အခ်စ္စစ္လား၊ မစစ္ဘူးလား ဆိုတဲ့ အခ်က္မ်ား

အခ်စ္စစ္လား၊ မစစ္ဘူးလား ဆိုတဲ့ အခ်က္မ်ား google.com

ခ်စ္သူစုံတြဲအမ်ားစုဟာ ခ်စ္္တုန္းအစပိုင္းမွာေတာ့ သူတို႔ႏွစ္ဦးၾကား ဆက္ဆံေရးဟာ အဆင္ေျပေခ်ာေမြ႕ေနၿပီး ဘာကိုမွ ေမးခြန္းထုတ္စဥ္းစားေနစရာ မလိုဘူးလို႔ ထင္တတ္ၾကပါလိမ့္မယ္။

 

ႏွစ္ဦးတြဲတာ ၾကာလာတဲ့အခါမွသာ တစ္ေယာက္နဲ႔တစ္ေယာက္ အေျခအေနအရပ္ရပ္ကို ရိပ္စားမိလာၿပီး သူ ငါ့ကို တစ္ကယ္ႏွစ္ႏွစ္ကာကာ ခ်စ္တာမွ ဟုတ္ရဲ႕လားလုိ႔ ေတြးတတ္ၾကပါလိမ့္မယ္။

 

တစ္ေယာက္ကိုတစ္ေယာက္ ေတြးမိမွာကေတာ့ သူက ငါ့ရဲ႕အေပၚယံေတြကိုပဲ တပ္မက္ေနတာလား ဆိုၿပီး ေတြးလာတတ္ၾကပါတယ္။

 

အခ်စ္ဆိုတဲ့အရာက ႏူးည့ံသိမ္ေမြ႕ၿပီး နက္နဲတဲ့ ခံစားခ်က္တစ္ခုျဖစ္ကာ ရပ္တန္႔လို႔မရေလာက္ေအာင္ စြဲလမ္းႏွစ္သက္ေနမိတတ္ၾကပါလိမ့္မယ္။

 

ကုိယ္ခ်စ္မိတဲ့သူကို သေဘာထားႀကီးရမယ္၊ နားလည္ေပးတတ္ရမယ္၊ ဂ႐ုစိုက္အေလးေပးတတ္သူျဖစ္ရပါမယ္။

 

ကိုယ္ခ်စ္ရသူနဲ႔ စိတ္ခ်င္းဆက္သြယ္ေနမိတာကေတာ့ ႏွလုံးသားခ်င္း တစ္သားတည္းျဖစ္ေနတတ္ကာ ခ်စ္သူရဲ႕ေသြးေတြ မိမိကိုယ္ထဲမွာ စီးဆင္းေနသလိုမ်ိဳး ခံစားရပါလိမ့္မယ္။

 

ႏွစ္ဦးစလံုး ျမင္ျမင္ခ်င္း ခ်စ္မိတယ္ဆိုၿပီး မၾကာခဏ အမွားလုပ္မိတဲ့ ခံစားခ်က္တစ္ခု ျဖစ္ပါတယ္။ အဲဒီခံစားခ်က္ကေတာ့ ျပင္းထန္ၿပီး သာမန္လူအတြက္ မျငင္းဆန္ႏုိင္ဘဲ ရိွတတ္ၾကပါတယ္။

 

ကိုယ္သိပ္မသိတဲ့ လူတစ္ေယာက္ကိုလည္း ခ်က္ခ်င္းဆိုသလို အသည္းအသန္ စြဲလမ္းသြားတာမ်ိဳး ျဖစ္ေလ့ရိွပါတယ္။

 

တစ္ဖက္သားက ကိုယ့္စိတ္ကို ဆြဲေဆာင္ႏိုင္မႈျခင္းဟာ ျပင္းလြန္းတဲ့အတြက္ အခ်စ္စစ္နဲ႔ အခ်စ္အတု မွားတတ္ၾကပါတယ္။ ကိုယ္ႀကိဳက္ႏွစ္သက္တတ္တဲ့ ပံုစံရွိတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္မိတဲ့အခါ ျဗဳန္းခနဲထၿပီး စြဲလမ္းသြားေစကာ သြားလည္း ဒီစိတ္၊ စားလည္း ဒီစိတ္နဲ႔ တမ္းတမိ တတ္တာမ်ိဳး ျဖစ္တတ္ၾကပါတယ္။

 

