ယောကျာ်းလေးတွေ ရည်းစားဟောင်းနဲ့ပြန်ဆက်ချင်တဲ့အခါ လုပ်တတ်တဲ့အပြုအမူတွေကဘာတွေဖြစ်မလဲ

ယောကျာ်းလေးတွေ ရည်းစားဟောင်းနဲ့ပြန်ဆက်ချင်တဲ့အခါ လုပ်တတ်တဲ့အပြုအမူတွေကဘာတွေဖြစ်မလဲ google.com

ချစ်သူနဲ့လမ်းခွဲပြတ်စဲတယ် ဆိုတဲ့အဖြစ်အပျက်ဟာ တော်တော်ရှုပ်ထွေးတဲ့အဖြစ်အပျက်တစ်ခုပါ။

စုံတွဲတွေက လွယ်လွယ်နဲ့မပြတ်နိုင်ကြတဲ့သဘောရှိပြီး အမြဲလိုလိုပြန်ပြန်ဆက်လေ့ရှိကြပါတယ်။ အဲ့ဒီတော့ တကယ်ပြတ်သွားကြတဲ့အချိန်မှာ တကယ်ပြတ်တယ်ဆိုတာကိုလက်မခံနိုင်ဘဲပြန်များဆက်ဦးမလားလို့ မျှော်လင့်ချက်မကုန်ဘဲဖြစ်နေတာမျိုး၊ နောက်ထပ်တွဲတဲ့သူက အရင်လူလောက်ကိုယ့်အပေါ်မကောင်းတာကိုသိလိုက်ရလို့၊ အချစ်ဟောင်းနဲ့ပြန်ဆက်ချင်တာမျိုးတွေရှိတတ်ပါတယ်။ ဒီတော့ သင်နဲ့ပြတ်သွားခဲ့တဲ့ သင့်ချစ်သူဟောင်းမှာလည်း အဲ့ဒီလိုခံစားချက်မျိုးဖြစ်နေမလားဆိုတာ ဒီအချက်တွေနဲ့တိုက်ကြည့်ရင်သိနိုင်ပါတယ်။

 

သူငယ်ချင်းတွေလိုနေဖို့ပြောမယ်

ရည်းစားဟောင်းက သူငယ်ချင်းတွေလိုပြန်ပြီးခင်ခင်မင်မင်နေချင်တယ်ဆိုတာ သဘောရိုးနဲ့ပြောတယ်လို့မထင်လိုက်ပါနဲ့။ ဇာတ်လမ်းပြန်စချင်လို့ ပြောတဲ့စကားပါ။

 

နောင်တရတဲ့ပုံစံမျိုးလုပ်ပြမယ်

သင်နဲ့လမ်းခွဲလိုက်တာမှားတာပဲ ဆိုတဲ့စကားမျိုးပြောမယ်၊ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် နောင်တရနေတဲ့ပုံစံမျိုးတွေလုပ်ပြနေတယ်ဆိုရင် သေချာပေါက်ပြန်ဆက်ချင်နေတာပါ။

 

ဆိုရှယ်မီဒီယာမှာလာပတ်သက်မယ်

ဆိုရှယ်မီဒီယာဆိုတာဇာတ်လမ်းစဖို့အကောင်းဆုံးနေရာလို့တောင်ပြောလို့ရပါတယ်။ နဂိုကမသိတဲ့သူတွေကဆိုရှယ်မီဒီယာမှာသူငယ်ချင်းတွေဖြစ်နိုင်တယ်၊ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုတွေရလာပြီး ချစ်သူတွေလည်းဖြစ်သွားနိုင်ပါတယ်။ ဒီတော့ သူလည်းသင့်ဆီပြန်ပြီး ချဉ်းကပ်ချင်တဲ့အခါဆိုရှယ်မီဒီယာကိုအသုံးချပါလိမ့်မယ်။

 

သင့်သူငယ်ချင်းတွေဆီသင့်အကြောင်းတွေပြောမယ်

သင့်ကိုတိုက်ရိုက်စကားလာပြောတာမျိုးမလုပ်ခင် သင့်သူငယ်ချင်းတွေဆီ သင့်အကြောင်းစကားစမြည်ပြောနေရင်၊ သူ့အပေါ်ဘယ်လိုကောင်းခဲ့ကြောင်း၊ မမေ့နိုင်သေးတဲ့အကြောင်းတွေလာပြောနေရင် သေချာပေါက်ပြန်ဆက်ချင်လို့ ဇာတ်လမ်းစနေတာပါ။

 

သင့်ဘက်ကမနာလိုဖြစ်အောင်လုပ်မယ်

သူ့ရဲ့နေ့စဉ်ဘဝအကြောင်း သင်သိအောင်ကြိုးစားမယ်၊ သင့်ရဲ့စိတ်ဝင်စားမှုရအောင်နေမယ်၊ သင်မနာလိုဖြစ်အောင် ဒါတွေလုပ်နေမယ်ဆိုရင်ဒါဟာလည်းသူ့ဘက်ကပြန်ဆက်ချင်တဲ့သဘောပါပဲ။

 

သူဆင်ဂယ်လ်ဖြစ်ကြောင်းပြောမယ်

ဒါကတော့အထင်ရှားဆုံးအချက်ပါပဲ။ သူ့ဘာသူ နောက်တစ်ယောက်ထားတာမအောင်မြင်လို့လား၊ နောက်တစ်ယောက်ပဲမတွေ့လို့လားမသိပေမယ့် သူဆင်ဂယ်လ်ဖြစ်ကြောင်း သင်သိအောင်လာလာပြောနေရင်တော့ သင့်ရဲ့သဘောထားကိုလည်းသူသိအောင်ပြဖို့လိုနေပါပြီ။ သင့်အနေနဲ့ သူ့ကိုပြန်ဆက်ချင်သေးလား၊ လုံးဝစိတ်ကုန်သွားတာလားဆိုတာ သူသိအောင်ပြောလိုက်ပါနော်။

 

ယောကျာ်းလေးတွေ အသည်းကွဲရင်ဘာတွေလုပ်တတ်ကြလဲ

 

Credit : Auntymay

Myanmar Wedding Guide

Read times Last modified on Friday, 08 March 2019 13:40
Rate this item
(1 Vote)