Friend Zone ကို ဘယ်လိုကျော်လွှားမလဲ...။

Friend Zone ကို ဘယ်လိုကျော်လွှားမလဲ...။ Google

သင့်မှာ အစစအရာရာ ဖြည့်ဆည်းပေးတတ်ပြီး အနွံတာလည်းခံတတ်တဲ့ ငယ်သူငယ်ချင်း ကောင်မလေးတစ်ယောက် ရှိခဲ့မယ်ဆိုပါစို့။ အချိန်တွေကြာလာတဲ့အခါ သူ့ကို လိုက်ပိုးပန်းတတ်တဲ့ ကောင်လေးတွေကို ကြည့်မရ ဖြစ်လာမယ် ၊

 

သူက တခြားကောင်လေးတွေကို အရောဝင်တဲ့အခါ ပြောမပြတတ်တဲ့ ခံစားမှုတွေနဲ့ ဒေါသထွက်လာမယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ သူမကိုချစ်မိနေပါပြီ။

 

state ကျောင်းမှာကတည်းက ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းလေးကို တက္ကသိုလ်ကျောင်းတော်ရာကြီး အရောက်မှာ တစ်နည်းတစ်ဖုံ ပြောင်းလဲခင်တွယ်မိတယ်ဆိုပါတော့။

 

ဒီအခါ သင်တို့နှစ်ဦးကြားက အဖြူရောင် သံယောဇဉ်လေးကို ဘယ်လိုများ ပြောင်းလဲပစ်မလဲ။ ပြောရတာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒီလိုဆို အခုဖော်ပြမယ့် အချက်လေးတချို့ကို လိုက်နာကြည့်ကြပါစို့။

 

(၁) လက်ရှိအခြေအနေကို သုံးသပ်ပါ။

 

နံပါတ်တစ်ကတော့ နံပါတ်တစ်ပါပဲ။ သင့်အနေနဲ့ ဘာပြောင်းလဲမှုမှ မကြိုးစားခင်လက်ရှိအခြေအနေကို ကောင်းစွာနားလည်ထားရပါမယ်။ ရှိထားတဲ့ ခင်မင်မှုလေးပါ ပြောက်ပျက်မသွားစေဖို့ ရုတ်တရက် ဖွင့်ပြောမှုမျိုး မလုပ်မိအောင် သတိထားရပါမယ်။

 

တကယ်လို့များ သူမအနေနဲ့ သင့်ကို သူငယ်ချင်းအနေနဲ့ပဲ မြင်ထားတယ်ဆိုရင် ရုတ်တရက်ကြီး ဖွင့်မပြောသင့်ပါဘူး။ အခြေအနေတွေကို လိမ္မာပါးနပ်စွာနဲ့ တဖြည်းဖြည်းချင်းပြောင်းလဲယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြတ်လမ်းနည်းမသုံးပါနဲ့လို့ သေသေချာချာ မှာပါရစေ။

 

(၂) မိမိကိုယ်ကိုယ် အရင်ပြုပြင်ပါ။

 

သူမကတော့ သင့်ကိုသူငယ်ချင်း တစ်ယောက်အနေနဲ့ကလွဲပြီး တခြားအမြင်နဲ့ ပြောင်းလဲ သုံးသပ်ဖူးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ကို သူငယ်ချင်းတစ်ယောက်လို့ပဲ စိတ်ထဲ မှတ်ထားတာကိုး။

 

သင့်ရဲ့ အတွင်းစိတ်က သူမအတွက် အစကတည်းက လှပပြီးသားပါ။ ဒီတော့ သင့်ရဲ့ ပြင်ပအသွင်အပြင်ကို အရင်ပြုပြင်ရပါမယ်။

 

