ချစ်သူအပေါ် သံယောဇဉ်သိပ်မထားတဲ့ ယောက်ျားလေးများရဲ့အချက်များ -၂

ချစ်သူအပေါ် သံယောဇဉ်သိပ်မထားတဲ့ ယောက်ျားလေးများရဲ့အချက်များ -၂ google.com

ယောက်ျားလေးတချို့ကတော့ အချစ်ကို တစ်ဘ၀လုံးအတွက် ဖြစ်နေတတ်သလို၊

တချို့ကတော့ အချစ်ဆိုတာ သူ့အတွက် ကစားဖို့သက်သက်ပဲလို့ ခံယူထားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။

 

ချစ်သူအပေါ် သံယောဇဉ်သိပ်မထားတဲ့ ယောက်ျားလေးများရဲ့အကြောင်းကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

အခြားတစ်ယောက်တွေ့နေခြင်း

 

ယောက်ျားလေးတစ်ယောက်မှာ ရင်ခုန်ရမယ့်သူ၊ ချစ်ရမယ့်သူအသစ် ရှိလာပြီဆိုရင် အနေအထိုင်၊ အပြောအဆို၊ အပြုအမူတွေအားလုံး ပြောင်းလဲသွားတတ်ကြပါတယ်။ ဥပမာ စိတ်နဲ့ကိုယ်နဲ့ မကပ်တာ၊ သင့်ကို ရှောင်ဖယ်နေတာ၊ စိတ်တွေ တိုနေတာ၊ စိတ်မရှည်တာတွေ ဖြစ်လာတော့မှာဖြစ်ပါတယ်။

 

တချို့တွေက ငါ့မှာနောက်တစ်ယောက်ရှိနေပြီ ဆို၍ ပြောပြီး လမ်းခွဲသွားတတ်ကြပါတယ်။ တချို့ကတော့ သင့်ကို စိတ်ပျက်အောင်အမြဲလုပ်ပြီးမှ သင့်ဖက်က လမ်းခွဲစကားပြောလာမယ့် အချိန်ကိုစောင့်နေတဲ့လူလည်း ရှိတတ်ကြပါတယ်။

 

မပျော်ရွှင်ခြင်း

 

အချို့ ယောက်ျားလေးတွေက အပျော်ကြိုက်တဲ့သူဖြစ်ကြပါတယ်။ ဒါကိုမိန်းကလေးတွေက သိထားရပါမယ်။ ယောက်ျားလေးတစ်ယောက်ကို ချုပ်ချယ်လွန်းတာ၊ သဝန်တိုလွန်းတာ၊ ပိတ်ပင်တာတွေ၊ ရစ်တာတွေ အရမ်းများနေပြီး တစ်နေ့တစ်နေ့ ဒီလိုချည်းပဲဖြစ်နေတယ်ဆိုရင်တော့ လွတ်လပ်မှုကို သူရှာဖွေတော့မှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ပျိုမေတို့သိထားရမှာက ယောက်ျားလေးတစ်ယောက်က စိတ်အရမ်းမွန်းကျပ်ရင် စိတ်ထွက်ပေါက် ရှာတော့မယ်ဆိုတာကို သိထားသင့်ပါတယ်။

 

ထို့ကြောင့် နဂိုကတည်းက လျှော့သင့်တာလျှော့၊ တင်းသင့်တာတင်းတာ အကောင်းဆုံးပါပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ မရည်ရွယ်ပဲ သင့်ကို သံယောဇဉ်ဖြတ်သွားတတ်ကြပါတယ်။

 

ဂုဏ်ယူခြင်း

 

တချို့ယောက်ျားလေးတွေက သူတို့ရဲ့ ဂုဏ်ယူစရာမကောင်းတဲ့ ကိစ္စကို ဂုဏ်ယူနေကြပါတယ်။

 

တချို့ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့ ကောင်မလေးတွေသဘောကျတယ်၊ ရည်းစားတွေ အရမ်းများတယ် ဆိုတာမျိုးကို ဂုဏ်ပုဒ်တစ်ခုလို့ သတ်မှတ်ပြီး အဲဒီလိုဂုဏ်ပုဒ်မျိုးကို အရမ်းမက်မောကြတဲ့သူတွေလည်း ရှိပါတယ်။

 

သူတို့ရဲ့ရုပ်ရည်၊ အခြေအနေတွေနဲ့ အကြောင်းကြောင်းကြောင့် အဲလိုမဖြစ်လာတဲ့အခါ သူတို့လိုချင်တဲ့ အခြေအနေမျိုးကို ဖန်တီးယူကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:44
Rate this item
(4 votes)