန်းခြင်းတော့ ကြုံတွေ့ရမည်။အကြောင်းကိစ္စ ဘာမဟုက်တာနဲ့ စိတ်တွေလည်းရူပ်ထွေးနေတတ်ပါတယ်။
အိမ်ထောင်ရှင်များ သားသမီး ရတနာများရတတ်ပါတယ်။ထိုကလေးက ရတနာထုပ် ငွေထုပ်နဲ့ လာတဲ့ကလေးလို့ပြောရပါမယ်။
အရမ်းအကျိုးပေးမယ့်ကလေးဖြစ်တာကြောင့်ကလေးကိုဂရုစိုက်ပေးပါ။ကလေးမွေးဖွားပြီးရင်တော့အံ့သြလောက်အောင် အလုပ်အကိုင် အောင်မြင်မှု ရပါမယ်။
စီးပွားရေးလည်း အရမ်းတိုးတက်လာပါမယ်။ဆွေမျိုး ပတ်ဝန်းကျင် မှာ ကလေးမွေးဖွားတဲ့ သတင်းကြား
တာနဲ့ ထီထိုးပါ။ထီဆုကြီး ပေါက်ပါမည်။ထိုကလေးကိုလည်း လက်ဆောင် ပစ္စည်း များသွားရောက်
ပေးပါ။မိသားစုနဲ့လည်း ပျော်ပွဲ ရွှင်ပွဲ ပွဲလန်းသဘင်များ နဲ့ရုပ်ရှင်များ သွားရောက်ကြည့်ရူပါ။
အလုပ်မှာ အထက်အရာရှိ အောက်လက်ငယ်သားများနဲ့တော့ အဆင်မပြေဖြစ်တတ်ပါတယ်။
အပြိုင်အဆိုင်ရန်အနှောက်အယှက်တော့များနေလိမ့်မယ်။ဒါကိုတော့သတိရှိပါ။
အများသူငါ မြှောက်စားမူဖြင့်မမျှောင်လင့်ပဲ နေရာကောင်းများလည်း ရရှိပါမယ်။
အစာမှား ဆေးမှား ဖြစ်တတ်ပါတယ်။
မကောင်းသော အတတ်ပညာများနဲ့ အပြုစားခံရတတ်ပါတယ်။
နတ်ရိုးရာများ နှောက်ယှက်ခြင်း၊စုန်းပြုစားခြင်းများလည်းခံရတတ်ပါတယ်
ငယ်ရွယ်သူများ အချစ်ရေး ကံကောင်းပါမယ်စန်းပွင့်ချက်က တော့ သူငယ်ချင်း များကတောင် မနာလို
ဖြစ်တတ်ပါတယ်။
စေ့စပ်ပွဲ မင်္ဂလာပွဲ လက်ထပ်ထိမ်းမြား မင်္ဂလာပြုရတတ်ပါတယ်။
ဆွေမျိုး အသိုင်းအဝိုင်းများကြောင့် ချစ်သူနှစ်ဦး အခက်တွေ့ရတတ်ပါတယ်။နယ်မြေလုခြင်းများကြောင့် မင်္ဂလာပွဲရက်ရွှေ့ရခြင်း၊ပျက်ခြင်းများ သတိထားပါ။
(ချစ်သူဘဝ ကာမကျုးလွန်းခြင်း) များ ရှောင်ရှားပါ။ထိုသို့ ပြုမူမိပါက လွန်စွာ ဒုက္ခရောက်တတ်သည်။
အိမ်ထောင်ရှင်များလည်း စန်းပွင့်တတ်ပါတယ် (ရှောင်ရှားပါလေ) အိမ်ထောင်ရှိတာ သိသိကြီးနဲ့တောင် မိမိကိုမြတ်နိုးသူများ ချစ်ခင်စုံမက်သူများ တွေ့ရတတ်ပါတယ်။
(မကျုးလွန် အပျော်မမက်လိုက်ပါနဲ့)ဒုက္ခကသင့်ကိုကောင်းကောင်းကြီးဒဏ်ခတ်လိမ့်မည်။သင့်အတွက်နဲ့မိသားစု
ဆွေမျိုးများ အရှက်တကွဲ ဖြစ်တတ်ပါတယ် အိမ်ထောင်ပျက်တာမျိုး အလုပ်အကိုင် ပျက်စီးခြင်း စီးပွားရေး ပျက်စီးခြင်းများစွာ ခံစားရပေလိမ့်မည်။
အခုနှစ် ထဲမှာ ရုတ်တရက် ကြီးပွားချမ်းသာခြင်းများပိုင်ဆိုင်လာပါမည်
ကိုရင်လေးများကို ငွေ ၂ ဂဏန်း ၄ ဂဏန်း နဲ့(COCACOLA) အအေးဗူး လူုပြီး လိုရာဆုတောင်းပါ။
ပတ်ဝန်းကျင် ကလေးငယ် များကို (ချောကလက်) ကျွေးခြင်းလက်ဆောင်ပေးခြင်းများ အကုသိုလ်လုပ်ပါ။
ဆုံးရူံး ပြီထင်ထားတဲ့ အလုပ်တွေပြန်ရပါမယ်။ငွေတွေပြန်ရပါမယ်။
