Online ပေါ်မှာရှိနေလို့ ဘယ်သူနဲ့များကျူနေမလဲ၊
 ဘယ်ကောင်မလေးနဲ့များ အီစီကလီလုပ်နေမလဲ လုံးဝလုံးဝ
 ပူပင်နေစရာမလိုပါ။
 
 အကြောင်းကတော့ သင်ကစကားသွားပြောလျှင်တောင်မှ
 သူ့ချစ်သူပါလား ဆိုတဲ့အသိကလေးနဲ့မို့လို့ ပြန်ပြောတာပါ။
 ကျန်တဲ့သူတွေစကားလာပြောရင်တော့ ပြန် Hi ဖို့အနေသာယောင်၍ပင် လှည့်ကြည့်လိမ့်မည်မဟုတ်ပါ။ 
 ဂိမ်းအဆော့ပျက်ပါသည်။
 
 ×××××××××
 Gamerတစ်ယောက်ကို ရှာဖွေရတာဟာ အင်မတန်
 လွယ်ကူလွန်းပါတယ်။
 
 သူ့ကိုသူ့အိမ်မှာရှာမတွေ့လျင်လည်း ဘယ်ကောင်မလေးနဲ့
 သွားနေတာလဲ၊ သို့လော သို့လော စိတ်ပူနေစရာမလိုပါ။
 သာသာယာယာ သူအမြဲတမ်းရှိမည့် ဂိမ်းဆိုင်သို့သာ
 လေကလေးချွန်ပြီး သွားလိုက်ယုံပါပဲ။ အဲ့လောက်ထိကို
 လွယ်ကူပါတယ်။
 
 ×××××××××××
 
 Gamer တွေဟာ သင့်စကားကိုအလေးအနက်ထားတတ်
 သလို သင့်အရိပ်အကဲကိုလည်း အမြဲဂရုစိုက်ကြည့်ရှုနေသူ
 ဖြစ်ပြီးတော့ သင့်အမိန့်ကိုလည်း အလွန်နာခံတဲ့သူတွေပါ။
 
 အကြောင်းကတော့ အုပ်စုဖွဲ့တိုက်ခိုက်တဲ့ Gamer
 တွေဟာ သူတို့ Leader တွေရဲ့ အမိန့်ကို နာခံပြီးတိုက်
 ခိုက်နေရသူတွေဖြစ်သလို တဖက်လူ (or ) ရန်သူ ရဲ့
 အရိပ်အကဲကို မျက်ခြေမပြတ်စောင့်ကြည့်နေရတဲ့လူစား
 မျိုးမို့လို့ပါ။
 
 Dota သမားတွေနဲ့ COC သမားတွေ Shake ခဲ့ 
 
 ××××××××××××××××××
 
 Gamer တစ်ယောက်ကိုချစ်သူတော်ရတာအလွန်ကံကောင်းပါတယ်။
 အသုံးအဖြုန်းမရှိ၊ ဂိမ်းပဲဆော့တတ်တော့ Gamer အတော်များများဟာ ချမ်းသာကြပါတယ်။
 Game ဆော့လို့ နိုင်လာတဲ့နေ့ဆိုရင် တိမ်ကင်းစင်တဲ့
 လပြည့်ညကြီးလို မျက်နှာကဝင်းပနေတတ်ပါတယ်။
 ဒီအချိန်ဆိုရင် သင်လိုရာကို ပူဆာပါလေ။ ရှာမတွေ့တဲ့
 ပစ္စည်းမျိုးကို ပူဆာရင်တောင်မှ မတွေ့တွေ့အောင်ရှာဝယ်
 ပေးပါလိမ့်မယ်။
 
 ချွင်းချက် =မောင် ဒီနေ့ဂိမ်းဆော့တာနိုင်ရဲ့လား အရင်မေးပါ
 
 [မီးစိမ်းပြမှ လိုရာပြောပါလေ]
 
