ချစ်လို့မဝနိုင်တဲ့ ချစ်သူဆိုတာ ဘယ်လိုမျိုးလဲ ?????????

ချစ်လို့မဝနိုင်တဲ့ ချစ်သူဆိုတာ ဘယ်လိုမျိုးလဲ ????????? google.com

မိန်းကလေးဘဝမှာ ကိုယ့်ကို ချစ်လို့မ၀တဲ့ ချစ်သူယောက်ျားလေးတစ်ယောက်ကို ရရှိထားတာက အရမ်းကို ကံကောင်းပါတယ်။

 

အဲဒီလိုယောက်ျားနဲ့ ချစ်သူဖြစ်ရတာ စိတ်ချမ်းသာစရာကောင်းသလို မိန်းကလေးတိုင်းရဲ့ ဆန္ဒတစ်ခုလည်းဖြစ်ပါတယ်။

 

တကယ်လို့ သင့်ချစ်သူဟာ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်ဟာ အလွန်ကံကောင်းတဲ့သူဖြစ်ပါတယ်။

 

စိတ်ဆိုးမှာကိုကြောက်ခြင်း

 

သင့်ချစ်သူဟာ သင်စိတ်ဆိုးမှာကို အရမ်းကြောက်တဲ့သူမျိုးဖြစ်ပါတယ်။ ထို့ကြောင့် သင့်ကိုအမြဲတမ်းဦးစားပေး လိုက်လျောတဲ့ အချိန်တွေက ပိုများနေမှာ ဖြစ်ပါတယ်။

 

သူ့ရဲ့ဆန္ဒတွေထက် သင့်ရဲ့ဆန္ဒတွေကို ပိုပြီးဦးစားပေးတတ်တဲ့သူမျိုးဖြစ်ပါတယ်။ တစ်ခါတလေ အသေးအမွှားကိစ္စလေးတွေမှာ သင့်ကို လိမ်ပြောတတ်ပါတယ်။

 

အကြောင်းကတော့ သင်မကြိုက်တဲ့အရာလေးတွေကို သူလုပ်မိတဲ့အခါ သင်စိတ်ဆိုးသွားမှာ အရမ်းကြောက်လို့ လိမ်ပြောရခြင်းဖြစ်ပါတယ်။ အဲလိုအချိန်ကျရင် သိပ်အရေးမကြီးတဲ့ အရာတွေဆိုရင် မသိချင်ယောင် ဆောင်နေပေးလိုက်တာက သင့်အတွက် ပိုကောင်းပါလိမ့်မယ်။

 

အဆင်ပြေအောင်ပြုလုပ်ပေးခြင်း

 

ချစ်သူတွေရဲ့ သဘာဝတစ်ခါတလေ ကတောက်ကဆ ဖြစ်တဲ့အချိန်တွေလည်းရှိမယ်၊ အကြီးအကျယ်ရန်ဖြစ်တဲ့ အချိန်တွေလည်း ရှိမယ်။

 

သို့ပေမယ့် သင့်ချစ်သူဟာ သင်နဲ့ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ကောက်နေပါစေ၊ သင့်ကိုအကြာကြီး မချော့ပဲ ပစ်ထားတတ်တဲ့သူ မဟုတ်ဘဲ အဆင်ပြေအောင် ပြုလုပ်တတ်ပါတယ်။

 

တစ်ရက်အတွင်း သင့်နဲ့ပြေလည်အောင် ကြိုးစားမယ့်သူမျိုးဖြစ်ပါတယ်။ အကြောင်းကတော့ သင်မပျော်ရင် သူလည်းမပျော်နိုင်လို့ အဆင်ပြေအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:43
Rate this item
(6 votes)