လူပျိုတစ်ယောက်အဖြစ် ခံ့ခံ့ညားညား ထည်ထည်ဝါဝါ ဖြစ်လာပြီး ဖွံ့ဖြိုးလာတဲ့ ခန္ဓာကိုယ်အသွင်အပြင်နဲ့ အမျိုးသမီးအများစု လည်ပြန်ကြည့်ရလောက်အောင် သင့်ကိုယ်သင် ပြောင်းလဲယူရပါမယ်။

 

ဒါမှသာ သူမအနေနဲ့ သင့်ကို တခြားအမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲ သတိထားမိနိုင်မှာပါ။

 

(၃) လူကြားထဲ တွဲဖက် ပွဲတက်မှုတွေလုပ်ပါ။

 

တခြားသူငယ်ချင်း စုံတွဲတွေနဲ့ တွေ့ဆုံပြီး ညစာစားတာမျိုး၊ ပျော်ပွဲစားခရီးထွက်တာမျိုး စတဲ့ အစီ အစဉ်တွေ ပြုလုပ်ပါ။ သင်တို့နှစ်ဦးက သူငယ်ချင်းဖြစ်တာကြောင့် သူငယ်ချင်းအနေနဲ့ပဲ သွားပါ။

 

ဒါပေမယ့် အတွဲတွေကြား ကို ရောက်သွားတဲ့အခါ သူမအနေနဲ့ သင့်ကိုလည်း သူမရဲ့ ချစ်သူရည်းစားနေရာမှာထားပြီး စိတ်ကူးကြည့် မိမှာ ကျိန်းသေပါတယ်။

 

တခြားအတွဲတွေကိုကြည့်ပြီး သင်ဟာ သူမရဲ့ဘေးမှာ အချိန် အကြာကြီး ရပ်တည်ပေးခဲ့ပြီး သူမရဲ့ဘဝအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သတိပြုမိ သွားပါ လိမ့်မယ်။

 

(၄) ကြိုတင်မတောင်းဆိုပဲ တွေ့ဆုံမှုတွေ ပြုလုပ်ပါ။

 

သင်တို့နှစ်ဦးဟာ သူငယ်ချင်းအနေအထားက တစ်ဆင့်တက်မှာဖြစ်တဲ့အတွက် အခြား အတွဲတွေလို date လုပ်ဖို့ ကြိုတင်ချိန်းဆိုတာမျိုး မလုပ်သင့်ပါဘူး။

 

ဒီလို တခမ်းတနား ခွင့်တောင်းလိုက်ရင် သူမအနေနဲ့လည်း လက်ခံရခက်သလို သင့်အနေနဲ့လည်း မရိုးသားမှုကို တမင်ဖော်ပြရာ ရောက်ပါတယ်။ ဒါကြောင့် သူမတစ်ဦးတည်း ရှိတတ်မယ့်နေရာ ၊ ရှိတတ်မယ့်အချိန်ကို မှန်းပြီး တွေ့ဆုံနိုင်အောင် ကြိုးစားပါ။

 

(၅) ဆောင်းပါးရိပ်ခြည် စကားသန်းပါ။

 

ဒီအဆင့်အတွက်တော့ သင့်မှာအနည်းငယ် ကျွမ်းကျင်မှုရှိဖို့လိုပါတယ်။ ဖော်ပြခဲ့သလို နှစ်ဦးတည်း ရှိနေမယ့် အခြေအနေတစ်ခု ရောက်တဲ့အခါ သင့်ရဲ့ သဘောထားကို ဆောင်းပါးရိပ်ခြည် ဖော်ပြဖို့လိုပါတယ်။

 

ဥပမာ- “ငါသာ မင်းရဲ့ ကောင်လေးဆို မင်းကို ဒီလိုမျိုး တစ်နေကုန်လွှတ်မထားဘူး” စသဖြင့် သင့်ရဲ့ စိတ်ဝင်စားမှုကို သူမရိပ်မိနိုင်အောင် လိမ္မာပါးနပ်စွာ ဖော်ပြတတ်ရပါမယ်။