 ××××××××××
 
 Gamer တွေဟာ အလွန်သစ္စာရှိတဲ့သူတွေပါ။ သူ့အပေါ်
 ဆိုးလွန်းနွဲ့လွန်းလျင်တောင်မှ အပြုံးမပျက် ခံနိုင်ရည်ရှိပြီး
 သင်စိတ်ကောက်ပြေတဲ့အထိချော့ပါလိမ့်မယ်။
 
 အကြောင်းကတော့ Gamer တွေဟာ Try Again
 ဆိုတဲ့စကားလုံးနဲ့ လူတစ်ကာထက် ပိုဆက်ဆံနေရသူတွေ
 ဖြစ်လို့ အင်မတန်မှ စိတ်ရှည်ကြတဲ့လူတွေအဖြစ်နဲ့ အရှုံး
 ဆိုတဲ့စကားလုံးနဲ့ လွန်စွာမှရင်းနှီးနေသူတွေပါ။
 
 ချွင်းချက် = over မလုပ်ပါနှင့် ။ Gamer များဒေါသထွက်လျင် Latop လဲ ထုခွဲရဲပါသည်။
 I Phone လဲ ပေါက်ခွဲရဲပါသည်။
 Computer လဲ ထိုးခွဲရဲပါသည်။
 
 ဒေါသပြေမှ "ဟာကွာ သောက်ကျိုးနည်း ပျက်ကုန်ပြီ"
 ဟုပြောပြီး ဆိုင်သွားပြင်ကြပါလိမ့်မည်။
 သို့သော် နောက်တစ်ကြိမ်ဖြစ်လည်း အစဉ်အလာမပျက်
 ထုခွဲ ရိုက်ခွဲပါလိမ့်မည်။
 
 အင်မတန်လက်သံပြောင်သူများဟူ၍ပင် တင်စားနိုင်ပါသည်။
 
 ×××××××××××××
 
 Gamer တွေဟာ အချစ်ကြီးသူ အစွဲအလန်းကြီးသူတွေ
 ဆိုတာ ပြောစရာမလိုအောင်ကို သေချာလွန်းပါသည်။
 
 Game ဆိုင်သွားရင်တောင် 
 "ဒါ ငါ့ Mouse မဟုတ်ဘူးကွ"
 "ငါ ဒီစက်ရမှကိုဖြစ်မှာနော် တခြားစက်မလိုဘူး"
 "ဟ ဒါငါ့နားကြပ်မဟုတ်ဘူးကွ "
 
 အဲ့လောက်ထိအစွဲအလမ်းကြီးသူတွေပါ။
 
 ဒါကြောင့် သင့်ကိုဖြတ်ဖို့အနေသာ သင်ကသူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး အဆက်ဖြတ်ခဲ့လျင်တောင် သင့်ထံမာနတွေပစ်ချပြီး 
 တောင်းပန်မဲ့လူမျိုးပါ။
 
 ×××××××××××××××
 
 ဒါပေမဲ့ Gamer တစ်ယောက်ကို
"ဂိမ်းနဲ့ကျွန်မ ရှင်ဘယ်ဟာပိုချစ်သလဲ "
ယောင်၍ပင်မမေးမိပါစေနဲ့။
 
 အကြောင်းကတော့ သူတို့ထံမှ အဖြေစကားပြန်ကြားရ
 လိမ့်မည်မဟုတ်သောကြောင့်ပင်ဖြစ်သည်။
 
 Game ကို ဦးနှောက်ကချစ်ပြီးတော့
 သင့်ကိုတော့ နှလုံးသားဖြင့်နက်ရှိုင်းစွာချစ်ပါလိမ့်မည်။
 
 သို့သော် သင်တစ်စုံတစ်ခုကိုစိတ်ကောက်နေသည့်အချိန်
 သင်နေမကောင်းသည့်အချိန်
 သင်အားငယ်နေသည့်အချိန်
 သင်စိတ်ဓာတ်ကျနေသည့်အချိန်
 သင်အခက်အခဲဖြစ်နေသည့်အချိန် ဆိုလျင်တော့
 
 Game ကို မေ့ထားပြီး သင့်နံဘေးနားမှာအချိန်ပြည့်
 သင့်လက်ကိုတွဲရင်း သင့်အခက်အခဲတွေကို ရှေ့ကနေ
 မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းသွားပါလိမ့်မယ်။
 
