ကွာရှင်းထားတဲ့ ဆယ်လီတွေ ပါဝင်သွားမယ့် Variety Show အသစ် “We Got Divorced”

ကွာရှင်းထားတဲ့ ဆယ်လီတွေ ပါဝင်သွားမယ့် Variety Show အသစ် “We Got Divorced” Koreaboo

ကိုရီးယားရဲ့ We Got Married ဆိုတဲ့ MBC ရဲ့ Show ကတော့ ပရိသတ်တွေ ကြားမှာ တော်တော် လေး နာမည်ကြီးခဲ့ပါတယ်။

 

ဒီအစီအစဉ်ကတော့ ဆယ်လီတွေ ရဲ့ fake dating show ပါ။ နောက် အသစ် ထွက်လာမယ့် Show က တော့ ပရိသတ်တွေ ကြားမှာ သေချာပေါက် နာမည်ကြီးလာအုံးမှာဖြစ်ပါတယ်။ Variety Show သစ်ရဲ့ နာမည်ကတော့ We Got Divorced ပါ။ ကွာရှင်းပြတ်စဲထားတဲ့ ဆယ်လီတွေအတွက် ရည်ရွယ်ထားတဲ့ Show ပါ။ ဒီအကြောင်းကိုတော့ Koreaboo မှာ ဖော်ပြထားတာပါ။

 

YTN ရဲ့ ဖော်ပြချက်အရ တော့ We Got Divorced ဟာ TV Chosun ရဲ့ variety show သစ် ပါ။ ဒီအစီအစဉ် ကိုတော့ Lee Kook Yong PD က နေ ဦး ဆောင်သွားမှာပါ။ သူက တော့ Taste of Love series ရဲ့ PD အဖြစ် လည်း တာဝန်ယူ ထား သူပါ။ 1 Night 2 Days ကို လုပ်ခဲ့ဖူးတဲ့ စာရေးသူ Jung Sun Young က ဦးဆောင်သွားမှာပါ။ ဒီ Show မှာ တော့ ဆယ်လီ တွေ ရဲ့ ကွာရှင်းပြတ်စဲ မှုတွေ အကြောင်းကို မတူညီတဲ့ ပုံစံသစ်၊ စတိုင်လ်သစ် နဲ့ တင်ဆက်သွားမှာပါ။ လက်ရှိ မှာတော့ ပထမဆုံး အပိုင်းကို လွှင့် နိုင်ဖို့ အတွက် ညှိနှိုင်း ဆောင်ရွက် မှုတွေ လုပ် နေပြီး ညှိနှိုင်းမှုက နောက်ဆုံး အဆင့် ကို ရောက် နေပါပြီ။

 

အစ ပိုင်းတုန်းက တော့ ဒီအစီအစဉ်ကို Taste of Love နဲ့ Taste of Wife တို့ အပြီး တတိယမြောက် “Taste of” စီးရီးတွေ ရဲ့ အဆက် Taste of X ဆိုပြီး နာမည် ပေးဖို့ လုပ် ထားတာပါ။ ဒါပေမယ့် production အတွက် လုပ် နေတဲ့ အချိန်မှာပဲ We Got Divorced ဆိုပြီး နာမည် ပေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ TV Chosun က နေ Taste of Love series ရဲ့ Producer တွေ ဟာ We Got Divorced အတွက် ပြင်ဆင်မှုတွေ လုပ်‌နေတဲ့အကြောင်းကို အတည်ပြုခဲ့ပါတယ်။ Show ပြင်ဆင်မှု နောက်ဆုံးအဆင့်ကို ရောက်နေပါပြီလို့ TV Chosun က အတည်ပြုခဲ့ပါတယ်။

 

We Got Divorced ရဲ့ ပထမဆုံး အပိုင်း မှာတော့ ကွာရှင်းထားတဲ့ ဆယ်လီ စုံတွဲ Lee Young Ha နဲ့ Sunwoo Eun Sook တို့ ပါဝင် သွားကြမှာပါ။ (၁၉၈၁)မှာ လက်ထပ်ပြီး အိမ်ထောင်သက် ၂၆ နှစ်အကြာ ၂၀၀၇ မှာ ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းထားပေမယ့်လည်း သူတို့နှစ်ယောက်ကတော့ ရုပ်သံထုတ်လွှင့်မှုမှာ သား၊ ချွေးမ တို့နဲ့ အတူပါဝင်ခဲ့ကြပါတယ်။ ကွာရှင်းထားတဲ့ စုံတွဲ တွေ အနေနဲ့ အစီအစဉ်တစ်ခုမှာ အတူပါဝင်ကြဖို့ဆိုတာဟာ တကယ်တော့ ထင်သလောက်တော့ မလွယ်ပါဘူး။ သူတို့ စုံတွဲ ပြီးရင်တော့ ကွာရှင်းထားတဲ့ ဘယ်ဆယ်လီစုံတွဲတွေက ဒီအစီအစဉ်မှာ ပါဝင်မလဲ ဆိုတာကတော့ စောင့် ကြည့်ရမှာပါ။

 

 

Ref: Koreaboo

Read times
Rate this item
(0 votes)