 

ဒီအဆင့်မှာ သူမဆီက လက်ခံနိုင်တဲ့ အခြေအနေ ၊ နှစ်သက်တဲ့ အမူအရာတွေ တွေ့ရပြီဆိုရင်တော့ နောက်တဆင့်ကို ရဲရဲသာတက်လိုက်ပါ။

 

(၆) ဖိုမ သဘာ၀ အဆင့်ကို ရောက်ပါပြီ။

 

စောစောကအဆင့်မှာ စကားလုံးတွေနဲ့ ဖော်ပြခဲ့တာအောင်မြင်သွားပြီဆိုပါစို့။ ဒီအဆင့်ကတော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေနဲ့ သူမကို ဆွဲဆောင်ရမှာပါ။ ဒါမျိုးကတော့ အမျိုးသားအများစု သိထားပြီးသား ဖြစ်လို့ အထူးတလည်ဖော်ပြမနေတော့ပါဘူး။

 

မသိသေးဘူးဆိုရင်လည်း ဆရာ့ ဆရာ စီနီယာအစ်ကိုကြီးတွေ ဆီက နည်းနာယူပါ။ ဥပမာ - သူမရဲ့ နောက်ကျော ၊ လည်ပင်း စတဲ့နေရာမျိုးတွေကတဆင့် ရင်ခုန်မှုကို လှုပ်နိုးပါ။

 

(၇) အောင်ပန်းကို ဆွတ်ခူးလိုက်ပါ။

 

အပေါ်ကပြောခဲ့တဲ့ အဆင့်(၆)ဆင့်လုံးကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းနိုင်ခဲ့ပြီဆိုတာ သေချာရင်တော့ သင့်ရဲ့ သဘောထားကို အတိအလင်းဖော်ပြပြီး သူငယ်ချင်းသံယောဇဉ်ကနေ ရုန်းထွက်လိုက်ပါတော့။

 

သူမကို သင်ဘယ်လောက်ချစ်ခဲ့ရကြောင်း၊ ဘယ်လောက်မျှော်လင့်ခဲ့ရကြောင်း စသဖြင့် ပြောပြပါ။

 

ဒါပေမယ့် ဒီအဆင့်ပြီးလို့ အနိုင်ရပြီလို့တော့ မထင်လိုက်ပါနဲ့။ တကယ် ရှုပ်ထွေးတဲ့ အချစ်ရေး ဇာတ်လမ်းက အခုမှစတာပါ။

 

သင့်အနေနဲ့ သူငယ်ချင်းထက်ပိုပြီး ခက်ခဲလေးနက်တဲ့ သမီးရည်းစား သံယောဇဉ်ကို အောင်မြင်အောင် ဆက်လက်ထိန်းသိမ်းဖို့ လေ့လာရဦးမယ့် အရာတွေ အများကြီးရှိသေး တာကြောင့် တကယ့်အချစ်စစ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

Zawgyi ျဖင့္ဖတ္ရန္....

 

သင့္မွာ အစစအရာရာ ျဖည့္ဆည္းေပးတတ္ၿပီး အႏံြတာလည္းခံတတ္တဲ့ ငယ္သူငယ္ခ်င္း ေကာင္မေလးတစ္ေယာက္ ရွိခဲ့မယ္ဆုိပါစုိ႕။ အခ်ိန္ေတြၾကာလာတဲ့အခါ သူ႕ကို လုိက္ပိုးပန္းတတ္တဲ့ ေကာင္ေလးေတြကို ၾကည့္မရ ျဖစ္လာမယ္ ၊

 

သူက တျခားေကာင္ေလးေတြကို အေရာ၀င္တဲ့အခါ ေျပာမျပတတ္တဲ့ ခံစားမႈေတြနဲ႕ ေဒါသထြက္လာမယ္။ ဒါဆုိရင္ေတာ့ သင့္အေနနဲ႕ သူမကိုခ်စ္မိေနပါၿပီ။

