ကောင်မလေးတွေ အသည်းကွဲနေရင်း ဒါလေးတွေလုပ်ကြည့် ပါ

ကောင်မလေးတွေ အသည်းကွဲနေရင်း ဒါလေးတွေလုပ်ကြည့် ပါ google

အသည်းကွဲတယ်ဆိုတာ လူတိုင်းခံစားရခက်တဲ့ဝေဒနာတစ်ခုပါ။ ဒါပေမယ့် အသည်းကွဲပြီးသွားရင် မိန်းကလေးတော်တော်များများမှာ

တစ်ချို့ကကိုယ့်ကိုကိုယ်မပြင်မဆင်နဲ့ဖြစ်သလိုနေတတ်ကြပြီး ဘယ်သူနဲ့မှမခေါ်မပြောတစ်ယောက်တည်းပဲ တွေဝေနေတတ်ကြတဲ့သူမျိုးနဲ့ အရင်ထက်ပိုလှအောင်နေပြီး ပိုပြီးထက်မြက်လာတဲ့ မိန်းကလေးမျိုးဆိုပြီးနှစ်မျိုးကွဲသွားကြတယ်။ တကယ်ဆိုကိုယ့်အတွက်မကောင်းတဲ့အရာတွေ ထွက်သွားတာကို ဝမ်းနည်းနေမယ့်အစား ပျော်ပျော်ရွှင်ရွှင်နေလိုက်ရမှာပါ။ အချိန်ပေးပြီးခံစားနေမှာထက် ခုလိုအချက်လေးတွေလုပ်ကြည့်ပါ။

 

သူ့ကိုလွမ်းလို့ငိုကြွေးနေမယ့်အစား ကိုယ့်အသားအရေလေးလှလာဖို့ ဂရုစိုက်လိုက်ပါ။

 

ကိုယ်နဲ့အဆတ်အသွယ်မရှိတဲ့နောက်ပိုင်း သူဘာတွေလုပ်နေလဲဆိုတာကို လိုက်ကြည့်နေမယ့်အစား Gym သွားပြီး ကိုယ့် body ကိုအမိုက်စားဖြစ်အောင်ဆော့လိုက်ပါ။

 

သူနဲ့သွားခဲ့တဲ့နေရာတွေကို သတိရနေမယ့်အစား ကိုယ့်အတွက်အသုံးဝင်မယ့် သင်တန်းတွေကို တက်လိုက်ပါ။

 

ကိုယ့်ကိုဂရုမစိုက်တော့တဲ့သူ့ကို မျက်ရည်တွေနဲ့ တမ်းတနေမယ့်အစား ညတိုင်းမျက်နှာကို ပေါင်းတင်အိပ်ပါ။

 

သူနဲ့ဆင်တူအင်္ကျီတွေကိုထုတ်ကြည့်ပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ရဲ့ဖက်ရှင်အမြင် တွေကိုပြောင်းလဲလိုက်ပါ။

 

သူနဲ့စားခဲ့တဲ့မုန့်တွေကိုကြည့်ပြီး ဝမ်းနည်းလို့မစားနိုင်မသောက်နိုင်ဖြစ်နေမယ့်အစား ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ တွေကိုစားလိုက်ပါ။

 

သူရဲ့နောက်လူကောင်းပါစေလို့ ဆုတောင်းပေးနေမယ့်အစား ခရီးတွေထွက်ပြီး အတွေ့အကြုံသစ်တွေကို ခံစားလိုက်ပါ။

 

သူချစ်ကြောင်းပြောခဲ့တာတွေကို သတိရနေမယ့်အစား ကိုယ့်လုပ်ငန်းခွင်မှာ ပိုပြီးစိတ်နှစ်ပြီးလုပ်လိုက်ပါ။

 

အလှပဆုံးနဲ့ အထက်မြက်ဆုံးမိန်းကလေး ဖြစ်အောင်ပြုပြင်ပြောင်းလဲပြီး ဘဝကို အပျော်ရွှင် ဆုံးဖြတ်သန်းလိုက်ပါ။

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under