 ဘာကြောင့်လဲဆိုတော့
 
 သူတို့ဟာ "You Are The Winner " ဆိုတဲ့စကား
 လုံးကို လွန်စွာနှစ်ခြိုက်သူတွေဖြစ်နေရုံမက
 အခက်အခဲ ၊ ယှဉ်ပြိုင်မှု ၊ စိန်ခေါ်မှု တွေကိုရင်ဆိုင်ဖြေ
 ရှင်းဖို့ယုံကြည်ချက်က 100% ပြည့်စုံနေသူတွေမို့လို့ပါ။
 ××××××××××××××××××
 
 ကဲ အမျိုးသမီးအပေါင်းတို့
 ယခုပင်မနှေးးးးးး ချစ်ခွင့်ပန်ကြားခြင်းခံထားရတဲ့
 Gamer လေးတွေရှိခဲ့ရင် ရဲရဲကြီးသာ အဖြေပြန်ပေး
 လိုက်ပါလေ။
 
 (Gamer စစ်စစ်မှနော်၊ ဟိုမရောက် ဒီမရောက်
 Candy Crush ဆော့တဲ့ ကလေးစိတ်မကုန်သေးတဲ့
 လဒူတွေမပါဘူးနော်) ကြိုပြောထားတာ
 
 အို အမျိုးသမီးထုအပေါင်းတို့
 
 သင်တို့ဟာ Gamer တစ်ယောက်ကိုပိုင်ဆိုင်ထားပြီ
 ဆိုလျင် သူငယ်ချင်းမိန်းကလေးတွေအကြား
 ခေါင်းမော့ ၊ ရင်ကော့လို့ ရဲရဲကြီးလက်မထောင်နိုင်ပါပြီ။
 
 အဘယ်ကြောင့်ဆိုသော်
 
 Gamer များသည် စူးစမ်းလိုစိတ် ၊ အနစ်နာခံစိတ် ၊
 အရှုံးမပေးလိုသည့်စိတ် ၊ အောင်မြင်ချင်စိတ် ၊ 
 လူချစ်လူခင်အင်မတန်ပေါများလွန်းသူများ၊
 ထက်မြက်သည့်ညဏ်ရည်ပိုင်ဆိုင်ထားသူများ ဖြစ်ကြသော
 ကြောင့်ဖြစ်သည်။
 
 (တကယ်ပါဆို ဘယ်ငပိန်းကမှ သူတို့မနိုင်တဲ့ဂိမ်းကြီး
 (Dota ၊ War Craft ၊ General ၊ Age Of Empire ၊ Rise Of Nations ၊Call Of Duty ၊ Clash Of Clan ) လို ဂိမ်းကြီးတွေ
 စွဲစွဲမြဲမြဲမဆော့ဘူး ။
 အသီးတွေလေပေါ်ပျံနေတာ ဓားနဲ့ခုတ်မလား ??? 
 ဒါမှမဟုတ်
 Angry Bird လေးဖွင့်
 ငှက်ကလေးတွေ လေးခွထဲထည့် ယီးးးးးးဟားး ကျားးးးးးး
 ဝူးးးးဟူးးးးး ဝှီးးးးးးးဝှစ် အသံတွေကြား သာယာနေလိမ့်
 မလား ???? အဲ့လိုကောင်တွေဆို မြန်မြန်သာထားခဲ့။
 Gamer အယောင်ဆောင်တွေမို့လို့ ။
 
 Game ဆော့တာ မကြိုက်တဲ့ ကောင်မလေး / ကောင်လေးတွေကို
 ပိုင်ဆိုင်ထားတဲ့ Gamer အပေါင်းးးးးးတို့ !!!!!!!!
 ဒီပို့စ်အောက် မန်းရှင်းခေါ်ခဲ့ ပီးရင်ကိုယ့်ပြဿနာ
 ကိုယ်ရှင်းးးးးး
 
 We Are Gamer !!!!!!!!!!!!!!!!
 
 Credit - " Akatsuki Pain "
              ( Ice Heart )
			
							
						

		  	
		  

