မဖောက်ပြန်တက်တဲ့  ယောင်္ကျားမျိုးဆိုတာ

မဖောက်ပြန်တက်တဲ့  ယောင်္ကျားမျိုးဆိုတာ google

ယောင်္ကျားလေးတွေဟာ တကယ်ချစ်တဲ့ကောင်မလေးနဲ့ တွေ့တဲ့အခါ အဲ့ကောင်မလေးကိုပဲ တစ်သက်လုံးချစ်ပြီး သစ္စုာရှိသွားတဲ့ သူမျိုးတွေ ဖြစ်ကြပါတယ်။

ခုဖော်ပြပေးမယ့် အချက်လေးတွေက သင့်အပေါ်ကို ဘယ်တော့မှ မဖောက်ပြန်ပဲ သစ္စာရှိနေမယ့် ယောက်ျားလေးတစ်ယောက်ရဲ့  လက္ခဏာတွေ ဖြစ်ပါတယ်။

 

မျက်နှာမများဘူး

သင့်ကောင်လေးက သင်တို့နှစ်ယောက်တည်း ရှိချိန်ဆိုတစ်မျိုး၊ သူငယ်ချင်းတွေ ရှေ့ ကျတစ်မျိုး၊ လူများရှေ့ ဆိုတစ်မျိုး အဲလို မျက်နှာများတတ်တဲ့သူမဟုတ်ပဲ ဘယ်အချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သင့်ကိုဆက်ဆံတဲ့ ပုံစံက မပြောင်းလဲဘူးဆိုရင်တော့ သင့်အပေါ်ကို တကယ်သစ္စာရှိတဲ့သူ ဖြစ်ပါတယ်။ ဒီလိုချစ်သူမျိုးကို ရရှိထားတာ သင်အရမ်း ကံကောင်းပါတယ်။

 

သင်ပြောတဲ့စကားတွေကိုမှတ်မိနေတယ်

ယောင်္ကျားလေး တော်တော်များများဟာ သူတို့ မလိုအပ်ဘူးထင်တဲ့ အရာတွေ၊ သိပ်စိတ်မဝင်စားတဲ့ ကိစ္စတွေကို မှတ်ထားလေ့ မရှိပါဘူး။ သင့်ချစ်သူဟာ အချိန်တွေ ဘယ်လောက်ကြာကြာ သင်ပြောဖူးတဲ့ စကားလေးတွေကို သတိရနေတယ်၊ မှတ်မိနေသေးတယ် ဆိုရင်တော့ သင့်ကို တန်ဖိုးထားတဲ့အပြင် တော်တော်ချစ်လို့ပါ။ ဒီလို လူမျိုးတွေဟာ သစ္စာရှိတဲ့ သူတွေဖြစ်ပါတယ်။

 

သင့်ကိုလေးစားမှုအမြဲပေးတယ်

သင့်ချစ်သူဟာ သင့်ထက် အများကြီး ပိုအောင်မြင်တာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သင်ကသူ့ထက် အများကြီး အားနည်းချက်များတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သင့်ချစ်သူက သင်ဘယ်နေရာ ဘယ်အခြေအနေရောက်ရောက် သင့်ကို တင်တင်စီးစီး မဆက်ဆံပဲ အမြဲတမ်း လေးလေးစားစားဆက်ဆံပြီး၊ ကြင်နာနွေးထွေးတယ်ဆိုရင်တော့ သင့်အပေါ်မှာ အမြဲသစ္စာရှိနေမယ့် ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပါတယ်။

 

ပိုပိုပြီးချစ်လာတယ်

လူတော်တော်များများဟာ တွဲလာတဲ့ သက်တမ်းကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ အချစ်တွေလျော့ပြီး ရိုးလာကြပါတယ်။ သင့်ချစ်သူက ဒီလိုမဟုတ်ပဲ သင့်အပေါ်မှာ စတွဲတုန်းကလိုပဲ ဂရုစိုက်မှုတွေ လျော့မသွားတဲ့ အပြင်ကို ပိုပိုပြီးတောင် ချစ်လာတယ်၊ ကြင်နာပေးတယ်၊ တန်ဖိုးထားတယ်ဆိုရင်တော့ သင့်အပေါ်မှာ အမြဲသစ္စာရှိမယ့် သူဖြစ်ပါတယ်။

 

အားလုံးကိုရင်ဆိုင်ရဲတယ်

 

သင့်ချစ်သူဟာ အရာအားလုံးထက်သင့်ကို ရွေးချယ်တယ်၊ သင်နဲ့ ပတ်သက်ရင် အရာရာကို စွန့်လွှတ်သင့်တာ စွန့်လွှတ်၊ လက်ခံသင့်တာ လက်ခံပြီး အရာရာကို ရင်ဆိုင်ရဲတဲ့သူ ဆိုရင်တော့ ဒီလိုယောင်္ကျားမျိုးကို ရရှိထားတာ သင်ကံကောင်းပါတယ်။ သင့်ကို အမြဲချစ်ပြီး သစ္စာရှိပေးမယ့် သူမျိုးဖြစ်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Wednesday, 22 May 2019 16:35
Rate this item
(1 Vote)
Tagged under