ချမ်းသာတဲ့ အိမ်ထောင်ဖက် ဘယ်လိုရွေးချယ်မလဲ - ၂

ချမ်းသာတဲ့ အိမ်ထောင်ဖက် ဘယ်လိုရွေးချယ်မလဲ - ၂ google.com

ချမ်းသာတာ မချမ်းသာတာကလည်း ကံအပေါ် မူတည်တာကြောင့် ပြောဖို့ရာ အရမ်းခက်ခဲလှပါတယ်။

ချမ်းသာဖို့ အလားအလာရှိတဲ့ အိမ်ထောင်ဖက်မျိုးရွေးချယ်ဖို့က လုပ်ရည်ကိုင်ရည်ရှိဖို့လည်း လိုအပ်ပါတယ်။

 

အလုပ်လုပ်ပြီး အောင်မြင်စပြုတဲ့သူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးဖို့ အကောင်းဆုံးဖြစ်ပါတယ်။

 

ယင်းနောက် အိမ်ထောင်ပြုတော့မှ ကိုယ့်အိမ်ထောင်ဖက်နဲ့ ဒိုးတူဘောင်ဖက် လုပ်ဖို့လိုရင်လုပ်၊ အထောက်အပံ့လိုရင် ထောက်ပံ့ပြီး အကြံပေး လိုလျှင် အကြံပေးလိုက်နဲ့ တွန်းအားပေးဖို့လိုရင် တွန်းအားပေး ဖို့ လိုပါလိမ့်မယ်။ အဲဒါတွေအားလုံးကို အရမ်းခက်ခဲတယ်လို့ ထင်ချင်ထင်ကြပါလိမ့်မယ်။

 

အိမ်ထောင်ဖက်ကို မိမိဘာသာ ယုံကြည်မှုရှိလာအောင် ဆန့်ကျင်ဘက်စကားတွေ သိပ်မပြောဘဲနဲ့ အားပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။

 

သူစိတ်ညစ်လာတဲ့အခါ နားထောင်ပေးသင့်ပါတယ်။

 

ပတ်ဝန်းကျင်မှဖြစ်ပျက်သမျှကို မြင်အောင် ပြောပြနိုင်တဲ့လူဖြစ်ရပါမယ်။

 

ထို့ကြောင့် ချမ်းသာပြည့်စုံနေတဲ့သူကိုရှာပြီး အိမ်ထောင်ပြုတာထက် ချမ်းသာဖို့ အလားအလာကောင်းရှိတဲ့ အိမ်ထောင်ဖက်မျိုးကို ရှာပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နှစ်ဦးအတူကြိုးစားတာကမှ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့မှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:10
Rate this item
(0 votes)