Wedding ရဲ့ သတို့သား ကိုကို/ မောင်မောင်များအတွက် သုံးသင့်တဲ့ အဖြူရောင်မုသားများ

Wedding ရဲ့ သတို့သား ကိုကို/ မောင်မောင်များအတွက် သုံးသင့်တဲ့ အဖြူရောင်မုသားများ

ချစ်သူရည်းစားတွေကြားမှာ အမှန်တိုင်း ပြောတယ်ဆိုတာကတော့ ကောင်းသင့်သလောက်ပဲ ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ အမှန်တိုင်းချည်းပဲ ပြောနေတာ မကောင်းပါဘူး။ ဒါ့ကြောင့်လဲ အဖြူရောင်မုသားဆိုတဲ့ စကားလုံးက ပေါ်ထွက်လာတာ ဖြစ်ပါတယ်။


တစ်ချို့ ကိစ္စတွေမှာတော့ အမှန်တိုင်း ပြောသင့်ပေမယ့် အခြေအနေတစ်ချို့မှာတော့ အမှန်တိုင်းပြောလိုက်ရင် လုံးဝအဆင်မပြေဖြစ်သွားစေမယ့် အခြေအနေမျိုးတွေနဲ့ တွေ့ကြုံလာနိုင်ရပါတယ်။
ဒါ့ကြောင့် ဘယ်လိုအခြေအနေတွေမှာ မဖြစ်မနေ လိမ်ကိုလိမ်ရမလဲဆိုတဲ့ အကြောင်းအရာတစ်ချို့ကို Bright Side သတင်းဌာနမှာ ဖတ်ခဲ့ရတဲ့ သတင်းတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

 

၁။ တစ်ကယ်လို့ သင့်ချစ်သူဟာ သင့်ကို အရမ်း အနိုင်ကျင့်နေပြီးတော့ Abusive Relationship ကို ပိုင်ဆိုင်ထားရတဲ့ အခြေအနေ ဖြစ်နေတယ်ဆိုရင်တော့ တစ်ဖက်လူ စိတ်ချမ်းသာစေတာတွေချည်းပဲ ရွေးပြောပါ။
ကိုယ့်ကို ရိုက်နှက်နေတဲ့အချိန်တွေ၊ ပါးရိုက်တာတို့၊ ခြေထောက်နဲ့ ကန်တာတို့ အစရှိတဲ့ အခြေအနေတွေနဲ့ သင် ကြုံတွေ့နေရတယ်ဆိုရင်တော့ အဲဒီလိုလူမျိုးကို ဖြတ်ပစ်တာ အကောင်းဆုံးပါပဲ။
မဖြတ်နိုင်ရင်တော့ အဲဒီလိုအခြေအနေနဲ့ ကြုံတွေ့နေပြီဆိုရင် လက်တလော ကိုယ်အရိုက်မခံရဖို့ သူမေးသမျှကို သူစိတ်ချမ်းသာအောင် လိမ်ပြီးအဖြေပေးတာ အကောင်းဆုံးပါပဲ။

 

၂။ တစ်ချို့ချစ်သူတွေကျတော့ တစ်ခါတစ်ရံအရည်မရ အဖတ်မရ မေးခွန်းတွေ မေးတတ်ပါတယ်။ ဥပမာ- ငါ့ထက်ပိုချစ်တဲ့ လူရှိလား၊ ငါနဲ့ အရင်ရည်စားနဲ့ ဘယ်သူ့ကို အချစ်ဆုံးလဲ၊
ငါ့တစ်ယောက်တည်းကိုပဲ တစ်သက်လ့ုးချစ်မှာလား အစရှိသဖြင့် တောင်စဉ်ရေမရ မေးခွန်းတွေ မေးတတ်ကြပါတယ်။ အဲဒီအချိန် ကိုယ့်စိတ်ထဲမှာ အဖြေတစ်ခုက ရှိနေပြီးသားပါ။
ဒါပေမယ့် အဲဒီလို အချိန်မှာ နားငြီးမခံချင်ရင် သူလိုချင်တဲ့အဖြေ၊ သူစိတ်ချမ်းသာစေမယ့် အဖြေကို ရွေးပေးလိုက်ပါ။ နားညီးသက်သာအောင် မုသားသုံးပေးပါ။