 

state ေက်ာင္းမွာကတည္းက ေပါင္းသင္းခဲ့တဲ့ သူငယ္ခ်င္းေလးကို တကၠသိုလ္ေက်ာင္းေတာ္ရာႀကီး အေရာက္မွာ တစ္နည္းတစ္ဖံု ေျပာင္းလဲခင္တြယ္မိတယ္ဆုိပါေတာ့။

 

 ဒီအခါ သင္တုိ႕ႏွစ္ဦးၾကားက အျဖဴေရာင္ သံေယာဇဥ္ေလးကို ဘယ္လိုမ်ား ေျပာင္းလဲပစ္မလဲ။ ေျပာရတာ ထင္သေလာက္ေတာ့ မလြယ္ကူပါဘူး။ ဒီလုိဆုိ အခုေဖာ္ျပမယ့္ အခ်က္ေလးတခ်ိဳ႕ကို လုိက္နာၾကည့္ၾကပါစို႕။

 

(၁) လက္ရွိအေျခအေနကို သံုးသပ္ပါ။

 

နံပါတ္တစ္ကေတာ့ နံပါတ္တစ္ပါပဲ။ သင့္အေနနဲ႕ ဘာေျပာင္းလဲမႈမွ မႀကိဳးစားခင္လက္ရွိအေျခအေနကို ေကာင္းစြာနားလည္ထားရပါမယ္။ ရွိထားတဲ့ ခင္မင္မႈေလးပါ ေျပာက္ပ်က္မသြားေစဖုိ႕ ရုတ္တရက္ ဖြင့္ေျပာမႈမ်ိဳး မလုပ္မိေအာင္ သတိထားရပါမယ္။

 

တကယ္လို႔မ်ား သူမအေနနဲ႕ သင့္ကို သူငယ္ခ်င္းအေနနဲ႕ပဲ ျမင္ထားတယ္ဆုိရင္ ရုတ္တရက္ႀကီး ဖြင့္မေျပာသင့္ပါဘူး။ အေျခအေနေတြကို လိမၼာပါးနပ္စြာနဲ႕ တျဖည္းျဖည္းခ်င္းေျပာင္းလဲယူရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျဖတ္လမ္းနည္းမသံုးပါနဲ႕လုိ႕ ေသေသခ်ာခ်ာ မွာပါရေစ။

 

(၂) မိမိကိုယ္ကိုယ္ အရင္ျပဳျပင္ပါ။

 

သူမကေတာ့ သင့္ကိုသူငယ္ခ်င္း တစ္ေယာက္အေနနဲ႕ကလြဲၿပီး တျခားအျမင္နဲ႕ ေျပာင္းလဲ သံုးသပ္ဖူးမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သင့္ကို သူငယ္ခ်င္းတစ္ေယာက္လုိ႔ပဲ စိတ္ထဲ မွတ္ထားတာကိုး။

 

သင့္ရဲ႕ အတြင္းစိတ္က သူမအတြက္ အစကတည္းက လွပၿပီးသားပါ။ ဒီေတာ့ သင့္ရဲ႕ ျပင္ပအသြင္အျပင္ကို အရင္ျပဳျပင္ရပါမယ္။

 

လူပ်ိဳတစ္ေယာက္အျဖစ္ ခံ့ခံ့ညားညား ထည္ထည္၀ါ၀ါ ျဖစ္လာၿပီး ဖြံ႔ၿဖိဳးလာတဲ့ ခႏၶာကိုယ္အသြင္အျပင္နဲ႕ အမ်ိဳးသမီးအမ်ားစု လည္ျပန္ၾကည့္ရေလာက္ေအာင္ သင့္ကိုယ္သင္ ေျပာင္းလဲယူရပါမယ္။

 

