ချစ်သူက စိတ်ဝေဒနာခံစားနေရတဲ့သူဆိုတာ သိသာစေသောအချက်များ

ချစ်သူက စိတ်ဝေဒနာခံစားနေရတဲ့သူဆိုတာ သိသာစေသောအချက်များ google

ကမ္ဘာ့လူဦးရေရဲ့ ၁%လောက်ပဲ စိတ္တဇဝေဒနာသည် ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေကတော့ ဆိုပါတယ်။ စိတ္တဇဝေဒနာသည်ဆိုတဲ့နေရာမှာလည်း ဒီဝေဒနာခံစားနေရတာ သိသာတဲ့သူရှိသလို၊ မသိသာတဲ့သူလည်း ရှိပါတယ်။

 

လူတိုင်းမှာ စိတ်ရောဂါတစ်မျိုးစီတော့ ရှိကြတယ်ဆိုပေမယ့် psychopath လို့ခေါ်တဲ့ စိတ္တဇဝေဒနာသည်တွေရဲ့ စိတ်ခံစားချက်ကတော့ သာမန်လူထက်ကို ကွဲပြားနေကြပါတယ်။ စိတ္တဇဝေဒနာရှင်တွေကလည်း လူပဲဆိုတော့ သူတို့လည်း ချစ်တတ်ပါတယ်။

 

ဒါပေမဲ့ သူတို့ရဲ့ အချစ်ရေးကတော့ သာမန်လူတွေနဲ့ကွဲပြားနေမှာပါပဲ။စိတ္တဇဝေဒနာကို အနည်းငယ်ပဲ ခံစားနေရတဲ့သူမျိုးဆိုရင်တော့ သာမန်လူတွေကြားထဲမှာ ရောထွေးနေပါတယ်။

 

နောက်ပြီး အပေါ်ယံကြည့်ရုံနဲ့လည်း မသိနိုင်ဘူးဆိုတော့ အနီးကပ်လေ့လာမှသိနိုင်မှာပါ။ တကယ်လို့ သင့်ချစ်သူနဲ့ သင်နဲ့အချစ်ရေးက ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုရင် သင့်ချစ်သူက စိတ်ဝေဒနာခံစားနေရတဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

 

ဒါမှမဟုတ် သင်ကိုယ်တိုင် ဖြစ်နေလားဆိုတာ ပြန်စမ်းစစ်ကြည့်လို့ရတာပေါ့။ ဒီဆောင်းပါးက စိတ်ဝေဒနာခံစားနေရသူတွေကို သရော်ချင်လို့ရေးတာမဟုတ်ဘူးဆိုတာတော့ ကြိုပြောပါရစေနော်။

 

(၁) အထီးကျန်နေတတ်တယ်

 

စိတ်ရောဂါရှိသူတွေဟာ အချိန်တော်တော်များများမှာ အထီးကျန်ခြင်းကို ခံစားနေရပါတယ်။ ဘယ်လောက်ပဲ မိတ်ဆွေ၊ အပေါင်းအသင်းတွေရှိရှိ တစ်ယောက်တည်း လစ်လပ်ပြီး အထီးကျန်သလို ခံစားနေရတတ်ပါတယ်။

 

သူတို့ရဲ့ အချစ်ရေးကိုလည်း အထီးကျန်ခြင်းကပဲ အစပြုတတ်ကြပါတယ်။ သူတို့ဟာ အမြဲအထီးကျန်နေတယ်လို့ ခံစားနေကြရပြီး အချစ်ခံချင်ကြပါတယ်။ ရည်းစားထားလိုက်ရင်တော့ အထီးမကျန်တော့ဘူးလို့ ထင်လို့ဖြစ်ကောင်းဖြစ်မှာပေါ့လေ။

 

ဒါပေမဲ့ အဲဒီမှာ ပြဿနာတတ်လာပါတယ်။ရည်းစားထားပေမယ့်လည်း ခဏတော့ အထီးကျန်သလို မခံစားရပေမယ့် သိပ်မကြာခင်ပဲ အထီးကျန်ခြင်းကို ပြန်ခံစားရတော့တာပါပဲ။

 