 

၃။ ချစ်သူနှစ်ယောက် ရန်ခဏခဏဖြစ်နေတာတော့ တော်တော်များများ ကြုံဖူးကြမှာပါ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်အသားပဲ့မပါသွားရင် အလျှော့ပေးလိုက်ပါ။ ရန်ဖြစ်တယ်ဆိုတာ အင်မတန် ပင်ပန်းတဲ့အလုပ်ပါ။
အဲဒီလိုအခြေအနေမှာ ကိုယ့်ဘက်က စပြီး အလျှော့ပေးလိုက်ပါ။ ကိုယ်လိုချင်တဲ့ အခြေအနေကို လေပြေအေးအေးလေးနဲ့ ကိုယ့်ချစ်သူနားထဲ ဝင်အောင် ထည့်ပေးပါ။ အဲဒီအချိန်မှာ ကိုယ့်ချစ်သူရဲ့ ခေါင်းထဲကို
“သြော်…သူတောင် တော်တော်ရင့်ကျက်နေပြီပဲ။ ငါက တော်တော်ကလေးဆန်နေပါလား”ဆိုတဲ့အချက်ကလေး ဝင်သွားပြီး ကိုယ့်ကို လေးစားလာပါလိမ့်မယ်။ မုသားသုံးပြီး ဆရာကြီးဖြစ်ဖို့ ဝန်မလေးပါနဲ့။

 

၄။ တစ်ခါတစ်လေကျရင် ကိုယ့်ချစ်သူဆီက ကိုယ်မလိုချင်တဲ့ လက်ဆောင်တွေ၊ ဒါမှမဟုတ် သူချက်ကျွေးတဲ့ ဟင်းက ဘယ်လိုမှ စားမရအောင် ညံ့နေပါသလား။ ပျော်ပျော်ကြီးလိမ်ပေးလိုက်ပါ။
သူစိတ်ချမ်းသာအောင် စားပြလိုက်ပါ။ လက်ဆောင်ကိုလည်း လုံးဝကိုယ့်ဘဝမှာ အရမ်းလိုအပ်နေတဲ့ အရာတစ်ခုကို ရလိုက်သလို သူ့အရှေ့မှာ ဟန်ဆောင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဖက်က
အဲဒီလိုပုံစံဖြစ်နေမှ သင့်ချစ်သူ အရမ်းပျော်မှာပါ။ ချစ်သူပျော်ရွှင်ဖို့အတွက် မုသားသုံးဖို့ မကြောက်ပါနဲ့။

 

၅။ တစ်ခါတစ်လေ ချစ်သူနဲ့ချိန်းထားပြီး သူငယ်ချင်းတွေနဲ့ ရုတ်တရက် အပြင်သွားဖို့ အခြေအနေတွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်ကျရင်လည်း မုသားသုံးပြီး ဒိတ်ကို ဖျက်လိုက်ပါ။ ဒါပေမယ့် အမှန်တိုင်းတော့ သွားမပြောမိပါစေနဲ့။
တစ်သက်လုံးပြောလို့ မပြီးစီးနိုင်မယ့် ကိစ္စကြီး ဖြစ်သွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ အလုပ်ကိစ္စကို အကြောင်းပြတာပါ။ တစ်ခြားကိစ္စတွေနဲ့ အကြောင်းပြလိုက်ရင် တစ်ဖက်ချစ်သူက
“ငါ့ထက် ဒီကိစ္စတွေက ပိုအရေးကြီးလား” ဆိုတဲ့ အခြေအနေနဲ့ သင့်ကို မေးခွန်းသတ်သွားပါလိမ့်မယ်။ အလုပ်ကိစ္စလို့ ပြောလိုက်ရင်လည်း အဲဒီလိုမေးလာနိုင်ပါတယ်။
ဒါပေမယ့် “တစ်ချိန်ကျရင် မင်းကို တင့်တောင့်တင့်တယ်ထားနိုင်ဖို့အတွက်ကတော့ အလုပ်က လက်ရှိမှာ အရေးအကြီးဆုံးပဲ” ဆိုတဲ့ အဖြေနဲ့တင် တစ်ဖက်က သင့်ချစ်သူရဲ့ နှုတ်ခမ်းလေး ပြုံးသွားပြီး လျောလျောရှုရှု ဖုန်းချသွားပါလိမ့်မယ်။

