ကိုယ့်ချစ်သူကို မပြောသင့်တဲ့စကားများ

ကိုယ့်ချစ်သူကို မပြောသင့်တဲ့စကားများ google.com

ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ့်ချစ်သူကို အမြဲတမ်းမဟုတ်ရင်တောင် တစ်ခါတစ်လေလေး စိတ်ချမ်းသာအောင်တော့ ထားသင့်ပါတယ်။

 

ဒါမှလည်း ရေရှည်မှာ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်လေးတွေ ရှိလာပြီး အမြဲလက်တွဲနိုင်မှာပါ။အမြဲတမ်းအဆင်ပြေဖို့ ဆိုရင်အောက်မှာပြောပြထားတာတွေကိုပြုလုပ်သင့်ပါတယ်နော်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ကိုယ့်ချစ်သူကို.....

 

မင်းသဘောပဲ မင်းစိတ်ကြိုက်လုပ်လို့ စကားကို ပြီးပြီးရောမပြောသင့်ပါ။ ဘယ်တော့မဆို နှစ်ယောက်အတူတူ တိုင်ပင်ပြီး လုပ်ကြရအောင်လို့ ပြောသင့်ပါတယ်။

 

မင်းကိုငါစကားမပြောချင်တော့ဘူး ဆိုပြီးလဲ မပြောသင့်ပါ။ အဲဒီကိစ္စအတွက် နောက်နေ့မှ ဆက်ပြောတော့မယ်လို့ ပြောသင့်ပါတယ်။

 

မင်းကတော့ မလွယ်ပါဘူးဆိုပြီးလဲ မပြောသင့်ပေ။ မင်းရဲ့အပြုအမူတွေက ကိုယ့်အတွက် နာကျင်အောင်ခံစားရတယ်လို့ ပြောဆိုသုံးနှုန်းသင့်ပါတယ်။

 

အိမ်ကလည်းရှုပ်ပွနေတာပဲ မရှင်းထားဘူးလားဆိုပြီး မပြောသင့်ပေ။ တစ်ယောက်တည်းကိုပဲ အပြစ်တင်နေမယ့်အစား နှစ်ယောက်အတူလုပ်လိုက်ရင်လည်း အဆင်ပြေနေတာပဲလို့ ပြောဆိုသင့်ပါတယ်။

 

မင်းငါ့ကိုနာကျင်အောင် တမင်လုပ်နေတာလားဆိုပြီး မပြောဆိုသင့်ပေ။ တစ်ယောက်ယောက်ကို အပြစ်တင်နေမယ့်အစား ဒါကမတော်မဆဖြစ်သွားတာပါ။ နာကျင်ဖို့အတွက် တမင်ရည်ရွယ်ထားတာမဟုတ်ပါဘူးဆိုပြီး ဖြေရှင်းသင့်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Monday, 15 October 2018 15:14
Rate this item
(1 Vote)