အသက် ၃၀ မှာ ချစ်သူရှာမယ်ဆိုရင် ဘာတွေကြုံတွေ့ရမလဲ

အသက် ၃၀ မှာ ချစ်သူရှာမယ်ဆိုရင် ဘာတွေကြုံတွေ့ရမလဲ google.com

အသက်၃ဝဆိုတာဘဝမှာပြောင်းလဲမှုတွေအများကြီးကြုံဖူးသွားပြီဖြစ်တဲ့အရွယ်ပါ။အဲဒီပြောင်းလဲသွားတဲ့ ဒီပြောင်းလဲသွားတဲ့အရာတွေထဲမှာအချစ်ရေးနဲ့ပတ်သက်တဲ့သဘောထားတွေလည်းပါဝင်ပါတယ် ။ ဒါ ကြောင့် ၃ဝ မှချစ်သူထားမယ်ဆိုရင်ေ အာက်ပါအချက်လေးတွေကို ဖတ်ကြည့်ထားဖို့လိုပါတယ်နော် ။

၁။ ရွေးချယ်စရာရှားပါးလာပါတယ်

သင့်အသက် ၃ဝ ရောက်တဲ့ အခါ သင့်ဝန်းကျ င်ကလူအများစုဟာ ကိုယ်ပိုင်မိသားစုဘဝလေး တွေ၊ အချစ်ရေးတွေနဲ့ အခြေကျ ကုန်ပါပြီ။ ဒါကြောင့်သင့်တော် လိုက်ဖက်တဲ့ လက်တွဲဖော်ကို ရွေးဖို့ကလည်း ပိုရှားသွားပါပြီ။

 

 

၂။ ဦးစားပေးကိစ္စတွေလည်း ပြောင်းလဲသွားတယ်

အသက် ၃ဝ မှာ ဘဝအတွက် ဦးစားပေးစဉ်းစားတဲ့ ကိစ္စတွေကလည်း ပြောင်းလဲသွားပါပြီ။ တွေးနေကျ အရာတွေနေရာ မှာ တခြားအရာအသစ်တွေအစားထိုးပြီး ရည်ရွယ်ချက်ပန်းတိုင်တွေ ကလည်း ပိုခိုင်မာသွားပါပြီ။ ဒါကြောင့်အချစ်ရေး မှာ ပိုပြီး ချေးများလာပါတယ်။

 

 

၃။ ဦးနှောက်ကိုပိုဦးစားပေးလာတယ်

အသက်အရွယ်အရ အနာဂတ်ကို ပိုမျှော်မြင်တတ်လာတာနဲ့အမျှ လိုချင်တာနဲ့လိုအပ်တာကို လည်း ပိုခွဲခြားနားလည် လာပါတယ် ။ ဒါကြောင့် နှလုံးသားထက် ဦးနှောက်ကို ပိုဦးစားပေးလာတယ် ။

 

၎။ စိတ်ခံစားချက်ကိုအလိုလိုက်စိတ်လျော့နည်းလာတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာသလို ဘဝအတွက် ကိုယ်ပိုင်စည်းမျဉ်းတွေလည်း ပိုပြီး ခိုင်ခိုင်မာမာချမှတ်လာပါတယ် ။ ဒါကြောင့်သင်တန်ဖိုးထားရတဲ့ အရာတွေနဲ့နှစ်သက်မှုတွေကို လွယ်လွယ် နဲ့လျော့ပစ်ဖို့စိတ်မကူးတော့ ပါဘူး။

 

 

၅။ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ပိုထည့်စဉ်းစားလာတယ်

အတိတ်မှာ နာကျင်စရာတွေ ရှိနိုင်သလို အတွေ့အကြုံတွေကိုလည်း အများကြီးဖြတ်သန်း လာခဲပြီမို့  ပိုပြီးတော့ လည်း သတိရှိနေပါပြီ။ ဒါကြောင့်တစ်ဦးတစ်ယောက်အပေါ် ယုံကြည်ဖို့ရာ တော် တော် အားထုတ်လာရပါပြီ။

 

 

၆။ ပိုပြီးတော့ ချင့်ချိန်တတ်လာတယ်

သင့်အသက်အရွယ်အရ တည်ဆောက်ပြီးသားဂုဏ်သိက္ခာတွေနဲ့ထိုက်တန်တဲ့ အချစ်ရေးမျိုး ဖြစ်ဖို့ချင့်ချိန်တတ်လာတယ် ။ သင့်ကိုထိခိုက်နစ်နာစေတဲ့ အချစ်ရေးမျိုးမှာ ရှိဖို့ထက် တစ်ယောက် တည်းနေတာက ပိုကောင်းတယ်လို့တွေးလာ တယ် ။ အသက် ၃ဝ ဆိုတာ သင့်တော် တဲ့ လက်တွဲဖော်စစ်ရဖို့က တကယ်ပဲခက်ပါတယ်။ဒါပေမဲ့သေချာတာတစ်ခုကသေချာစဉ်းစားချင့်ချိန်တဲ့အတွက်မကောင်းတဲ့အချစ်ရေးကိုတော့ ရှောင်ရှားနိုင်စေ မှာပါ။ တွေ့ခဲ့ရင်လည်း သင့်ရင့်ကျက်မှုနဲ့ထိုက်တန်တဲ့အချစ်ရေးကို ဖန်တီးနိုင်မှာပါ။

 

 

Credit;Gandawin Magazine

Read times Last modified on Wednesday, 19 September 2018 10:32
Rate this item
(1 Vote)