သူကိုယ်တိုင်က အထီးကျန်ဝေဒနာခံစားနေရတဲ့အတွက် သူ့ချစ်သူကိုလည်း ကောင်းမွန်တဲ့ ခံစားချက်တွေ ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီအခါ ဘေးကလူကလည်း အလိုလို အထီးကျန်လာပါတော့တယ်။

 

မသိတဲ့သူကတော့ “သူငါ့ကို မချစ်လို့ပဲ” လို့ထင်ပြီး ရန်တွေဖြစ်ကြတာပေါ့။ တကယ်တော့ မချစ်တာ မဟုတ်ပါဘူး။ တစ်ဖက်လူ စိတ်ချမ်းသာအောင် ဘယ်လိုချစ်ပေးရမလဲ မသိတာပါ။ ဒါကလည်း မဆန်းပါဘူး။

 

ကိုယ့်ဘာကိုယ်တောင် ခံစားချက်လစ်လပ်ပြီး အထီးကျန်နေတဲ့သူက တခြားသူကို ဘယ်လိုချစ်ပေးနိုင်မှာလဲ။

 

(၂) အခံဘက်ကလို့ တွေးထင်နေတယ်

 

စိတ်ဝေဒနာသည်တွေဟာ များသောအားဖြင့် သူတို့ဟာ ခံရတဲ့ဘက်၊ အားနည်းတဲ့ဘက်ကလို့ပဲ တွေးထင်နေကြပါတယ်။ ဒါကြောင့်လည်း စိတ်ဒဏ်ရာအလွယ်တကူရပြီး စိတ်ဝေဒနာကို ခံစားရတာပေ့ါ။

 

သူတို့သာ ဒီကမ္ဘာကြီးမှာ အဖြစ်အဆိုးဆုံး၊ သနားစရာအကောင်းဆုံးလို့ ထင်နေတတ်ပါတယ်။ ဒါကြောင့် ချစ်သူနဲ့ ပြဿနာတစ်ခုခုဖြစ်ရင်လည်း သူတို့အမှားထက် သူတို့ခံစားရတဲ့ဒုက္ခကိုပဲ ဦးတည်ပြီး ပြောတတ်ပါတယ်။

 

အဆိုးဆုံးက သူ့အပေါ်မကောင်းခဲ့ဘူးလို့ ထင်တဲ့အဖြစ်အပျက်တွေအားလုံးကို သေချာမှတ်ထားတတ်ပါတယ်။ နောက်ဆုံးအဲလိုမကောင်းတဲ့ memory တွေစုပြီး ကွဲပြဲကုန်ကြတာပေါ့။

 

ချစ်သူကြားမှာ မကောင်းတဲ့အရာတွေကို တေးမှတ်ထားတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်ဘူးလေ။

 

(၃) အားပေးနှစ်သိမ့်စကားမပြောတတ်ဘူး

 

စိတ်ပညာရှင်တွေရဲ့အဆိုအရ စိတ်ရောဂါသည်တွေဟာ များသောအားဖြင့် ကြောက်တာတွေ၊ စိတ်သောကရောက်တာတွေ မခံစားရပါဘူး။ သူတို့မှာ အဲလိုခံစားချက်တွေ မရှိတဲ့အတွက် အခြားသူတွေ ခံစားနေရတာကို နားမလည်နိုင်၊ ကိုယ်ချင်းမစာနိုင်ပါဘူး။

 

အားပေးစကားပြောဖို့ဆိုတာတော့ အဝေးကြီးပေါ့။ နှစ်သိမ့်ဖို့ လိုလား မလိုလား မသိသလို၊ ဘယ်လိုနှစ်သိမ့်ရမယ်မှန်းလည်း မသိပါဘူး။

 

သမီးရည်းစားတွေဆိုတာကတော့ တစ်ယောက်စိတ်ဒုက္ခကိုတစ်ယောက်ဝေမျှပြီး အားပေးနှစ်သိမ့်မှု လိုချင်ကြတာ မဟုတ်လား။

 

သင့်ချစ်သူက သင့်အခက်အခဲတွေကို အားပေးနှစ်သိမ့်မပေးတတ်တဲ့သူမျိုးဆိုရင် သေချာတာ နှစ်ခုက သင့်ကိုမချစ်တာ၊ ဒါမှမဟုတ် စိတ်မမှန်တာ ဖြစ်နိုင်ပါတယ်။

