ရှက်တတ်တဲ့ မိန်းကလေးတွေကို သဘောကျစေတဲ့အချက်

ရှက်တတ်တဲ့ မိန်းကလေးတွေကို သဘောကျစေတဲ့အချက်

မိန်းကလေးတွေက ရှက်တတ်၊ ကြောက်တတ်တဲ့ မိန်းကလေးဆိုရင် အမျိုးသားတွေရဲ့ လေးစားချစ်ခင်ခြင်းကို ခံရမှာဖြစ်ပါတယ်။

အဘယ့်ကြောင့်ဆိုသော် အမျိုးသားတွေဟာ ရှက်တတ်တဲ့ မိန်းကလေးတွေကို ပိုပြီးလေးစား မြတ်နိုးကြ
လို့ပဲဖြစ်ပါတယ်။

 

မိန်းမဆန်ခြင်း

 

အရှက်တရားဟာ မိန်းကလေးတွေအတွက် မရှိမဖြစ်ပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် အရှက်မဲ့လေ၊ ရှိရင်းစွဲ တန်ဖိုးတွေက ကျဆင်းတတ်ကြပါတယ်။

 

မိန်းကလေးတွေကို မိန်းမပိုပြီး ဆန်စေတာကလည်း အရှက်တရားကြောင့်ပဲဖြစ်ပါတယ်။

 

တာဝန်ယူခြင်း

 

မိန်းမလေးတစ်ယောက်ရဲ့ မ၀ံ့မရဲဖြစ်မှုတွေဟာ သင့်ချစ်သူကို စာနာစိတ်နဲ့ သတ္တိတွေ မွေးဖွားစေပါတယ်။ သူဟာ သင့်ကြောင့် ယောက်ျားပိုဆန်ပြီး အရာရာကို အလေးထား တာဝန်ယူစိတ်ကို ဖြစ်စေလို့ပဲ ဖြစ်ပါတယ်။

 

ကြောက်ရွံ့ခြင်း

 

မိန်းကလေးတစ်ယောက်က အရှက်တရား လက်ကိုင်ထားရင်တော့ အခြားလူတွေထက် ပိုမိုသာလွန်တဲ့ ကိုယ်ကျင့်သိက္ခာ ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

အရှက်အကြောက်တရားဟာ သင့်တော်မှန်ကန်တာတွေကို လုပ်ရမှာ မရှက်ဘဲ မသင့်တော်တာတွေ မကောင်းမှုတွေကိုလုပ်ဖို့တော့ ကြောက်ရွံ့တတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:56
Rate this item
(4 votes)