ဒါမွသာ သူမအေနနဲ႕ သင့္ကို တျခားအမ်ိဳးသားတစ္ဦးအျဖစ္ ေျပာင္းလဲ သတိထားမိႏုိင္မွာပါ။

 

(၃) လူၾကားထဲ တြဲဖက္ ပြဲတက္မႈေတြလုပ္ပါ။

 

တျခားသူငယ္ခ်င္း စံုတြဲေတြနဲ႕ ေတြ႕ဆံုၿပီး ညစာစားတာမ်ိဳး၊ ေပ်ာ္ပြဲစားခရီးထြက္တာမ်ိဳး စတဲ့ အစီ အစဥ္ေတြ ျပဳလုပ္ပါ။ သင္တုိ႕ႏွစ္ဦးက သူငယ္ခ်င္းျဖစ္တာေၾကာင့္ သူငယ္ခ်င္းအေနနဲ႕ပဲ သြားပါ။

 

ဒါေပမယ့္ အတြဲေတြၾကား ကို ေရာက္သြားတဲ့အခါ သူမအေနနဲ႕ သင့္ကိုလည္း သူမရဲ႕ ခ်စ္သူရည္းစားေနရာမွာထားၿပီး စိတ္ကူးၾကည့္ မိမွာ က်ိန္းေသပါတယ္။

 

တျခားအတြဲေတြကိုၾကည့္ၿပီး သင္ဟာ သူမရဲ႕ေဘးမွာ အခ်ိန္ အၾကာႀကီး ရပ္တည္ေပးခဲ့ၿပီး သူမရဲ႕ဘ၀အတြက္ ဘယ္ေလာက္အေရးပါတယ္ဆုိတာကို သတိျပဳမိ သြားပါ လိမ့္မယ္။

 

(၄) ႀကိဳတင္မေတာင္းဆုိပဲ ေတြ႕ဆံုမႈေတြ ျပဳလုပ္ပါ။

 

သင္တုိ႕ႏွစ္ဦးဟာ သူငယ္ခ်င္းအေနအထားက တစ္ဆင့္တက္မွာျဖစ္တဲ့အတြက္ အျခား အတြဲေတြလို date လုပ္ဖို႕ ႀကိဳတင္ခ်ိန္းဆုိတာမ်ိဳး မလုပ္သင့္ပါဘူး။

 

ဒီလို တခမ္းတနား ခြင့္ေတာင္းလိုက္ရင္ သူမအေနနဲ႕လည္း လက္ခံရခက္သလို သင့္အေနနဲ႕လည္း မရိုးသားမႈကို တမင္ေဖာ္ျပရာ ေရာက္ပါတယ္။ ဒါေၾကာင့္ သူမတစ္ဦးတည္း ရွိတတ္မယ့္ေနရာ ၊ ရွိတတ္မယ့္အခ်ိန္ကို မွန္းၿပီး ေတြ႕ဆံုႏုိင္ေအာင္ ႀကိဳးစားပါ။

 

(၅) ေဆာင္းပါးရိပ္ျခည္ စကားသန္းပါ။

 

ဒီအဆင့္အတြက္ေတာ့ သင့္မွာအနည္းငယ္ ကၽြမ္းက်င္မႈရွိဖို႕လိုပါတယ္။ ေဖာ္ျပခဲ့သလို ႏွစ္ဦးတည္း ရွိေနမယ့္ အေျခအေနတစ္ခု ေရာက္တဲ့အခါ သင့္ရဲ႕ သေဘာထားကို ေဆာင္းပါးရိပ္ျခည္ ေဖာ္ျပဖို႕လုိပါတယ္။

 

ဥပမာ- “ငါသာ မင္းရဲ႕ ေကာင္ေလးဆုိ မင္းကို ဒီလုိမ်ိဳး တစ္ေနကုန္လႊတ္မထားဘူး” စသျဖင့္ သင့္ရဲ႕ စိတ္၀င္စားမႈကို သူမရိပ္မိႏုိင္ေအာင္ လိမၼာပါးနပ္စြာ ေဖာ္ျပတတ္ရပါမယ္။

