ကြိုက်တာနဲ့ချစ်တာ ကိုခွဲခြားနိုင်ပါစေ

ကြိုက်တာနဲ့ချစ်တာ ကိုခွဲခြားနိုင်ပါစေ google.com

လူတစ်ယောက်ကို ကြိုက်တယ်ဆိုရင်သူ့ကြောင့်ကိုယ်ပျော်ရွှင်လာပါလိမ့်မယ်။ချစ်တယ်ဆိုရင်တော့ကိုယ်ကြောင့်သူပျော်ရွှင်ရမှာပါ။

 

ကြိုက်တယ်ဆိုတာက လောဘ ရှိပါတယ်။ချစ်တယ်ဆိုရင်တော့ အဲ့လောဘကိုအဆုံးရှုံးခံနိုင်ပါလိမ့်မယ်။

 

ကြိုက်တယ်ဆိုတာက ခဏတာ စိတ်လှုပ်ရှားတာဖြစ်ပြီး ရယ်နေရတဲ့ ရက်တွေများလာပါလိမ့်မယ်၊ ချစ်တယ်ဆိုရင်တော့ ငိုရတဲ့ရက်တွေများလာပါလိမ့်မယ်။

 

သူရှိနေရင်ပျော်ရွှင်နေတာထက် ကိုယ့်အတွက်မရှိလို့မဖြစ်ဘူးဆိုရင်တော့ ချစ်နေလို့ပါ။

 

တစ်ကယ်ချစ်တယ်ဆိုရင် သူ့အတွက် အရာရာပေးဆပ်ရဲပါလိမ့်မယ်။ခဏတာစိတ်လှုပ်ရှားရုံ နဲ့ချစ်တယ်ဆိုပြီးခေါင်းစဉ်မတတ်လိုက်ပါနဲ့။

 

တစ်ကယ်ချစ်တဲ့သူဆိုတာ နှလုံးသားနဲ့ရင်းပြီးခံစားရတာပါ။ကြိုက်တယ်ဆိုတာက အပေါ်ယံစိတ်ခံစားမှုသက်သက်ပါ။

 

လောဘကြောင့် ချစ်တယ်ဆိုပြီးနာမည်မတတ်လိုက်ပါနဲ့၊ကြိုက်တာနဲ့ချစ်တာကိုခွဲခြားနိုင်ပါစေ...

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 16:04
Rate this item
(2 votes)