 

တစ်ပါးသူကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကို စိတ်ဝေဒနာရှင်ဘက်က လိုလိုလားလား သင်ယူလေ့လာတယ်ဆိုရင်တော့ တဖြည်းဖြည်း အားပေးနှစ်သိမ့်နိုင်သွားပါလိမ့်မယ်။

 

(၄) တစ်ကိုယ်ကောင်းဆန်တယ်

 

စိတ်မူမမှန်တဲ့သူတွေဟာ ချစ်သူက သူတို့အပေါ် ပေးဆပ်နေတာမျိုးကိုတော့ လိုချင်ပြီး ကိုယ်တိုင်တော့ သိပ်မပေးဆပ်ချင်တဲ့ သူမျိုးတွေပါ။

 

ကိုယ့်အတွက်ကိုယ် သိတတ်လွန်းတာကြောင့် သူများကို နည်းနည်းလောက် ပေးဆပ်လိုက်ရရင် အများကြီးနစ်နာသွားတယ်လို့ ထင်နေတတ်ပါတယ်။ ကိုယ်ကျိုးလည်း ကြည့်တတ်တာကြောင့် သူတို့အတွက် အကျိုးရှိမယ်ဆိုမှ အနည်းငယ်ပေးဆပ်တတ်ပါတယ်။

 

ဥပမာ- သင့်ချစ်သူက သင်တို့နှစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေ၊ ထူးခြားတဲ့နေ့တွေမှာ အမြဲတမ်း ဘာဆိုဘာမှ မပေးဘူးဆိုရင် သူက ရိုမန်းတစ်မဆန်တာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ သူ့မှာ စိတ်ဝေဒနာရှိနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

 

တစ်ကိုယ်ကောင်းဆန်လွန်းတဲ့အတွက် သူတစ်ပါးကို ဘယ်လိုပေးဆပ်ရမယ်မှန်း မသိတာပါ။

 

(၅) လေးနက်တဲ့အချစ်ရေးကို မကိုင်တွယ်နိုင်ဘူး

 

စိတ်ရောဂါရှိတဲ့သူတွေဟာ အချစ်ရေးတစ်ခု အရမ်းအလေးအနက်ဖြစ်လာတဲ့ဒဏ်ကို မခံနိုင်ပါဘူး။ လေးနက်တဲ့ သံယောဇဉ်တွေ တိုးလာလေ ပိုပြီး ဝန်ပိလာတယ်လို့ခံစားရပြီး ထွက်ပြေးချင်လေပါပဲ။

 

အပျော်ကြံချင်တာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က လေးနက်တဲ့သံယောဇဉ်တွေကို ရေရှည်ထိန်းထားနိုင်ဖို့ အင်အားမရှိတာပါ။

 

သတင်းကောင်းတော့ရှိပါတယ်။ စိတ်ရောဂါရှိတဲ့သူတွေဟာ သူတို့ရဲ့အပြုအမူတွေ ဒီထက်ကောင်းမွန်လာအောင် လေ့ကျင့်ယူလို့ရတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

 

သတိပြုရမှာက သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လို့မရပါဘူး။ ကိုယ်ချင်းစာတတ်အောင်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် စိတ်ရှည်ရှည်နဲ့ သင်ပေးမယ်၊ ပိုပြီးချစ်ပေးမယ်ဆိုရင် သူတို့ရဲ့ အပြုအမူတွေ ပြောင်းလဲလာနိုင်ပါတယ်။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ကမာၻ႔လူဦးေရရဲ႕ ၁%ေလာက္ပဲ စိတၱဇေဝဒနာသည္ ျဖစ္ႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြကေတာ့ ဆိုပါတယ္။ စိတၱဇေဝဒနာသည္ဆိုတဲ့ေနရာမွာလည္း ဒီေဝဒနာခံစားေနရတာ သိသာတဲ့သူရွိသလို၊ မသိသာတဲ့သူလည္း ရွိပါတယ္။

 

