နဖူးကို နမ်းရခြင်းရဲ့ အဓိပ္ပါယ် (၅)မျိုး

နဖူးကို နမ်းရခြင်းရဲ့ အဓိပ္ပါယ် (၅)မျိုး Google

အနမ်းကို အများအားဖြင့် အမျိုးသားတွေက စတင်လေ့ရှိကြပါတယ်။

 

အမျိုးသမီးက အနမ်းကို လက်ခံတုန့်ပြန်တဲ့ ဘက်မှာပဲ ရှိတတ်ကြပါတယ်။ ချစ်သူကောင်လေးက ချစ်သူမိန်းကလေးကို နဖူးကို နမ်းတဲ့အခါ ဘယ်လိုအဓိပ္ပါယ်တွေ ရှိသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) လေးစားမြတ်နိုးမှု

သိပ်ကို လေးစားမြတ်နိုးရတဲ့ ချစ်သူဆိုရင် အမျိုးသားတွေက နဖူးကို ကြင်ကြင်နာနာ နမ်းလေ့ရှိပါတယ်။ အနမ်းခံရတဲ့ အမျိုးသမီးဟာ ယေဘုယျအားဖြင့်တော့ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ အလွန်လှပတဲ့ ရုပ်အဆင်း၊ ထက်မြတ်တဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတဲ့ သဘောပါ။

 

(၂) ဂရုစိုက်တန်ဖိုးထားမှု

သူဟာ သင့်ကို အမြဲတန်ဖိုးထား ဂရုစိုက်နေပါတယ်ဆိုတဲ့ သက်သေလည်း ဖြစ်ပါတယ်။ နဖူးကို နမ်းတဲ့အနမ်းမှာ သံယောဇဉ်တွေ၊ အကြင်နာတရားတွေ စာနာထောက်ထားမှုတွေ၊ နားလည်လက်ခံမှုတွေ အများကြီးကို စုပေါင်း ဖော်ကြူးထားတယ်လို့ ဆိုပါတယ်။

 

(၃) အကာအကွယ် ပေးလိုမှု

ဘေးအန္တရာယ် ရန်စွယ်အပေါင်းကနေ၊ တိုက်ခိုက်ဝေဖန်မှုတွေ၊ မလုံခြုံသိမ်ငယ်မှုတွေမှန်သမျှကို သူကပဲ ဒိုင်ခံကာကွယ် ပေးနေမယ့်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ သူ့ကို အားကိုးအားထား ပြုပါ၊ သူဟာ သင့်အတွက် အရာရာ အဆင်သင့်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

 

(၄) ချစ်ခင် ကြင်နာမှု

အမျိုးသားတစ်ယောက်က နဖူးကို နမ်းတယ်ဆိုရင် သူရဲ့ အချစ်မေတ္တာခိုင်မာမှုနဲ့၊ တစ်ဘဝလုံး လက်တွဲစောင့်ရှောက်သွားလိုမှုတွေကို ကိုယ်စားပြုပါတယ်။ သူ့မှာ ရေတွက်လို့မကုန်နိုင်တဲ့ နှစ်နှစ်ကာကာ အချစ်တွေ သင့်အတွက် ပိုင်ဆိုင်ထားကြောင်းရဲ့ သက်သေပါ။

 

(၅) နှစ်သိမ့်မှု

ဝမ်းနည်းနေတဲ့အခါ သူ ဘက်က ပေးစွမ်းလိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပါဘဲ။ အရာရာကို နားလည်သဘောပေါက် ကြောင်း၊ ထပ်တူထပ်မျှ ရှိကြောင်း၊ အဆင်ပြေပါစေကြောင်း စတဲ့ အဓိပ္ပါယ်တွေကို ဖော်ကြူးရာလည်း ရောက်ပါတယ်။

 

Myanmar Wedding Guide

Source: Shwemom

Read times Last modified on Wednesday, 16 December 2020 13:58
Rate this item
(0 votes)