 

၆။ အထူးသဖြင့် မိန်းကလေးတွေက ယောကျ်ားလေးတွေကို မေးတတ်တဲ့ အခြေအနေတစ်ခုရှိပါတယ်။ ကိုယ်နဲ့ တွေ့တွေ့ချင်း “ကို၊ မီးရဲ့ဒီဆံပင်ပုံစံက မီးနဲ့လိုက်လား” “ကို၊ ဒီနေ့ မီးလေးလိမ်းလာတဲ့ မိတ်ကပ်က ဘယ်လိုနေလဲ”
အစရှိတဲ့ question mark နဲ့ ဆုံးတဲ့ မေးခွန်းတွေ မေးလာရင်တော့ အဖြေက တစ်ခုတည်းရှိပါတယ်။ “ဟာ… သိပ်လှတာပေါ့” “ဟာ…တော်တော်လိုက်တာပဲ” အဲဒီနှစ်ခုပဲ ဖြေပေးလိုက်ပါ။
ဒါမှမဟုတ်ပဲ ဟိုးဆံပင်လေးကို မချပဲနဲ့ စည်းလိုက်ပါလား၊ မိတ်ကပ်က ဘယ်နားလေးက ဘာဖြစ်တယ် ဆိုပြီး ထပ်တွန့်တက်လိုက်မိရင်တော့ ကိုယ့်ကိစ္စနဲ့ ကိုယ်ပါပဲ။

 

၇။ နောက် ဆုံး ကိုယ့်ချစ်သူနဲ့ မဖြစ်မနေ လမ်းခွဲရတော့မယ့် အခြေအနေဆိုရင်တောင် မုသားသုံးပေးပါ။ တစ်ဖက်ချစ်သူက ကိုယ့်ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ပြီး ကိုယ့်မကောင်းတဲ့အချက်တွေ ပြောနေတယ်ဆိုရင်တောင်မှ ကိုယ်ကပါ
သူ့ရဲ့ အားနည်းချက်တွေ၊ မကောင်းတဲ့အချက်တွေကို ပြောနေရင် ပြသနာက ပိုကြီးထွားလာနိုင်ပါတယ်။ အဲဒီလို တစ်ဖက်က ကိုယ့်ကို ပက်ပက်စက်စက်ပြောလည်း ကိုယ့်ဖက်က သူ့ရဲ့ ကောင်းတဲ့အချက်လေးတွေ ရွေးပြောပါ။
ကောင်းတဲ့အချက်မရှိရင်တောင်မှ မုသားသုံးပြီး ပြောပါ။ ဒရာမာချိုးဖို့ မမေ့ပါနဲ့။ ကံကောင်းရင်တော့ အဲဒီလိုအချိန်မှာတင် ချက်ချင်းကိုယ့်အနားပြန်ရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအေ့ခအနေတွေနဲ့ ကြုံတွေ့လာရင်
မုသားဖြူဖြူလေးတွေသုံးပြီး ဒရာမာချိုးဖို့ မမေ့ပါနဲ့။

 

 

Source:Shwemom

Read times
Rate this item
(1 Vote)
Tagged under