ဆွဲဆောင်မှုကို ကျဆင်းစေတဲ့အကြောင်းရင်း

ဆွဲဆောင်မှုကို ကျဆင်းစေတဲ့အကြောင်းရင်း google.com

မိန်းကလေးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ဘယ်လိုပုံစံမျိုးနဲ့ဆွဲဆောင်ရမလဲဆိုတဲ့ အကြံဥာဏ်တွေ နည်းလမ်းတွေ အများကြီးရှိပါတယ်။

 

ထို့အပြင် မိန်းကလေးတစ်ယောက်၏ ဆွဲဆောင်မှုကျဆင်းစေတဲ့အရာတွေ လည်း ရှိတတ်ပါသေးတယ်။ ဘယ်လောက်ပဲလှနေပါစေ ကိုယ့်ရဲ့အပြုအမူတွေကြောင့် ဆွဲဆောင်မှုကို ကျဆင်းစေတတ်ပါတယ်။

 

သူတစ်ပါးကို ကြင်နာမှုမရှိခြင်း

 

မိန်းကလေးတစ်ယောက်ဟာ သူဘယ်လောက်လှပနေပါစေ စိတ်ထားမကောင်းရင် သူမရဲ့အလှ မပေါ်လွင်တော့ပါဘူး။ တစ်ခြားလူကို ကူညီလိုစိတ်ကင်းမဲ့ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း စတဲ့အပြုအမူတွေက သူ့ဘ၀ကိုညစ်နွမ်းသွားစေတတ်ပါတယ်။

 

ပင်ပန်းနွမ်းနယ်ခြင်း

 

မိန်းကလေးတစ်ယောက်ဟာ အိပ်ရေးပျက်တဲ့ရက်များလာရင် မျက်ကွင်းတွေညိုပြီး၊ အစားပိုစားလာမယ်၊ စိတ်မကြည်တော့တဲ့အတွက်ကြောင့် အလှအပကို လျော့နည်းစေနိုင်ပြီး လူကိုလည်း ပိုပင်ပန်းစေပါတယ်။ အိပ်ရေးသာ မပျက်ဘူးဆိုရင်တော့ တက်ကြွလန်းဆန်းလှပနေစေပြီး ဆွဲဆောင်မှုအပြည့်အ၀ ရှိနေစေမှာဖြစ် ပါတယ်။

 

ပျော်ရွှင်မှုမရှိခြင်း

 

မိန်းကလေးတစ်ယောက်ဟာ အမြဲတမ်း မှုန်ကုပ်ကုပ်မနေဘဲ ရယ်မောပျော်ရွှင်ခြင်းဖြင့် တစ်ဖက်သားကို ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

 

တစ်ခြားတစ်ယောက်က ရယ်စရာပြောနေတာတောင်မှ မရယ်ဘဲ မသိသလိုလိုနေခြင်းဟာ လူသားမဆန်ရာ ကျစေမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီပုံစံမျိုးတွေကို ဘယ်ယောက်ျားလေးကမှ စိတ်မ၀င်စားကြပါဘူး။

 

စိတ်ဖိစီးမှုရှိခြင်း

 

မိန်းကလေးတစ်ယောက် စိတ်ဖိစီးမှုနည်းခြင်းက ကျန်းမာပျော်ရွှင်ပြီး သွက်လက်နေတယ်ဆိုရင်တော့ ယောက်ျားလေးတွေ သဘောကျကြပါလိမ့်မယ်။ ထိုသို့မဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဟာ စိတ်ဖိစီးမှုရှိနေမယ်ဆိုရင် အမျိုးသားတွေအပေါ် ဆွဲဆောင်နိုင်စွမ်း နည်းပါးကြောင်း သိရပါတယ်။

 

လှည့်ဖြားပြောဆိုခြင်း

 

မိန်းကလေးတစ်ယောက်ဟာ မရိုးမသားနဲ့စကားကို ဟိုပြောဒီပြော ပြောနေမယ်ဆိုရင် ဆွဲဆောင်မှုကို ကျဆင်းစေပါတယ်။ ယောက်ျားလေးများက ထက်မြက်တဲ့မိန်းကလေးတွေထက် ရိုးသားပြီး အကျင့်စာရိတ္တကောင်းတဲ့ မိန်းကလေးတွေကို သဘောကျနှစ်သက်ကြပါတယ်။

 

ယောက်ျားလေးတွေက ဘယ်လောက်ပဲထက်မြက်နေတဲ့မိန်းကလေးဖြစ်ဖြစ် လိမ်ညာလှည့်ဖြားပြောတဲ့သူ ဆိုရင်တော့ သဘောမကျကြမှာအမှန်ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:12
Rate this item
(3 votes)