 

ဒီအဆင့္မွာ သူမဆီက လက္ခံႏုိင္တဲ့ အေျခအေန ၊ ႏွစ္သက္တဲ့ အမူအရာေတြ ေတြ႕ရၿပီဆုိရင္ေတာ့ ေနာက္တဆင့္ကို ရဲရဲသာတက္လုိက္ပါ။

 

(၆) ဖိုမ သဘာ၀ အဆင့္ကို ေရာက္ပါၿပီ။

 

ေစာေစာကအဆင့္မွာ စကားလံုးေတြနဲ႕ ေဖာ္ျပခဲ့တာေအာင္ျမင္သြားၿပီဆုိပါစို႕။ ဒီအဆင့္ကေတာ့ ရုပ္ပိုင္းဆုိင္ရာ ထိေတြ႕မႈေတြနဲ႕ သူမကို ဆဲြေဆာင္ရမွာပါ။ ဒါမ်ိဳးကေတာ့ အမ်ိဳးသားအမ်ားစု သိထားၿပီးသား ျဖစ္လို႕ အထူးတလည္ေဖာ္ျပမေနေတာ့ပါဘူး။

 

 မသိေသးဘူးဆုိရင္လည္း ဆရာ့ ဆရာ စီနီယာအစ္ကိုႀကီးေတြ ဆီက နည္းနာယူပါ။ ဥပမာ - သူမရဲ႕ ေနာက္ေက်ာ ၊ လည္ပင္း စတဲ့ေနရာမ်ိဳးေတြကတဆင့္ ရင္ခုန္မႈကို လႈပ္ႏိုးပါ။

 

(၇) ေအာင္ပန္းကို ဆြတ္ခူးလုိက္ပါ။

 

အေပၚကေျပာခဲ့တဲ့ အဆင့္(၆)ဆင့္လံုးကို ေက်ေက်နပ္နပ္ႀကီး ျဖတ္သန္းႏုိင္ခဲ့ၿပီဆုိတာ ေသခ်ာရင္ေတာ့ သင့္ရဲ႕ သေဘာထားကို အတိအလင္းေဖာ္ျပၿပီး သူငယ္ခ်င္းသံေယာဇဥ္ကေန ရုန္းထြက္လုိက္ပါေတာ့။

 

သူမကို သင္ဘယ္ေလာက္ခ်စ္ခဲ့ရေၾကာင္း၊ ဘယ္ေလာက္ေမွ်ာ္လင့္ခဲ့ရေၾကာင္း စသျဖင့္ ေျပာျပပါ။

 

ဒါေပမယ့္ ဒီအဆင့္ၿပီးလုိ႕ အႏုိင္ရၿပီလုိ႕ေတာ့ မထင္လုိက္ပါနဲ႕။ တကယ္ ရႈပ္ေထြးတဲ့ အခ်စ္ေရး ဇာတ္လမ္းက အခုမွစတာပါ။

 

သင့္အေနနဲ႕ သူငယ္ခ်င္းထက္ပိုၿပီး ခက္ခဲေလးနက္တဲ့ သမီးရည္းစား သံေယာဇဥ္ကို ေအာင္ျမင္ေအာင္ ဆက္လက္ထိန္းသိမ္းဖုိ႕ ေလ့လာရဦးမယ့္ အရာေတြ အမ်ားႀကီးရွိေသး တာေၾကာင့္ တကယ့္အခ်စ္စစ္မွာ ကံေကာင္းပါေစလုိ႕ ဆုေတာင္းေပးလုိက္ပါတယ္။

 

Myanmar Wedding Guide

 

 

jjjj

 

 

Read times Last modified on Monday, 17 February 2020 15:40
Rate this item
(1 Vote)
Tagged under