( ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်နေ့အထိ ) တစ်ပါတ်စာအထူးဟောစာတမ်း
( ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်နေ့အထိ ) တစ်ပါတ်စာအထူးဟောစာတမ်း google
တနင်္ဂနွေသား၊သမီးများအတွက်
ဒီရက်အတွင်း အဖက်ဖက် အခြေနေကောင်းတွေကြုံတွေ့လာမည်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ပါ အလွန်ကောင်းနေပါသည်။
မိတ်ဆွေကောင်း၊ ဆရာကောင်းတွေလည်း ကြုံတွေ့ရမည်။ စပ်တူလုပ်ငန်းတွေလည်း အောင်မြင်ပါလိမ့်မည်။ ပြည်တွင်းပြည်ပ ခရီးတွေလည်းအကျိုးပေးပါလိမ့်မည်။
ပညာရေးကိစ္စတွေ ကြိုးစားရင် ဒီအချိန်မှာ အထူးအောင်မြင်ပါလိမ့်မည်။ ဆန် ဆီ ဆေး ဆား စက်ပစ္စည်း အရောင်းအဝယ်လုပ်ငန်းတွေ အောင်မြင်ပါလိမ့်မည်။
အလှူမင်္ဂလာဆောင်ပွဲများနှင့်လည်း ကြုံတွေ့ရလျှင် သင့်ထံသို့ ကံကောင်းခြင်းတွေ ရောက်ရှိလာပါလိမ့်မည်။
ဆွေမျိုးသားချင်းနှင့် အနည်းငယ်ပြဿနာလေးတွေ ဖြေရှင်းရတတ်သည်။ သတိထားပါ။ အောက်လက်ငယ်သားအတွက် ခေါင်းရှုပ်ရတတ်သည်။
ငွေကိစ္စတွေကတော့ အဆင်ပြေချောမွေပါလိမ့်မည်။ သင့်ကျန်းမာရေးကတော့ ဘာမှတစ်ခုစိုရိမ်စရာမရှိပါ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး အညံ့များနေမည်။
ငယ်ရွယ်သူများ အချစ်ရေး ဆုံဖြတ်ရခက်ခဲရတတ်သည်။ သင့်အတွက် ကံကောင်စေသော အရောင်မှာ အညိုရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်စေမည့်ဂဏန်း ၃၅အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။ အိမ်ဘုရားတွင် စမူဆာ(၈)ခု လှူဒါန်းပြီး မိမိလိုရာဆုတောင်းပါ။
တနင်္လာသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်း ထွက်နေတာတွေ ဆုံးရှုံးနေတာတွေ ပြန်လည်းရရှိလိမ်မည်။ အလုပ်ဟောင်း နေရာဟောင်း ပြဿနာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်သည်။
ရောဂါဟောင်း တွေလည်းပေါ်လာတတ်ပါတယ်။ ဒီအချိန်မှ မနာလိုသူတွေလည်း ပေါများနေတတ်သည်။ အပြိုင်အဆိုင်တွေဖြစ်ပြီးမှ
အောင်မြင်မှုတွေလည်း ရရှိတတ်သည်။ ရွှေနှင့်ရတနာပစ္စည်းတွေလည်း ဝင်လာမည်။ အလှကုန်ကျောက်၊ ကားလုပ်ငန်းတွေ အထူးအကျိုးပေးပါလိမ့်မည်။
ပြည်တွင်းပြည်ပ ခရီးတွေကတော့ မရေရာဘူးဖြစ်နေတတ်သည်။ ရှယ်ယာအလုပ်၊ စာချုပ်ရမည့်အလုပ်တွေကိုတော့ သတိထားပြီးလုပ်ပါ။
ပြဿနာပေါ်တတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်နှင့် ခေတ္တခဏခွဲခွါရတတ်သည်။ ကောင်းသောခွဲခွါခြင်းဖြစ်သည်။
ငယ်ရွယ်သူများ အချစ်ရေး မင်္ဂလာကိစ္စအထိတောင် အောင်မြင်ပါလိမ့်မည်။ သင့်ကျန်းမာရေးကတော့ အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။
သင့်အတွက် ကံကောင်းစေသော အရောင်မှာ ဆင်စွယ်ရောင်ဖြစ်ပါသည်။ သင်ထီထိုးမယ်ဆိုရင် ကံကောင်စေမည့် ဂဏန်း၂၇အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။ မိမိအိမ်ဘုရားတွင် ငွေထီး(၉)လက်လှူဒါန်းပြီး မိမိလိုရာဆုတောင်းပါ။
အင်္ဂါသား၊သမီးများအတွက်
ဒီရက်ပိုင်းအတွင်း အိမ်၊ စက်၊ အသုံးအဆောင်ပစ္စည်းတွေ တစ်ခုပြီး တစ်ခု ဝင်လာတတ်ပါတယ်။ ရှိပြီးသား ပစ္စည်းတွေကတော့ ထွက်တာပျက်တာတွေ များနေတတ်ပါသည်။
