လမ်းခွဲပြီးမှ ခံစားမနေရအောင် ဘာတွေလုပ်သင့်လဲ

လမ်းခွဲပြီးမှ ခံစားမနေရအောင် ဘာတွေလုပ်သင့်လဲ google

တစ်ယောက်နဲ့တစ်ယောက် အချစ်နဲ့ လမ်းခွဲတာဖြစ်ဖြစ် ၊ အမုန်းနဲ့ လမ်းခွဲတာဖြစ်ဖြစ် လမ်းခွဲကြရင် စိတ်ကျသွားနိုင်တယ်။

တစ်ယောက်နဲ့တစ်ယောက် အတူတူရှိချိန် ၊ စားချိန်မှာ တစ်ယောက်က ဘေးမှာ မရှိတော့တဲ့အခါ သတိရလာတတ်ပြီး အထီးကျန်သွားသလို ခံစားလာရတတ်တယ်။ ဒါတွေကိုတော့ အချိန်က ကုစားပေးသွားမှာပါ။ ဒါကြောင့် လမ်းခွဲပြီးလို့ စိတ်ကျပြီး တစ်ယောက်နဲ့မှစကားမပြောနိုင်တော့ရင် ဒီနည်းတွေနဲ့ ဖြေရှင်းကြည့်ပါ။

 

 

 သူငယ်ချင်းအဖြစ် လက်မခံပါနဲ့


တချို့တွေက လမ်းခွဲပြီးပေမယ့်လည်း သူငယ်ချင်းလိုမျိုး လက်ခံတာမျိုးရှိတယ်။ ရည်းစားဟောင်းကို သူငယ်ချင်းလို ဆက်ပေါင်းတာ လွယ်ပေမယ့် လက်တွေ့မှာတော့ ခက်ခဲပါတယ်။ ရည်စားဟောင်းကို သူငယ်ချင်းလိုမျိုး လက်ခံတာ ရှားပါတယ်။ ဒီလို သူငယ်ချင်းအဖြစ်ပြန်လက်ခံတာက သူအပေါ် မျှော်လင့်ချက်တွေရှိနေသေးလို့ ၊ သူနဲ့ အဆက်အသွယ်မပြတ်ရှိနေချင်သေးလို့ပါ ။ အကြောင်းကတော့ သင့်စိတ် မပြတ်နိုင်သေးလို့ပါ။ သူနဲ့ ဆက်ပြီး ဆက်သွယ်နေလေ ၊ သူ့ကို ပြန်လက်ခံချင်လာလေဖြစ်မယ် ၊ သူနဲ့ အဆက်အသွယ်နည်းလေ သူကိုမေ့နိုင်သွားလေပါ။ ဒါကြောင့် သင့်ဘ၀သင်ပဲ ဖြတ်သန်းပါ။

 

အစားအသောက်နဲ့ မေ့ပစ်ဖို့မကြိုးစားပါနဲ့

 

လူတွေက အသဲကွဲလာရင် အစားအသောက်တွေကို ပိုအာရုံစိုက်လာကြတယ်။ စိတ်ညစ်စရာတွေကို အစားအသောက်နဲ့ ဖြေချလိုက်ကြတယ်။ ကျန်းမာတဲ့အစားအသောက်တွေ စားပေးတာက စိတ်ကျတာတွေ ပြေပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျုးတော့ မစားမိပါစေနဲ့။

 

 

ချက်ချင်း အပြောင်းအလဲမလုပ်လိုက်ပါနဲ့


လူအများစုက အသဲကွဲသွားရင် အပြောင်းအလဲ တစ်ခုခုကို ပြောင်းလဲပစ်ချင်လာတယ် ၊ အကြောင်းကတော့ စိတ်သစ် ၊ လူသစ်ပြန်ဖြစ်သွားအောင်ပါ။ ဒါပေမယ့် လူပုံစံ ၊ဆံပင်ပုံစံတွေကို အတင်းပြောင်းလဲလိုက်တာနဲ့ စိတ်သစ်ပြန်မဖြစ်နိုင်ပါဘူး။ သင့်ပုံစံသာ ပြောင်းရင်ပြောင်းသွားမယ် ၊ သင်ခံစားနေရတာတွေကတော့ မပြောင်းလဲနိုင်ပါဘူး။ ဒီလို လူပုံစံ ၊ ဆံပင်ပုံစံတွေကို ပြောင်းလဲတာတွေထက် ၀ါသနာအတွက် သင်တန်းတစ်ခုခုတက်ပေးပါ ။ ဒါပေမယ့်လည်း သင့်စိတ်ကို ဖိအားအရမ်းမပေးပါနဲ့။ အချိန်ကြာရင်တော့ မေ့သွားမှာပါ။

 

>>> Related item  >>>  မင်္ဂလာပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ရမယ့် အရာများ

 

ဝမ်းနည်းစေတဲ့သီချင်းတွေကို နားမထောင်ပါနဲ့

 

သီချင်းက လူတွေရဲ့စိတ်တွေကို ခွန်အားဖြစ်စေတယ်။ ဒါပေမယ့် သင့်အချိန်တွေကို အချစ်သီချင်းတွေ ၊ အသဲကွဲသီချင်းတွေ ၊ လွမ်းမိစေတဲ့သီချင်းတွေ နဲ့ ကုန်ဆုံးနေပြီးလား။ ဒါတွေက သင့်ကို အထောက်အကူမဖြစ်ဘူး။ ဒီသီချင်းတွေက သင့်ကို ပိုပြီး ၀မ်းနည်းသွားစေနိုင်တယ်။ ဒါကြောင့် သင်ဝမ်းနည်းနေတယ်ဆိုရင် ၊ သင်ကို ပိုဝမ်းနည်းစေမယ့် သီချင်းတွေကို နားထောင်တာထက် သင့်စိတ်ကို ပြောင်းသွားမယ့် သီချင်းတွေကို နားထောင်ပေးပါ။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under