အခ်စ္စစ္တစ္ခုအတြက္ အေရးႀကီးဆုံး ပါ၀င္တဲ့အရာသုံးခု ရိွပါတယ္။ အဲဒါေတြကေတာ့ ေျပာဆိုဆက္ဆံမႈ၊ ခ်စ္ျခင္းေမတၱာနဲ႔ အျပန္အလွန္ ေလးစားမႈတို႔ ျဖစ္ပါတယ္။

 

Unicode ျဖင့္ဖတ္ရန္

အချစ်စစ်လား၊ မစစ်ဘူးလားဆိုတာ ဆုံးဖြတ်နိုင်တဲ့အချက်များ
ချစ်သူစုံတွဲအများစုဟာ ချစ််တုန်းအစပိုင်းမှာတော့ သူတို့နှစ်ဦးကြား ဆက်ဆံရေးဟာ အဆင်ပြေချောမွေ့နေပြီး ဘာကိုမှ မေးခွန်းထုတ် စဉ်းစားနေစရာ မလိုဘူးလို့ ထင်တတ်ကြပါလိမ့်မယ်။
နှစ်ဦးတွဲတာ ကြာလာတဲ့အခါမှသာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေအရပ်ရပ်ကို ရိပ်စားမိလာပြီး သူ ငါ့ကို တစ်ကယ်နှစ်နှစ်ကာကာ ချစ်တာမှ ဟုတ်ရဲ့လားလို့ တွေးတတ်ကြပါလိမ့်မယ်။
တစ်ယောက်ကိုတစ်ယောက် တွေးမိမှာကတော့ သူက ငါ့ရဲ့အပေါ်ယံတွေကိုပဲ တပ်မက်နေတာလား ဆိုပြီး တွေးလာတတ်ကြပါတယ်။
အချစ်ဆိုတဲ့အရာက နူးညံ့သိမ်မွေ့ပြီး နက်နဲတဲ့ ခံစားချက်တစ်ခုဖြစ်ကာ ရပ်တန့်လို့မရလောက်အောင် စွဲလမ်းနှစ်သက်နေမိတတ်ကြပါလိမ့်မယ်။
ကိုယ်ချစ်မိတဲ့သူကို သဘောထားကြီးရမယ်၊ နားလည်ပေးတတ်ရမယ်၊ ဂရုစိုက်အလေးပေးတတ်သူဖြစ်ရပါမယ်။
ကိုယ်ချစ်ရသူနဲ့ စိတ်ချင်းဆက်သွယ်နေမိတာကတော့ နှလုံးသားချင်း တစ်သားတည်းဖြစ်နေတတ်ကာ ချစ်သူရဲ့သွေးတွေ မိမိကိုယ်ထဲမှာ စီးဆင်းနေသလိုမျိုး ခံစားရပါလိမ့်မယ်။
နှစ်ဦးစလုံး မြင်မြင်ချင်း ချစ်မိတယ်ဆိုပြီး မကြာခဏ အမှားလုပ်မိတဲ့ ခံစားချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီခံစားချက်ကတော့ ပြင်းထန်ပြီး သာမန်လူအတွက် မငြင်းဆန်နိုင်ဘဲ ရှိတတ်ကြပါတယ်။
ကိုယ်သိပ်မသိတဲ့ လူတစ်ယောက်ကိုလည်း ချက်ချင်းဆိုသလို အသည်းအသန် စွဲလမ်းသွားတာမျိုး ဖြစ်လေ့ရှိပါတယ်။
တစ်ဖက်သားက ကိုယ့်စိတ်ကို ဆွဲဆောင်နိုင်မှုခြင်းဟာ ပြင်းလွန်းတဲ့အတွက် အချစ်စစ်နဲ့ အချစ်အတု မှားတတ်ကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်တတ်တဲ့ ပုံစံရှိတဲ့ လူတစ်ယောက်ကို တွေ့လိုက်မိတဲ့အခါ ဗြုန်းခနဲထပြီး စွဲလမ်းသွားစေကာ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်နဲ့ တမ်းတမိ တတ်တာမျိုး ဖြစ်တတ်ကြပါတယ်။
အချစ်စစ်တစ်ခုအတွက် အရေးကြီးဆုံး ပါ၀င်တဲ့အရာသုံးခု ရှိပါတယ်။ အဲဒါတွေကတော့ ပြောဆိုဆက်ဆံမှု၊ ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန် လေးစားမှုတို့ ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:39
Rate this item
(1 Vote)