ရွှေငွေရတနာပစ္စည်းများလည်း လက်ဆောင် ရခြင်း ဝင်လာခြင်းများ ရရှိပေလိမ့်မည်။
မှတ်ချက်
(အမဲသား ဆိတ်သား လုံးဝမစားပါနဲ့ ရှောင်ပါ)
ကျေးဇူး ရှိသော အမိအဖများကိုလည်း ကောင်းစွာ ကျေးဇူးဆပ်ရပေလိမ့်မည်။
မိဘများ လည်း သားသမီး များ အကြောင်းပြုပြီး အိမ်ကြီးအိမ်ကောင်း ဇိမ်ခံစရာ ပစ္စည်း ကားသစ် များနဲ့ လူနေမူဘဝမြင့်မားမူများ ခံစားရ ရပေလိမ့်မည်။
သားသမီး များကို အကြောင်းပြုပြီး အမိအဖ များ နာမည်ဂုဏ်သတင်း ရရှိပေလိမ့်မည်။
အခုနှစ်ထဲက (အရေးကြီးသောကံတရားများကို)ထိန်းသိမ်းရန် အရေးကြီးပါတယ်။
ကျန်းမာရေး မျက်စိ အားနည်းတတ်တယ်။မျက်မှန်တပ်ရမယ်။
ဆီးရောဂါ အစာအိမ် (အမျိုးသမီး သွေးသား) သားအိမ်ကျန်းမာရေး ဂရုစိုက်ပါ။
အထူး ယတြာ
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (17-4-2020) ခုနှစ်
သောကြာနေ့မှာ ပြုလုပ်ရပါမယ်။
ကန်တော့ပွဲအစုံ ၅ ပွဲ
မေမြို့ပန်း ၁၉ ပွင့်
ကံ့ကော်ညွှန့် ၁၅ ညွှန့်
စံပါယ်ပန်း ၂၇ ကုံး
အောင်သပြေ ၂၁ ညွှန့်
အမွှေးတိုင် ၁၉ တိုင်
အလင်းတိုင် ၁၉ တိုင်
တို့ကို မိမိမွေးနံထောင့်မှာလှူဒါန်းပြီး မိမိအလိုရှိသော ဆုများအလေးအနက် ဆုတောင်းခြင်းပြုလုပ်ပါ။
ကံဆင့်ကံမြင့် လာဘ်ပွင့် ငွေဝင် စေရန် ယတြာ ပြုလုပ်ပါ။
အောက်ဖော်ပြပါ ယတြာကို တစ်လတစ်ကြိမ်ပြုလုပ်ပါ။
တန်ခိုးကြီး ဘုရားတစ်ဆူမှာ ကန်တော့ပွဲ ခုနှစ်ပွဲထိုးပြီးနှင်းဆီပန်း (10) ပွင့် ရွှေရောင်ထီး အကြီး (10) လက်
ငွေပန်း (15) ကုံး ရွှေပန်း (17) ကုံး တို့ကို လှူဒါန်းပြီးအလေးအနက် ဆုတောင်းပါ။
မိမိနေအိမ်ဘုရားမှာ ကြေးလင်ဗန်းထဲမှာငွေရောင်ဖလားနဲ့သောက်တော်ရေ ငါးခွက် အမြဲ လှူပေးပါ။
အဆိုးအညံ့များပျောက်ပြီး ကံကောင်း ခြင်းများ ရစေရန်အဂါၤ ညနေမှာ သတင်းစာခင်းပြီး (ဆိတ်သားနဲ့ထမင်း)
ငါဒဏ်နင်ခံဆိုပြီး ခွေးများကို ကျွေးပါ။
မိမိမွေးနေတိုင်းမှာ ဘုရား တစ်ဆူမှာ ရင်ဘက်တော်ကို ရွှေသင်္ကန်း နဲ့ ရေ များလှူပေးပါ။
ဆရာ လင်းမြတ်ဘုန်းအောင်
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
ig
Zawgyi ဖြင့်ဖတ်ရန်...
အထည်အလိပ်အဝတ်အစား ရောင်းချလုပ်ကိုင်နေသူများဒီနှစ်ထဲအောင်မြင်မူတွေက အံ့သြစရျာကာင်းလောက်
ဖြစ်တတ်ပါတယ်။
မှတ်ချက်
အထူး ယတြာ
ကန်တော့ပွဲအစုံ ၅ ပွဲ
မေမြို့ပန်း ၁၉ ပွင့်
စံပါယ်ပန်း ၂၇ ကုံး
အောင်သပြေ ၂၁ ညွှန့်
အမွှေးတိုင် ၁၉ တိုင်
အလင်းတိုင် ၁၉ တိုင်
အဆိုးအညံ့များပျောက်ပြီး ကံကောင်း ခြင်းများ ရစေရန်အဂါင်္ ညနေမှာ သတင်းစာခင်းပြီး (ဆိတ်သားနဲ့ထမင်း)
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under