၁နေ့တာ ၂၄နာရီတွင် ကုသိုလ်ရေးအတွက် ၁နာရီမျှလောက် အချိန်ပေးသင့်ပါတယ်

၁နေ့တာ ၂၄နာရီတွင် ကုသိုလ်ရေးအတွက် ၁နာရီမျှလောက် အချိန်ပေးသင့်ပါတယ် google

နေ့စဉ်အလုပ်သွားနေရ၍ အချိန်မရလို့ ဘုရားတရားမလုပ်နိုင်ပါဘူးလို့ပြောလို့မရပါဘူး။

နံနက် မိမိမူလအိပ်ရာထချိန်ထက် နာရီဝက် စော၍ ထပါ.

ငါးပါးသီလ ခံယူပါ မိမိအဆင်ပြေရာ ဂါထာတစ်ခုခုကို ပုတီး စိတ်ပါ။

ပရိတ်တော်များအားလုံး မရွတ်ဖတ်နိုင်လျင် မိမိအဆင်ပြေရာသုတ်တစ်ခုသာ ရွတ်ဖတ်ပူဇော်ပါ

ည အလုပ်မှပြန်လျင် ည 9နာရီနောက်ပိုင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပါ

သောက်တော်ရေချမ်းများကပ်လှူပါ။

ဆီမီးအလင်းတိုင်များ အမွှေးတိုင်များ လှူပါ ဂါထာတော်များ ရွတ်ဖတ် ပုတီးစိတ်ပါ။

လကုန်လျင် မိမိလစာထဲမှ ငွေကို လှူရန်အတွက် သီးသန့်ဖယ်ထားပါ ဘုရားပန်း ၁စည်းဖြစ်စေ

ဖယောင်းတိုင် တစ်ထုတ်ဖြစ်စေ လစာထဲမှ ဦးဦးဖျားဖျားဝယ်၍ လှူပါ။

ခိုလေးများ ခွေးလေးများကို တတ်နိုင်သလောက် အစာကျွေးပါ

အလုပ်ပိတ်ရက်များတွင် ဘုရားသွားပါ။

ဘုရားရင်ပြင်တော်ကို တံမြက်စည်းလှဲပါ။

မိမိတွင်ညံ့နေသောကံများ အမိူက်များနှင့်အတူပါသွားပါစေ ဆုတောင်း၍ ရင်ပြင်တော်ကို

စိတ်ပါလက်ပါ တံမြက်လှည်းပါ။

ဘုရား မိမိမွေးနေ့ထောင့်တွင် ဆီမီးမိမိသက်စေ့လှူဒါန်းပါ ။

လှူဒါန်းချိန်သည် နေဝင်ခါနီး သို့မဟုတ် နေထွက်ခါနီး အချိန်ဆိုလျင် အလွန်ကောင်းပါသည်။

ဘုရားရှိခိုးပြီးတိုင်း အမျှဝေပါ မိမိချစ်သူ၊အိမ်ထောင်ဘက်၏ ၁၂ပါးသော ကိုယ်စောင့်နတ် မိမိ၏ ၁၂ပါးသော

ကိုယ်စောင့်နတ် မိုးနတ်မင်း မြေနတ်မင်း ရေနတ်မင်း လေနတ်မင်း မိမိနှင့်သိုက်ဆက် ဓာတ်ဆက် နန်းဆက်

ပဌာန်းဆက် ဘဝဆက် ပါရမီဆက်ရှိသောသူများအား အမျှဝေပါ။

ထမင်းစားခါနီးလျင် အစာစားခါနီးလျင် ပန်းကန်ကို လက်ဖြင့်ထိ၍ သရဏဂုံကို ရွတ်ဖတ်ပါ မိမိစားသော

အစာတွင် သူတပါး မကောင်းမကြံစည်နိုင်ပါ။

အိပ်ရာဝင်ခါနီးလျင် အိပ်မပျော်မခြင်း ဂါထာတော်များ စိတ်အတွင်းမှ ရွတ်ဖတ်ပူဇော်ပါ

ဤ အပြုအမူများကို လုပ်ဆောင်ခြင်းဖြင့် ချက်ချင်း မသိသာသော်လည်း ၂လ ၃လအတွင်း သိသာလာပါမည်။

စိတ်ညစ်စရာများ လျော့နည်းလာပါလိမ့်မည် ကံဇာတာများ တိုးတက်လာပါလိမ့်မည်။

Zawgyi ဖြင့်ဖတ်ရန်...













 မိမိတွင်ညံ့နေသောကံများ အမိုက်များနှင့်အတူပါသွားပါစေ ဆုတောင်း၍ ရင်ပြင်တော်ကို












 

 Myanmar Wedding Guide

jjjj

Read times Last modified on Wednesday, 26 February 2020 16:55
Rate this item
(1 Vote)
Tagged under