ဒီအချိန်မှာ ငွေများများမကိုင်ထားသင့်ပါ။ အဲ့ဒီငွေဟာ ဆေးဖိုးဖြစ်သွားတတ်ပါတယ် အိမ်အဆောက်ဦး ကိစ္စတွေအောင်မြင်ပါလိမ့်မည်။
စက်ပစ္စည်း အရောင်းဝယ်တွေလည်း အောင်မြင်ပါလိမ့်မည်။ ခရီးသွားလာရေးကိစ္စမှာတော့ အလွဲလွဲအချော်ချော်တွေ ဖြစ်နေတတ်ပါသည်။
နိုင်ငံခြားကိစ္စတွေကတော့ မထင်မှတ်ဘဲ အခွင့်လမ်းကောင်းတွေ ရရှိတတ်ပါသည်။ မိတ်ရင်း၊ ဆရာအရင်းတွေကြောင့် သင်ခေါင်းရှုပ်ရတတ်ပါသည်။
ဘာမဆိုမတင်မကျ၊ မရေရာဖြစ်တာလေးကိုတော့ သတိထားပါ။ အိမ်ထောင်ရှင်များ အထစ်အငေါ့လေးတွေ ကြုံတွေ့ရတတ်သည်။
ငယ်ရွယ်သူများ အချစ်ရေးကံနိမ့်နေတဲ့ အချိန်ဖြစ်ပါသည်။ သင့်ကျန်းမာရေးကတော့ သွေးအားနည်းသောရောဂါ ဖြစ်တတ်ပါတယ်။
သင့်အတွက် ကံကောင်းစေသောအရောင်မှာ လိမ္မော်ရောင်ဖြစ်ပါသည်။ သင်ထီထိုးမယ်ဆိုရင် ကံကောင်စေမည့် ဂဏန်း၁၃အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။ မိမိအိမ်ဘုရားတွင် ကောက်ညှင်းပေါင်း(၃)ပန်း ကန်လှူဒါန်းပြီး မိမိလိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသား၊သမီးများအတွက်
ဒီရက်ပိုင်းအတွင်း အဖက်ဖက်က ကံဇာတာအညံ့လေးတွေ များနေလိမ့်မယ်။ အဖက်ဖက်က အနှောက်အယှက်လေးတွေ ဖြစ်ပေါ်တတ်ပါသည်။
ခရီးသွားခြင်းဟာ သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မည်။ နေရာသစ် အိမ်သစ် အလုပ်သစ် အထူးကောင်းမွန်ပါသည်။ရပ်ဝေးပြည်ပခရီးကိစ္စတွေအထူးဦးစားပေး စီစဉ်သင့်ပါသည်။
ကွဲကွာနေသူများနှင့် ပြန်လည်ဆုံရခြင်း ရပ်ဝေးအကူအညီတောင်းခံရခြင်းများ ကြုံတွေ့ရတတ်သည်။ ငွေကြေးကိစ္စကတော့ ဝင်တော့မလိုလိုနှင့် အထွက်များနေတတ်ပါသည်။
မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေးအခွင့်လမ်းကောင်းတွေတော့ ကြုံတွေ့ရတတ်သည်။
အိမ်တွင် သူခိုးခိုးခံရတတ်ပါသည်။ သတိထားပါ။ ရာထူးနေရာကိစ္စတွေကတော့ အနှောက်အယှက်ကြားက အောင်မြင်ပါလိမ့်မည်။ စပ်တူလုပ်ငန်း လုံးဝမလုပ်ပါနှင့် ညံ့ပါသည်။
အိမ်ထောင်ရှင်များ အိမ်ထောင်ရေး အဆင်ပြေမည်။ ငယ်ရွယ်သူများ အချစ်ရေးခွဲခွါ နေထိုင်ရတတ်သည်။
သင့်ကျန်းမာရေးကတော့ အကြောတတ်သော ရောဂါဖြစ်တတ်သည်။ သင့်အတွက် ကံကောင်းစေသော အရောင်မှာအဝါရောင် ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့် ဂဏန်း၁၄အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။ မေတ္တာသုတ်(၁၄)ခေါက် ရွတ်ပြီး လိုရာဆုတောင်းပါ။
ကြာသပတေး သား၊သမီးများအတွက်
ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းတွေ ကြုံတွေ့ရတတ်သည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊ စားမေးပွဲကိစ္စတွေ အထူးအောင်မြင်ပါလိမ့်မည်။
စပ်တူလုပ်ငန်းကိစ္စ စာချုပ်စာတမ်းကိစ္စတွေလည်း အောင်မြင်ပါလိမ့်မည်။ ပြည်တွင်းပြည်ပ ခရီးကောင်းများ ကြုံတွေ့ရတတ်ပါသည်။
ဘာသာရေးကိစ္စဘုရာဖူးကိစ္စတွေလည်း ပေါ်လာမည်။ ကောင်းပါသည်။ အောက်လက်ငယ်သားကိစ္စ၊ အိုးအိမ်ကိစ္စတွေမှာလည်း ဆန္ဒမစောသင့်ပါ။