လူတိုင္းမွာ စိတ္ေရာဂါတစ္မ်ိဳးစီေတာ့ ရွိၾကတယ္ဆိုေပမယ့္ psychopath လို႔ေခၚတဲ့ စိတၱဇေဝဒနာသည္ေတြရဲ႕ စိတ္ခံစားခ်က္ကေတာ့ သာမန္လူထက္ကို ကြဲျပားေနၾကပါတယ္။ စိတၱဇေဝဒနာရွင္ေတြကလည္း လူပဲဆိုေတာ့ သူတို႔လည္း ခ်စ္တတ္ပါတယ္။

 

ဒါေပမဲ့ သူတို႔ရဲ႕ အခ်စ္ေရးကေတာ့ သာမန္လူေတြနဲ႔ကြဲျပားေနမွာပါပဲ။စိတၱဇေဝဒနာကို အနည္းငယ္ပဲ ခံစားေနရတဲ့သူမ်ိဳးဆိုရင္ေတာ့ သာမန္လူေတြၾကားထဲမွာ ေရာေထြးေနပါတယ္။

 

 

ေနာက္ၿပီး အေပၚယံၾကည့္႐ုံနဲ႔လည္း မသိႏိုင္ဘူးဆိုေတာ့ အနီးကပ္ေလ့လာမွသိႏိုင္မွာပါ။ တကယ္လို႔ သင့္ခ်စ္သူနဲ႔ သင္နဲ႔အခ်စ္ေရးက ဒီလိုမ်ိဳးေတြ ျဖစ္ေနတယ္ဆိုရင္ သင့္ခ်စ္သူက စိတ္ေဝဒနာခံစားေနရတဲ့သူ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

 

ဒါမွမဟုတ္ သင္ကိုယ္တိုင္ ျဖစ္ေနလားဆိုတာ ျပန္စမ္းစစ္ၾကည့္လို႔ရတာေပါ့။ ဒီေဆာင္းပါးက စိတ္ေဝဒနာခံစားေနရသူေတြကို သေရာ္ခ်င္လို႔ေရးတာမဟုတ္ဘူးဆိုတာေတာ့ ႀကိဳေျပာပါရေစေနာ္။

 

(၁) အထီးက်န္ေနတတ္တယ္

 

စိတ္ေရာဂါရွိသူေတြဟာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အထီးက်န္ျခင္းကို ခံစားေနရပါတယ္။ ဘယ္ေလာက္ပဲ မိတ္ေဆြ၊ အေပါင္းအသင္းေတြရွိရွိ တစ္ေယာက္တည္း လစ္လပ္ၿပီး အထီးက်န္သလို ခံစားေနရတတ္ပါတယ္။

 

သူတို႔ရဲ႕ အခ်စ္ေရးကိုလည္း အထီးက်န္ျခင္းကပဲ အစျပဳတတ္ၾကပါတယ္။ သူတို႔ဟာ အၿမဲအထီးက်န္ေနတယ္လို႔ ခံစားေနၾကရၿပီး အခ်စ္ခံခ်င္ၾကပါတယ္။ ရည္းစားထားလိုက္ရင္ေတာ့ အထီးမက်န္ေတာ့ဘူးလို႔ ထင္လို႔ျဖစ္ေကာင္းျဖစ္မွာေပါ့ေလ။

 

 

ဒါေပမဲ့ အဲဒီမွာ ျပႆနာတတ္လာပါတယ္။ရည္းစားထားေပမယ့္လည္း ခဏေတာ့ အထီးက်န္သလို မခံစားရေပမယ့္ သိပ္မၾကာခင္ပဲ အထီးက်န္ျခင္းကို ျပန္ခံစားရေတာ့တာပါပဲ။

 

သူကိုယ္တိုင္က အထီးက်န္ေဝဒနာခံစားေနရတဲ့အတြက္ သူ႔ခ်စ္သူကိုလည္း ေကာင္းမြန္တဲ့ ခံစားခ်က္ေတြ ေပးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အဲဒီအခါ ေဘးကလူကလည္း အလိုလို အထီးက်န္လာပါေတာ့တယ္။

 

 

မသိတဲ့သူကေတာ့ “သူငါ့ကို မခ်စ္လို႔ပဲ” လို႔ထင္ၿပီး ရန္ေတြျဖစ္ၾကတာေပါ့။ တကယ္ေတာ့ မခ်စ္တာ မဟုတ္ပါဘူး။ တစ္ဖက္လူ စိတ္ခ်မ္းသာေအာင္ ဘယ္လိုခ်စ္ေပးရမလဲ မသိတာပါ။ ဒါကလည္း မဆန္းပါဘူး။

