မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ပဲလား

မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ပဲလား google.com

ပထမဆုံးမြင်တွေ့တဲ့အချိန်မှာ ဖြစ်တဲ့မြင်မြင်ချင်းအချစ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့မေးစရာရှိပါတယ်။

သုတေသနပညာရှင်တွေရဲ့လေ့လာဆန်းစစ်ချက်တွေအရတော့ သူစိမ်းနှစ်ယောက်ဟာ လူထူထပ်တဲ့အခန်းထဲမှာ တစ်ယောက်နဲ့တစ်ယောက်တွေ့မြင်ချိန် နှစ်ဦးစလုံး ဓာတ်လိုက်သလို၊ တစ်ဦးကတစ်ဦးကို ချက်ချင်းပဲဆွဲဆောင်လိုက်သလို ခံစားချက်မျိုးဖြစ်ပေါ်သွားတယ်ဆိုရင်တော့ ဒါဟာမြင်မြင်ချင်းအချစ်ဆိုတာ သေချာတယ်လို့ဆိုပါတယ်။ ပြောချင်တာက မြင်မြင်ချင်းအချစ်ဆိုတာဖြစ်နိုင်တယ်ပေါ့။

 

လူတစ်ဦးချင်းစီရဲ့ခံစားမှုတွေကို သုတေသနလုပ်ကြည့်တဲ့အချိန်မှာလည်း မြင်မြင်ချင်းအချစ်ကို ခံစားဖူးသူတွေကိုတွေ့မြင်ရပါတယ်။ ဗြိတိန်တော်ဝင်မိသားစုရဲ့မင်းသားတစ်ပါးဖြစ်တဲ့ ဟယ်ရီဟာ ဘီဘီစီသတင်းဌာနနဲ့အင်တာဗျူးမှာ သူ့ဇနီး မက်ဂန်မာကယ် ကိုမြင်မြင်ချင်းချစ်ခဲ့တယ်လို့ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ မတ်ဒေမွန်ကလည်း သူ့ရဲ့ဇနီး လူစီယာနာနဲ့ မြင်မြင်ချင်းချစ်ကြိုက်ခဲ့တယ်လို့သိရပါတယ်။

 

လူအများစုကတော့ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြည်ကြသလို ပတ်ဝန်းကျင်မှာ မြင်မြင်ချင်းချစ်ကြိုက်ပြီး အတူတူ ဘ၀တစ်ခုကိုထူထောင်ခဲ့ကြတဲ့ အသိမိတ်ဆွေတွေလည်း ရှိခဲ့တယ်လို့ သုတေသနပညာရှင်တွေရဲ့ပြန်လည်ဖော်ပြချက်အရသိရှိရပါတယ်။ အဲ့သလိုပဲ လူအချို့ကတော့ မြင်မြင်ချင်းချစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ တစ်ချိန်ကအမှတ်တမဲ့မြင်ဖူးခဲ့ပြီး အခုပြန်တွေ့တဲ့အခါ ပြန်အမှတ်ရသွားတာကြောင့် ဖြစ်တဲ့ခံစားချက်မျိုးဆိုပြီး မြင်မြင်ချင်းအချစ်ကိုငြင်းဆိုကြပါတယ်။

 

သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရတော့ မြင်မြင်ချင်းအချစ်ဟာ စိတ်ခံစားမှုထက် ရုပ်ပိုင်းဆိုင်ရာစွဲလန်းမှုကြောင့် ပိုပြီးအဖြစ်များတယ်လို့သိရပါတယ်။ ပြီးတော့ မြင်မြင်ချင်းအချစ်ကို ခံစားရမှုအများဆုံးကလည်း ယောင်္ကျားလေးများဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်အချို့ကလည်း မြင်မြင်ချင်းအချစ်ကို စူးစမ်းလေ့လာခဲ့ကြပြီး လူ ၅၅၈ ယောက်မှာ မြင်မြင်ချင်းအချစ်ကို ခံစားရသူ ၉၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါ့ကြောင့် မြင်မြင်ချင်းအချစ်ဆိုတာ သေချာပေါက် ဖြစ်ပေါ်နိုင်တဲ့ ခံစားမှုတစ်ခုအဖြစ် လေ့လာတွေ့ရှိချက်များအရ ယုံကြည်လို့ရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:05
Rate this item
(3 votes)