စိတ်ကောက်နေတဲ့သင့်ချစ်သူကို စိတ်ကောက်ပြေအောင် ချော့နည်း ( ၅ ) မျိုး

စိတ်ကောက်နေတဲ့သင့်ချစ်သူကို စိတ်ကောက်ပြေအောင် ချော့နည်း ( ၅ ) မျိုး google

စိတ်ကောက်တတ်တဲ့ ကောင်မလေးများ အနားမှာရှိလား” အဲဒါက သီချင်းစာသားနော်။ မေးခွန်းမဟုတ်ဘူး။

စိတ်ကောက်တတ်တဲ့ ချစ်သူမျိုးဆိုတာ သိပ်ပြီး ချစ်စရာကောင်းတယ်လို့ တချို့တွေက သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ခဏခဏ စိတ်ကောက်ပြန်ရင်လည်း စိတ်ညစ်နေရပြန်ရော။ ပိုဆိုးတာက သူ စိတ်ကောက်တဲ့အခါ ဘယ်လိုချော့ရမှန်းမသိတာပါပဲ။ အဲလိုဆိုရင် အခြေအနေတွေက ပိုဆိုးပြီလေ။ ဒီတော့ ကိုယ့်ရဲ့ချစ်သူစိတ်ကောက်တဲ့အခါ အမြန်ဆုံး စိတ်ကောက်ပြေစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။

 

() အမှန်အတိုင်းဝန်မခံပါနဲ့

အမှန်အတိုင်းဝန်ခံမယ် ဟုတ်လား? ။ ကိုယ်က မဟုတ်တာတစ်ခုခု လုပ်ထားမိလို့ ကိုယ့်ချစ်သူက စိတ်ကောက်ပြီဆို အမှန်အတိုင်းဝန်ခံဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ အဲဒါက ပြသနာကို ပိုပြီး ကြီးထွားသွားစေပါလိမ့်မယ်။ ကံဆိုးရင် ၂ ညအိပ် ၃ ရက် စိတ်ကောက်တာမျိုးတောင် ခံရနိုင်ပါတယ်။ ဥပမာ ဂိမ်းကစားနေလို့ ချိန်းထားတဲ့နေရာကို နောက်ကျမှရောက်တယ်ဆိုပါတော့။ အဲဒါကို အမှန်အတိုင်းဝန်ခံလိုက်ရင် “ရှင်က ကျွန်မကို ဂိမ်းလောက်တောင်တန်ဖိုးမထားဘူး” ဘာညာနဲ့ ကြီးကျယ်တဲ့စိတ်ကောက်ပွဲကြီး ဆင်နွှဲရပါလိမ့်မယ်။ အဲဒီအစား ဒရာမာဆန်တဲ့ ဇာတ်လမ်းတစ်ခုခုဖန်တီးပြီး သူ့ကိုရှင်းပြပါ။

 

() စားစရာတစ်ခုခု အမြန်ဝယ်ကျွေးပါ

ဘယ်လောက်ပဲ စိတ်ကောက်နေတဲ့သူဖြစ်ဖြစ် တစ်ခုခုစားနေရတဲ့အခါ စိတ်ကောက်တဲ့ တန်ပိုလျော့သွားတတ်ပါတယ်။ ကိုယ်အရမ်းကြိုက်တာမျိုးစားရပြီဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒီတော့ သူ့ရဲ့အကြိုက်ဆုံး အစားအစာကို မှတ်ထားပြီး စိတ်ကောက်တိုင်းသာ ၀ယ်ကျွေးပါ။ အကုန်အကျများနိုင်တဲ့ နည်းလမ်းဖြစ်ပေမယ့် တော်တော်အသုံးဝင်တာမို့ ကျွေးသာ ကျွေးပါ။

 

() ပွေ့ချီပြီး လျှောက်သွားပါ

ဒါကတော့ ယောင်္ကျားလေးတွေအတွက် ပိုပြီး သင့်တော်ပါတယ်။ ဒါပေမယ့် ကိုယ့်ကောင်မလေးရဲ့ ဘော်ဒီဆိုဒ်နဲ့လည်း ဆိုင်မယ်နော်။ ကိုယ့်ထက် နှစ်ဆလောက် အကောင်ကြီးနေရင် ပွေ့ချီဖို့ကြိုးစားရင်း ပြုတ်ကျနေလို့ နှစ်ထပ်ကွမ်း စိတ်ကောက်ခံနေရဦးမယ်။ ကိုယ်က ပွေ့ချီလို့ရတဲ့အနေအထားဆိုရင်တော့ လူကြားထဲလည်း ပွေ့ချီပြီး လမ်းနည်းနည်းလျှောက်လိုက်ပါ။ အဲဒီလိုဆိုရင် သူ့အနေနဲ့ ရှက်တာရယ်၊ အံ့အားသင့်တာရယ်ကို တပြိုင်တည်းခံစားရမှာဖြစ်ပြီး သင့်ကို စိတ်ကောက်နေတဲ့ ကိစ္စကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။

 

() အလှပြင်ဆိုင်ဆီခေါ်သွားပါ

မိန်းကလေးတွေက ဘယ်လောက်ပဲ စိတ်ဆိုးနေတာဖြစ်ဖြစ် အလှပြင်လိုက်ရပြီဆိုရင် စိတ်က ပျော်သွားကြပါတယ်။ (သူတို့ ပိုလှသွားပြီလို့ ထင်သွားကြတာကိုး)။ ဒီတော့ စိတ်ကောက်ခံရပြီဆိုတာနဲ့ အနီးဆုံး Spa တစ်ခုခုထဲကို သွားနိုင်ဖို့ ကြိုးစားပါ။ ဆံပင်ဖြစ်ဖြစ်၊ မျက်နှာဖြစ်ဖြစ် တစ်ခုခုကို အလှပြင်ပေးလိုက်ပါ။ သင့်ကို စိတ်ကောက်နေတဲ့ တန်ပို လျော့သွားပါလိမ့်မယ်။

 

() ကတိပေးပါ

အဲဒီအချိန်ကျရင် ဘာကတိပဲဖြစ်ဖြစ် ပေးသာပေးပါ။ လုပ်နိုင်တာပဲဖြစ်ဖြစ် မလုပ်နိုင်တာပဲဖြစ်ဖြစ် ပေးသာပေး။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေက သူတို့မလုပ်စေချင်တာတစ်ခုကို ကတိပေးလိုက်ပြီဆိုတာနဲ့ စိတ်ကျေနပ်သွားကြလို့ပါပဲ။ အလွန်အကျွံကြီးတွေတော့ မပေးမိစေနဲ့ပေါ့။ “ကိုယ်ဘယ်တော့မှ ရေမသောက်တော့ပါဘူးကွာ” ဘာညာနဲ့ ပေါက်ကရတွေ သွားပေးမိရင်တော့ ကိုယ့်ဘဝကိုယ်တွေးတော့လေ…။

 

Credit;OP

Read times Last modified on Monday, 04 February 2019 09:20
Rate this item
(1 Vote)