အိမ်ထောင်ရှင်များ အိမ်ထောင်ရေး စကားခဏခဏများရတတ်သည်။ ငယ်ရွယ်သူများ အချစ်ရေးညံ့နေတတ်ပါသည်။ လမ်းခွဲရမတတ်ဖြစ်ရတတ်သည်။
သင့်ကျန်းမာရေးကတော လေထိုးလေအောင့်နှင့်ပတ်သက်သော ရောဂါဖြစ်တတ်ပါတယ်။ သင့်အတွက် ကံကောင်းစေသော အရောင်မှာခရမ်းရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်စေမည့်ဂဏန်း၅၇အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက်ကံကောင်းစေရန် ယတြာကိုလည်းဖော်ပြပေးလိုက်ပါသည်။ ပိတောက်ညွန့်(၁၂)ညွန့်လှုပြီး မိမိလိုရာဆုတောင်းပါ။
သောကြာသား၊သမီးများအတွက်
ဒီရက်ပိုင်းအတွင်း လာဘ်အထူးရွှင်နေလိမ့်မည်။ အလှူမင်္ဂလာနှင့်ပွဲလမ်းသဘင်တွေနဲ့လည်း ကြုံတွေ့ရတတ်သည်။နိုင်ငံခြားလူမျိုးနှင့် ပတ်သက်သော အလုပ်တွေ အကျိုးပေးအောင်မြင်ပါလိမ့်မည်။
ပြည်တွင်းခရီးတွေလည်း ကောင်းပါသည်။ ထီး၊ ဖိနပ်၊ အထည်လိပ်လုပ်ငန်းတွေကတော့ တိုးချဲ့သင့်သော လုပ်ငန်းတွေဖြစ်ပါသည်။
မိတ်ရင်းဆရာရင်းတွေနှင့်တော့ အဆင်မပြေ လမ်းခွဲရတတ်သည်။ ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာတော့ စိတ်ရှုပ်ရတတ်သည်။
ရေလုပ်ငန်း အထူးကောင်းမွန် အကျိုးပေးပါလိမ့်မည်။ အိမ်ထောင်ရှင်များ စိတ်ညစ်စရာလေးတွေ ကြုံတွေ့ရတတ်သည်။ ငယ်ရွယ်သူများ အချစ်ရေးကြည်နူးဖွယ်ရာများ ကြုံတွေ့ရတတ်သည်။
သင့်ကျန်းမာရေးကတော အနည်းငယ်ဖျားနာတတ်သည်။ သင့်အတွက် ကံကောင်းစေသော အရောင်မှာ အနီရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့် ဂဏန်း၅၆အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။ အိမ်ဘုရားတွင် နန်းကြီးသုပ်(၂)ပွဲလှူပြီး လိုရာဆုတောင်းပါ။
စနေ သား၊သမီးများအတွက်
ဒီရက်ပိုင်းအတွင်း လုပ်ငန်းသစ်စခြင်း၊ အလုပ်နေရာအပြောင်းလဲခြင်း၊ အခြေနေတွေပြောင်းလဲခြင်းတွေ အလွန်ကောင်းပါသည်။ ပြည်တွင်းပြည်ပ ခရီးတွေလည်း အောင်မြင်ပါလိမ့်မည်။
ထွက်နေတဲ့ငွေကြေးတွေလည်း ပြန်ဝင်လာလိမ့်မည်။ ကွဲကွာနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေနှင့် ပြန်ဆုံရမည်။
သွပ်၊သံ။သစ်နှင့် အသီးအနှံလုပ်ငန်းတွေ အထူးအကျိုးပေး အောင်မြင်ပါလိမ့်မည်။ ခရီးသွားလုပ်ငန်းတွေလည်း အောင်မြင်ပါလိမ့်မည်။
ငွေကြေးက အဝင်များသလို အထွက်လည်းများပါလိမ့်မည်။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံတွေ့ရပြီးမှ အောင်မြင်မှုတွေ ရရှိတတ်ပါသည်။
အိမ်ထောင်ရှင်များအိမ်ထောင်ဖက်အတွက် စိတ်ပူပင်ရတတ်သည်။ ငယ်ရွယ်သူများ အချစ်ရေး စိတ်မတင်မကျ ဖြစ်တတ်ပါသည်။
ကျန်းမာရေးဝမ်းဗိုက်၊ ဦးခေါင်းရောဂါတွေ ဂရုစိုက်ပါအနည်းငယ်ညံ့နေမည်။ သင့်အတွက် ကံကောင်းစေသော အရောင်မှာ အဖြူရောင်ဖြစ်ပါသည်။
သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့် ဂဏန်း၄၆အတွဲဟာ သင့်အတွက်ကံကောင်းစေပါသည်။
သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။ အိမ်ဘုရားတွင် ရွက်လှ(၄)ညွန့် သပြေ(၆)ညွန်လှူပြီး လိုရာဆုတောင်းပါ။
အောင်ချစ်မင်း
Tourism Services ပေါင်း (1382)ခုက်ု သိရှိလိုပါက နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...