အသက်အရွယ်သိပ်မကွာတဲ့ချစ်သူစုံတွဲတွေက ဘာကြောင့်ပိုပြီးလိုက်ဖက်ညီရတာလဲ

အသက်အရွယ်သိပ်မကွာတဲ့ချစ်သူစုံတွဲတွေက ဘာကြောင့်ပိုပြီးလိုက်ဖက်ညီရတာလဲ google.com

အသက်ချင်းသိပ်မကွာတဲ့စုံတွဲဆိုတာကတော့ သူငယ်ချင်းကနေ ရည်းစားဖြစ်သွားကြတဲ့သူတွေများပါတယ်။ ဒီလိုရွယ်တူစုံတွဲလေးတွေက

တစ်ယောက်အကြိုက်တစ်ယောက်သိတဲ့အတွက် နားလည်မှုပိုပေးနိုင်ကြပါတယ်။ ဘယ်လိုအချက်တွေကြောင့်သူတို့က လိုက်ဖက်ညီနေရတာလဲဆိုတာကြည့်လိုက်ရအောင်နော် ……

 

အသက်ချင်းလည်းသိပ်မကွာ  ခင်မင်ရင်းနှီးပြီးသားသူငယ်ချင်းတွေလည်းဖြစ်နေတာနဲ့အညီ သူငယ်ချင်းလိုတစ်မျိုး ချစ်သူလိုတစ်ဖုံချစ်နိုင်ကြတဲ့အတွက် နှလုံးသားချင်းပိုမိုနီးစပ်ကြသလို တစ်ယောက်နဲ့တစ်ယောက်လည်း ဂရုစိုက်နိုင်ကြပါတယ်။

 

 

တချို့အသက်အရမ်းကွာတဲ့စုံတွဲတွေဟာ ကိစ္စတိုင်းကို ဖွင့်ပြောတိုင်ပင်လို့မရတာမျိုးတွေရှိပါတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုမပြောသင့်တဲ့ကိစ္စနဲ့ ကိုယ့်ထက်အသက်ငယ်တဲ့သူကိုပြောပြလို့မရတဲ့ကိစ္စနဲ့ တစ်ခုခုဆိုဖွင့်ပြောတိုင်ပင်ပြီး အကူအညီရယူဖို့ခက်ခဲပါတယ်။ အသက်အရွယ်သိပ်မကွာတဲ့စုံတွဲတွေကျတော့ တစ်ယောက်နဲ့တစ်ယောက်ကိစ္စတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်လို့ရတဲ့အတွက် နှလုံးသားချင်းပိုပြီးနီးစပ်ကြတာဖြစ်ပါတယ်။

 

ရွယ်တူချစ်သူစုံတွဲတွေဖြစ်တာနဲ့အညီ စိတ်တူကိုယ်တူလည်းရှိကြပါတယ်။ ဘယ်လိုအစားအသောက်မျိုးစားမလဲ၊ ဘယ်လိုဆိုင်မျိုးထိုင်မလဲ၊ ဘယ်လိုရုပ်ရှင်မျိုးကြည့်မလဲဆိုတာကအစ အားလုံးလိုက်လျောညီထွေဖြစ်နေတတ်ကြပါတယ်။

 

ရွယ်တူလေးတွေဖြစ်တဲ့အတွက် ရန်ကတော့ခဏခဏဖြစ်မှာအသေအချာပါပဲ။ ဒါပေမယ့်သူတို့လေးတွေရန်ဖြစ်တဲ့ပုံစံက ခဏတာ စိတ်ဆိုးစိတ်ကောက်တဲ့ပုံစံဖြစ်ပြီး ချစ်စရာကောင်းပါတယ်။ မတည့်အတူနေဆိုသလိုပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ အချစ်တွေတိုးတိုးလာတတ်တဲ့ လိုက်လျောညီထွေဖြစ်တဲ့ ချစ်သူစုံတွဲလေးတွေပါပဲ။

 

Source – Aunty May

 

Read More: Gamer တစ်ယောက်ကိုချစ်သူတော်ထားရတဲ့သူတွေအတွက်ကောင်းကျိုးများ
ce092fa06985

Read times Last modified on Wednesday, 19 September 2018 10:49
Rate this item
(0 votes)