 

ကိုယ့္ဘာကိုယ္ေတာင္ ခံစားခ်က္လစ္လပ္ၿပီး အထီးက်န္ေနတဲ့သူက တျခားသူကို ဘယ္လိုခ်စ္ေပးႏိုင္မွာလဲ။

 

(၂) အခံဘက္ကလို႔ ေတြးထင္ေနတယ္

 

စိတ္ေဝဒနာသည္ေတြဟာ မ်ားေသာအားျဖင့္ သူတို႔ဟာ ခံရတဲ့ဘက္၊ အားနည္းတဲ့ဘက္ကလို႔ပဲ ေတြးထင္ေနၾကပါတယ္။ ဒါေၾကာင့္လည္း စိတ္ဒဏ္ရာအလြယ္တကူရၿပီး စိတ္ေဝဒနာကို ခံစားရတာေပ့ါ။

 

သူတို႔သာ ဒီကမာၻႀကီးမွာ အျဖစ္အဆိုးဆုံး၊ သနားစရာအေကာင္းဆုံးလို႔ ထင္ေနတတ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူနဲ႔ ျပႆနာတစ္ခုခုျဖစ္ရင္လည္း သူတို႔အမွားထက္ သူတို႔ခံစားရတဲ့ဒုကၡကိုပဲ ဦးတည္ၿပီး ေျပာတတ္ပါတယ္။

 

အဆိုးဆုံးက သူ႔အေပၚမေကာင္းခဲ့ဘူးလို႔ ထင္တဲ့အျဖစ္အပ်က္ေတြအားလုံးကို ေသခ်ာမွတ္ထားတတ္ပါတယ္။ ေနာက္ဆုံးအဲလိုမေကာင္းတဲ့ memory ေတြစုၿပီး ကြဲၿပဲကုန္ၾကတာေပါ့။

 

ခ်စ္သူၾကားမွာ မေကာင္းတဲ့အရာေတြကို ေတးမွတ္ထားတယ္ဆိုတာ ဘယ္လိုနည္းနဲ႔မွ မေကာင္းႏိုင္ဘူးေလ။

 

(၃) အားေပးႏွစ္သိမ့္စကားမေျပာတတ္ဘူး

 

စိတ္ပညာရွင္ေတြရဲ႕အဆိုအရ စိတ္ေရာဂါသည္ေတြဟာ မ်ားေသာအားျဖင့္ ေၾကာက္တာေတြ၊ စိတ္ေသာကေရာက္တာေတြ မခံစားရပါဘူး။ သူတို႔မွာ အဲလိုခံစားခ်က္ေတြ မရွိတဲ့အတြက္ အျခားသူေတြ ခံစားေနရတာကို နားမလည္ႏိုင္၊ ကိုယ္ခ်င္းမစာႏိုင္ပါဘူး။

 

အားေပးစကားေျပာဖို႔ဆိုတာေတာ့ အေဝးႀကီးေပါ့။ ႏွစ္သိမ့္ဖို႔ လိုလား မလိုလား မသိသလို၊ ဘယ္လိုႏွစ္သိမ့္ရမယ္မွန္းလည္း မသိပါဘူး။

 

သမီးရည္းစားေတြဆိုတာကေတာ့ တစ္ေယာက္စိတ္ဒုကၡကိုတစ္ေယာက္ေဝမွ်ၿပီး အားေပးႏွစ္သိမ့္မႈ လိုခ်င္ၾကတာ မဟုတ္လား။

 

သင့္ခ်စ္သူက သင့္အခက္အခဲေတြကို အားေပးႏွစ္သိမ့္မေပးတတ္တဲ့သူမ်ိဳးဆိုရင္ ေသခ်ာတာ ႏွစ္ခုက သင့္ကိုမခ်စ္တာ၊ ဒါမွမဟုတ္ စိတ္မမွန္တာ ျဖစ္ႏိုင္ပါတယ္။

 

