ဈေးဗန်းခင်းခြင်းကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများ…

ဈေးဗန်းခင်းခြင်းကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဈေးဗန်းခင်းတယ်ဆိုတဲ့ ဝေါယာရလေးကို ဆိုရှယ်မီဒီယာအသုံးပြုနေတဲ့ လူငယ်တိုင်း ရင်းနှီးကြမယ်ထင်ပါတယ်နော်။

 

ရေလာမြောင်းပေးဆိုတဲ့ စကားလေးကို Upgrade လုပ်ထားတဲ့ ဈေးဗန်းခင်းတယ်ဆိုတဲ့စကားလေးကို သီချင်းလေးတွေအဖြစ်လည်းပုံဖော်ထားကြပါတယ်။

 

ဈေးဗန်းခင်းခြင်းက Single တွေအတွက်လည်းတော်တော်လေးအသုံးဝင်နေတာကိုတွေ့ရပါတယ်။

 

ဒါကြောင့် ဒီနေ့လေးမှာ ဈေးဗန်းခင်းခြင်းကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို ဝေမျှဖော်ပြပေးချင်ပါတယ်။

 

(၁) လူချစ်လူခင်များတယ်။

 

လူတွေကိုယ့်ကို စိတ်ဝင်စားလာဖို့ လုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ဆွဲဆောင်တဲ့ပုံစံလေးတွေကတော့တူကြမှာမဟုတ်ပါဘူး။

 

ဒါပေမယ့် ဈေးဗန်းခင်းတဲ့ Post တော်တော်များများဟာ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတာကြောင့် ရည်းစားမရရင်တောင် လူချစ်လူခင်ကတော့များလာမှာ အသေအချာပါပဲနော်။

 

cute6

 

(၂) ကံကောင်းရင်ရည်းစားတောင်ရနိုင်ပါတယ်။

 

ဈေးဗန်းခင်းတယ်ဆိုတာ ကိုယ့်အကြောင်းတစိတ်တဒေသကိုဖော်ပြပြီးဆွဲဆောင်ရတာဖြစ်လို့ ကိုယ်နဲ့ Type တူတဲ့လူက ကိုယ့်နားကိုအချိန်မရွေးရောက်လာနိုင်ပါတယ်။

 

ဒီလိုအပြန်အလှန်လေ့လာကြည့်ရင်း လက်တွဲဖြစ်သွားတဲ့ စုံတွဲတွေလည်းရှိနေတာကြောင့် ပုံမှန်အတိုင်း ဈေးဗန်းခင်းတတ်ဖို့တော့လိုပါမယ်နော်။

 

cute3

 

(၃) စိတ်ပေါ့ပါးပျော်ရွှင်ရတယ်။

 

ဈေးဗန်းခင်းတဲ့နေရာမှာ တချို့ကတိုက်ရိုက်ခင်းသလို တချို့ကတော့ သွယ်ဝိုက်ခင်းတတ်ကြပါတယ်။

 

ဘယ်လိုနည်းနဲ့ပဲခင်းခင်း ဈေးဗန်းခင်းတဲ့ Post လေးတွေဟာ ဖန်တီးတဲ့သူအတွက်ရော ဖတ်မိတဲ့သူအတွက်ရော နှစ်ဦးနှစ်ဖက် စိတ်ပေါ့ပါးပျော်ရွှင်ရတာ အမှန်ပါပဲ။

 

Ha Ha React လေးကနေ စခဲ့တဲ့Relationships Goal လေးတွေအကြောင်းကို ဒီနေရာမှာ မေ့ထားလို့မရတော့ပါဘူးနော်။

 

cute5

 

(၄) Content ဖန်တီးနိုင်မှုတွေ တိုးတက်လာတယ်။

 

နေ့တိုင်းနေ့တိုင်း မတူညီတဲ့ဈေးဗန်းခင်းနည်းတွေပဲ စဉ်းစားပြီးရေးနေရတာဖြစ်တာကြောင့် ဈေးဗန်းခင်းခြင်းဖြင့် Content ဖန်တီးနိုင်မှုစွမ်းရည်တွေကိုမြှင့်တင်နိုင်ပါတယ်နော်။

 

Silk Wear ပိုးထည်ဆိုင်များကိုရှာရန် နှိပ်ပါ။

 

 

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 


 

(၁) လူချစ်လူခင်များတယ်။

 


 


 


 


 


 

ပါမယ်နော်။

 


 


 


 


 


 


 


 

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under