Sensitive ဖြစ်လွန်းတဲ့ချစ်သူနဲ့အချိန်တိုင်းအဆင်ပြေဖို့ အကောင်းဆုံးနည်းလမ်းများ

Sensitive ဖြစ်လွန်းတဲ့ချစ်သူနဲ့အချိန်တိုင်းအဆင်ပြေဖို့ အကောင်းဆုံးနည်းလမ်းများ google.com

အချစ်ရေးအဆင်ပြေဖို့ အကြံပေးကြတဲ့ နည်းလမ်းပေါင်းများစွာထဲမှာ အရမ်းဂဂျီဂဂျောင်ကျပြီး စိတ်တိုလွယ်တဲ့ ကောင်မလေးကို စိတ်ကျေနပ်အောင် ဘယ်လိုထားရမလဲဆိုတာကို မဖတ်ဖူးသေးပါဘူး။

ဒါကြောင့် အဲ့ဒီလို sensitive မမ၊ ညီမလေးတွေကိုမှချစ်ကြတဲ့ ကိုကို၊ မောင်မောင်တွေအတွက် အကောင်းဆုံးအကြံတွေကတော့ဒီမှာပါ။

 

() စကားကို ညင်ညင်သာသာပြောပါ

 

စကားပြောခက်ထန်ကြမ်းတမ်းတာကို ဘယ်သူမှမကြိုက်ကြပါဘူး။ သူတို့လေးတွေကပိုမကြိုက်ပါဘူး။ ဒါကြောင့်သင့်အနေနဲ့စိတ်တိုနေရင်တောင်သူတို့ကိုတတ်နိုင်သလောက် ညင်ညင်သာသာပြောပါ။

 

() ငြင်းရမယ့်ကိစ္စတွေကို တတ်နိုင်သရွေ့ရှောင်ပါ

 

ဘာမဟုတ်တာလေးတွေကို ငြင်းခုန်ရင်းနဲ့သူစိတ်အရမ်းတိုသွားရင်ဖြေရှင်းရတွေခက်ပြီးသင်ပဲဒုက္ခရောက်မှာပါ။ သင့်အနေနဲ့သူ့ကိုအနိုင်ပေးဖို့အစီအစဉ်မရှိဘူးဆိုရင်အစတည်းကသွားမငြင်းပါနဲ့။ အနိုင်ပေးရင်လည်း မသိမသာလေးပေးမှ အဆင်ပြေမှာပါ။ တမင်အနိုင်ပေးမှန်းသိရင် နှစ်ဆစိတ်တိုသွားပါလိမ့်မယ်။

 

() သူတို့ဆီကအကြံကိုလုံးဝမယူဘဲမနေပါနဲ့

 

သူတို့တွေက အရမ်းကိုစိတ်ဆိုးလွယ်၊ စိတ်မရှည်လို့ဘာမှသွားမပြော၊ သွားမမေးဘဲမနေလိုက်ပါနဲ့။ အကြောင်းအရာတချို့ကိုပြောပြပြီးသူတို့အကြံကိုယူပါ။ သူတို့ပေးတဲ့အကြံတွေထဲက တချို့ကိုကိုယ်လုပ်လိုက်တဲ့အကြောင်း သူ့ကိုပေးသိပါ။ မဟုတ်ရင် သူတို့ကို မတိုင်ပင်ဘူး၊ အလေးမထားဘူးဆိုပြီး သင့်ကိုစိတ်ဆိုးသွားပါလိမ့်မယ်။

 

() ကောင်းကောင်းနားထောင်ပေးပါ

 

သူတို့ပြောသမျှတွေကို သေသေချာချာနားထောင်ပါ။ သင်ဟာဘယ်လောက်ပဲစိတ်မရှည်နားပူမခံနိုင်တဲ့သူဖြစ်ပါစေအချစ်အတွက်နားထောင်နိုင်သူတစ်ယောက် ဖြစ်ကိုဖြစ်ရမှာပါ။ ဘာလို့ဆိုသင့်ချစ်သူကအရမ်းကို စိတ်ဆိုးလွယ်တယ်မဟုတ်လား။ သူတို့ပြောပြသမျှ အဖြစ်အပျက်၊ အတွေ့အကြုံနဲ့ပြဿနာ ဘာညာကွိကွတွေကို ပျော်ပျော်ကြီးနားထောင်ပေးလိုက်ပါ။ နောက်မှ နားမထောင်လိုက်ရလေခြင်းလို့နောင်တမရပါနဲ့။

 

() သူတို့ကို ဖိအားမပေးပါနဲ့

 

စိတ်ဆိုးလွယ်တဲ့သူလေးတွေက ဆရာလုပ်တာ ၊ ဖိအားပေးတာတွေကို လုံးဝမကြိုက်ပါဘူး။ ကိုယ့်ဘက်က ဖြစ်စေချင်တာရှိရင်လည်း ဖြည်းဖြည်းချင်း ပြောပြပေးလိုက်ပါ။ အတင်းတိုက်တွန်းတာမျိုးမလုပ်ပါနဲ့။ အဲ့လိုဆို သင်ဖြစ်စေချင်သလိုမဖြစ်တဲ့အပြင်မဖြစ်စေချင်တဲ့ရန်ပွဲတွေပါ ဖြစ်သွားနိုင်ပါတယ်။

 

() သူတို့ပြောချင်တာကို အချိန်တိုအတွင်းရှင်းရှင်းလင်းလင်းသိနိုင်အောင်ကြိုးစားပါ

 

ချက်ဆိုနားခွက်ကမီးတောက်မှကြိုက်တာပါ။ စိတ်ကတိုလွယ်ပါတယ်ဆိုမှ သင်ကိုယ်တိုင်ကနားဝေးနေရင်တော့ ရန်သတ်လို့ကို ပြီးတော့မှာမဟုတ်ပါဘူး။ သူပြောတဲ့စကားတွေကို ဘယ်စကားလုံးက ဘာကိုဆိုလိုတယ်၊ ဘယ်စကားပြောရင် ဘာဖြစ်ချင်တယ်ဆိုတာကို အလွတ်ရအောင် လုပ်ထားသင့်ပါတယ်။ သူပြောသမျှကို ချက်ချင်းပေါက်မယ်ဆိုရင် ဒေါ်စန်းစန်းတင့် နဲ့ သင့်ကြားကပြဿနာတော်တော်များများ ငြိမ်းအေးသွားနိုင်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(1 Vote)