တစ္ပါးသူကို ဘယ္လိုႏွစ္သိမ့္ေပးရမလဲဆိုတာကို စိတ္ေဝဒနာရွင္ဘက္က လိုလိုလားလား သင္ယူေလ့လာတယ္ဆိုရင္ေတာ့ တျဖည္းျဖည္း အားေပးႏွစ္သိမ့္ႏိုင္သြားပါလိမ့္မယ္။

 

(၄) တစ္ကိုယ္ေကာင္းဆန္တယ္

 

စိတ္မူမမွန္တဲ့သူေတြဟာ ခ်စ္သူက သူတို႔အေပၚ ေပးဆပ္ေနတာမ်ိဳးကိုေတာ့ လိုခ်င္ၿပီး ကိုယ္တိုင္ေတာ့ သိပ္မေပးဆပ္ခ်င္တဲ့ သူမ်ိဳးေတြပါ။

 

ကိုယ့္အတြက္ကိုယ္ သိတတ္လြန္းတာေၾကာင့္ သူမ်ားကို နည္းနည္းေလာက္ ေပးဆပ္လိုက္ရရင္ အမ်ားႀကီးနစ္နာသြားတယ္လို႔ ထင္ေနတတ္ပါတယ္။ ကိုယ္က်ိဳးလည္း ၾကည့္တတ္တာေၾကာင့္ သူတို႔အတြက္ အက်ိဳးရွိမယ္ဆိုမွ အနည္းငယ္ေပးဆပ္တတ္ပါတယ္။

 

ဥပမာ- သင့္ခ်စ္သူက သင္တို႔ႏွစ္ေယာက္ရဲ႕ အထိမ္းအမွတ္ေန႔ေတြ၊ ထူးျခားတဲ့ေန႔ေတြမွာ အၿမဲတမ္း ဘာဆိုဘာမွ မေပးဘူးဆိုရင္ သူက ႐ိုမန္းတစ္မဆန္တာတစ္ခုတည္းေၾကာင့္မဟုတ္ပါဘူး။ သူ႔မွာ စိတ္ေဝဒနာရွိေနတာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

 

တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့အတြက္ သူတစ္ပါးကို ဘယ္လိုေပးဆပ္ရမယ္မွန္း မသိတာပါ။

 

(၅) ေလးနက္တဲ့အခ်စ္ေရးကို မကိုင္တြယ္ႏိုင္ဘူး

 

စိတ္ေရာဂါရွိတဲ့သူေတြဟာ အခ်စ္ေရးတစ္ခု အရမ္းအေလးအနက္ျဖစ္လာတဲ့ဒဏ္ကို မခံႏိုင္ပါဘူး။ ေလးနက္တဲ့ သံေယာဇဥ္ေတြ တိုးလာေလ ပိုၿပီး ဝန္ပိလာတယ္လို႔ခံစားရၿပီး ထြက္ေျပးခ်င္ေလပါပဲ။

 

အေပ်ာ္ႀကံခ်င္တာေတာ့ မဟုတ္ပါဘူး။ သူတို႔ကိုယ္တိုင္က ေလးနက္တဲ့သံေယာဇဥ္ေတြကို ေရရွည္ထိန္းထားႏိုင္ဖို႔ အင္အားမရွိတာပါ။

 

သတင္းေကာင္းေတာ့ရွိပါတယ္။ စိတ္ေရာဂါရွိတဲ့သူေတြဟာ သူတို႔ရဲ႕အျပဳအမူေတြ ဒီထက္ေကာင္းမြန္လာေအာင္ ေလ့က်င့္ယူလို႔ရတယ္လို႔ စိတ္ပညာရွင္ေတြက ဆိုပါတယ္။

 

သတိျပဳရမွာက သူတို႔ကို ၾကမ္းၾကမ္းတမ္းတမ္း ကိုင္တြယ္လို႔မရပါဘူး။ ကိုယ္ခ်င္းစာတတ္ေအာင္၊ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံတတ္ေအာင္ စိတ္ရွည္ရွည္နဲ႔ သင္ေပးမယ္၊ ပိုၿပီးခ်စ္ေပးမယ္ဆိုရင္ သူတို႔ရဲ႕ အျပဳအမူေတြ ေျပာင္းလဲလာႏိုင္ပါတယ္။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 19 February 2020 16:38
Rate this item
(0 votes)
Tagged under