မအောင့်နိုင်လို့ပါ

မအောင့်နိုင်လို့ပါ google.com

မဖြစ်သာလို့ဖွင့်ပြောလိုက်ရပေမဲ့ကောင်မလေးရဲ့ရင်ထဲမှာစို့နစ်ကြေကွဲလျက်….“ငါတို့ရှေ့ဆက်ပြီးမဖြစ်နိုင်တော့ဘူးဟာ”

 

“ချစ်ရယ်ကိုယ့်ကိုယ်အခွင့်အရေးလေးတခုလောက်ထပ်ပေးပါ”၊ကိုယ့်အဲ့ဒီအကျင့်ကိုရအောင်ပြင်ပါမယ်” “ငါနင့်ကိုအခွင့်အရေးတွေ အများကြီး ပေးပြီးပါပြီ အချိန်တွေ အကြာကြီးလဲ စောင့်ပြီးပြီ ဒါပေမဲ့နင်မပြောင်းလဲဘူးလေ ”

 

“ကိုယ်တို့တွဲခဲတာ့  အချိန်တွေ အကြာကြီးလေကွာ အချစ်အပေါ်မှာ သစ္စာမဲ့နေတာလဲ မဟုတ်ဘူး ၊ ဘယ်သူနဲ့မှလဲ မ Q ပါဘူး ချစ် မျက်နှာကို မြင်ရဖို့ကိုယ်အမြဲ ကြိုးစားနေရတာပါ ချစ်ရယ် ” “အေး ငါ့မျက်နှာကိုမြင်ရဖို့ကြိုးစာတာ လက်ခံတယ် ၊

 

နောက်၁ ယောက်နဲ့မ Q တာကိုလဲ ဝမ်းသာတယ် ၊ သစ္စာရှိမှုအတွက်လဲ ကျေးဇူးတင်တယ် ဒါပေမဲ့ချိန်းတွေ့တိုင်း အိမ်သာ တက်ချင်နေတာကိုသည်းမခံနိုင်တော့ ဘူး ” “အဲ့ တာ ကျ န်းမာရေး အရပါ အချစ်ရယ် ” “ဘာကျန်းမာရေးလဲ ”

 

“ချစ်ရယ်ကိုယ်တို့သာ တကယ် ပြတ်သွားရင်ချစ်နေနိုင်မှာလား ကိုယ်မပါနဲ့ချစ်တယောက်တည်း ရှေ့ဆက်နိုင်မှာ လား ကိုယ်တော့ နေနိုင်မှာ မဟုတ်ဘူးနော် ကိုယ်တို့စတွေ့ခဲတဲ့  နေ့လေးကို ပြန်တွေးပ” စတွေ့တဲ့  နေ့ဟုတ်လား Coffee ဆိုင်ဆိုပြီး

 

အိမ်သာထဲက ချွေးသံတရဲရဲ နဲ့ထွက်လာတာလေ နေ့လည်စာ ကျွေးမယ်ဆိုပြီး ဆိုင်ရှေ့မှာ ထားခဲပြီ့း  အိမ်သာပြေးတာလေ ရှိသမျှ Shopping mall တွေက အိမ်သာတွေလဲ စုံနေပြီ၊ မရောက်ဖူးတဲ့  အိမ်သာတွေလဲ မရှိတော့ ဘူး စားခါနီး သောက်ခါနီးတိုင်း

 

ရှင်အိမ်သာပဲ သွားနေလို့အစားအသောက် ပျ က်နေတာလဲ ကြာနေပြီ အခုရှင်ပါ မဟုတ်ဘူး ကျွန် မ လဲ ဘယ်နေရာ ရောက်ရောက်ဗိုက်နာနေလို့ အိမ်သာအရင်ရှာနေရပြီ ရှင့်အဲ့ တာကြောင့်ကျွန် မ ရှင်နဲ့ရှေ့ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ ဘူး

 

ချိန်းတွေ့တဲ့  အချိန်ထက်ရှင့်ကိုအိမ်သာစောင့်ပေး နေရတဲ့  အချိန်က ပို များနေတယ် “ချစ်ကိုယ့်ကိုယ်တကယ်ထားခဲတော့ မှာလား ဟင် ?” “ ဟုတ်တယ် ” “ကိုယ်တို့ဘယ်လိုမှအဆင်မပြေနိုင်တော့ ဘူးလား” “ ဟုတ်တယ် ”

 

“အဲ့ တာဆိုရင်လဲ နောက်ဆုံးအနေနဲ့ ဆူလေးပန်းခြံက ဗိုလ်ထိုင်အိမ်သာလေးကိုလိုက်ပို့ပါလားကွာ ကိုယ်ချစ်နဲ့စပြီးစကား ပြောကတည်းကဗိုက်တွေ အရမ်းနာနေလို့ပါ ” “ ဘာမသာဂျီးငါ့ကိုတသက်လုံးလာမခေါ်နဲ့…………”

 

 

Credit;မိုင်ဟန်နီ

 

Readmore;ယောက်ျားကထားခဲ့လို့ဖြစ်စေ ချစ်သူကထားခဲ့လို့ဖြစ်စေ အငယ်အနှောင်းယူသွားလို့ဖြစ်စေ အားမလျော့ကြပါနဲ့

Read times Last modified on Wednesday, 19 September 2018 10:37
Rate this item
(1 Vote)