ပျော်ရွှင်ဖို့အတွက် အိမ်ထောင်ပြုမှာလား...

ပျော်ရွှင်ဖို့အတွက် အိမ်ထောင်ပြုမှာလား... google

မိန်းမသားအတော်များများက“ ကိုယ့်ကို တစ်သက်လုံးပျော်အောင်ထားမယ့်သူကို လက်တွဲ ဖော်အဖြစ် ရွေးချယ်ချင်တယ် ” ဆိုတဲ့စကားကို ပြောလေ့ရှိကြပါတယ်။

 

တကယ်လည်း ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်လိုက်တဲ့အခါ အပျော်ရွှင်ဆုံးဘဝကို ပိုင်ဆိုင်ခွင့်ရ မယ်လို့ ယုံကြည်ကြပါတယ်။

 

ချစ်တဲ့သူနဲ့ အတူယှဉ်တွဲနေခွင့်ရခြင်းက ဘာနဲ့မှမလဲနိုင်တဲ့ ပျော်ရွှင်မှု ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

ဒါပေမဲ့ အလုံးစုံမှန်ကန်တယ်လို့ မဆိုသာပါဘူး။ လောကကြီးမှာ ချစ်ခြင်းတရားဆိုတာ တကယ်ရှိပါတယ်။

 

ချစ်သူမိန်းမသားကို အရာရာဖြည့်ဆည်းပေးရင်း ပျော်ရွှင် အောင်ထားကြတဲ့ ချစ်သူယောကျ်ားကောင်းတွေလည်း ရာဇဝင်တွင်အောင် ရှိခဲ့ဖူးပါတယ်။

 

ဒါပေမဲ့ ဒါ အတွက်နဲ့ ကိုယ့်တစ်သက်လုံးပျော်ရွှင်မှုက ချစ်သူခင်ပွန်းအပေါ် လုံးဝတည်မှီသွားပြီဆိုတာတော့ မမှန် ကန်ပါဘူး။ တကယ်တော့…

 

ကိုယ့်ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ပြုလုပ်ဖန်တီးရတဲ့အရာပါ။

 

ချစ်သူနဲ့အတူရှိနေရတာ စိတ်ချမ်းသာတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အခြေအနေတစ်ခုပါ။

 

ကိုယ့်နံဘေးကို ချစ်သူရောက်လာတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင် နှလုံးသားတံခါးကို ကြည်ဖြူစွာ ဖွင့်ပေးခဲ့လို့ပါ။

 

ချစ်သူနဲ့ကိုယ့်ကြားက ကြီးမားတဲ့ဆက်နွှယ်မှုဆိုတာလည်း ကိုယ့်ခံစားချက်ရဲ့ ဆုံးဖြတ်ချက်ပါ။

 

ကိုယ့်အတွင်းစိတ်ထဲအထိ လှိုက်လှိုက်လှဲလှဲပျော်ရွှင်မှုဆိုတာကတော့ တခြားသူနဲ့ မဆိုင်ပါ ဘူး။ ကိုယ်ကိုယ်တိုင်ဖန်တီးယူတာပါ။

 

အလားတူစွာပဲ ကိုယ့်ကိုမပျော်ရွှင်အောင်လုပ်နိုင်တဲ့သူကလည်း ကိုယ်ကိုယ်တိုင်ပါပဲ။ ချစ်သူခင် ပွန်း ဖြစ်စေ၊ မိသားစုဖြစ်စေ၊

 

သူငယ်ချင်းဖြစ်စေ ကိုယ့်မပျော်ရွှင်မှုကို မဖန်တီးနိုင်ပါဘူး။ ဘာကြောင့် လဲဆိုတော့ ဘဝထဲက ကြုံလာသမျှ အခြေအနေတွေအပေါ်

 

ကိုယ့်တုံ့ ပြန်မှုပေါ်မူတည်ပြီး ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းတွေ ဖြစ်ပေါ်လာတာမို့ပါ။ လောကကြီးမှာ အဆိုးနဲ့အ ကောင်းဒွန်တွဲနေတဲ့အတွက်

 

ပျော်ရွှင်မှုရအောင် အကောင်းတွေကိုပဲလက်ခံပြီး အဆိုးတွေကို ငြင်းပယ် ချင်လို့ မရပါဘူး။

 

ကြုံလာသမျှကို အကောင်းဆုံးရင်ဆိုင်တတ်တဲ့စိတ်ကသာ ကိုယ့်ဘဝကို ပျော်ရွှင်စေ မှာ ဖြစ်ပါတယ်။

 

ဒါကြောင့် လက်ရှိဘဝထက် ပိုပျော်စရာကောင်းမယ်ထင်တဲ့ မျှော်လင့်ချက်သက်သက် အတွက်နဲ့တော့

 

တစ်ကိုယ်တည်းဘဝရဲ့လွတ်လပ်မှုကိုမစတေးလိုက်ပါနဲ့။

 

အကြောင်းကံမလှလို့ ကိုယ့် အပေါ် မစစ်မှန်တဲ့လက်တွဲဖော်နဲ့တွေ့ခဲ့ရင် နောက်ဆက်တွဲခါးသီးဖွယ်ရလဒ်တွေကြုံဆုံရနိုင်လို့ပါ။

 

ပြီးတော့ ကိုယ့်ပျော်ရွှင်ခြင်းကို တခြားသူအပေါ်တည်မှီထားရတာက အမြဲတမ်းအတွက် မသေ ချာပါဘူး။

 

အကြောင်းကြောင်းကြောင့် သူတို့ဘက်ကပြောင်းလဲသွားတဲ့အခါ ကိုယ့်ပျော်ရွှင်မှုတွေကပါ လိုက်ပါပျက်သုဉ်းသွားရမှာပါ။

 

ကိုယ့်အတွင်းစိတ်ထဲ ကိုယ်တိုင်တည်ဆောက်ထားတဲ့ ပျော်ရွှင်မှုက တော့ ကိုယ်ကိုယ်တိုင်မှ မဖျက်ဆီးရင် ဘယ်တော့မှမပျက်စီးနိုင်တဲ့အတွက် အသေချာဆုံးပါပဲ။

 

ဒါကြောင့် အချစ်အတွက်နဲ့ အိမ်ထောင်ပြုမယ်ဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုပါ။

 

ပျော် ရွှင်မှုရရှိဖို့ မျှော်လင့်ချက်နဲ့ လက်ထပ်မယ်ဆိုရင်တော့ တစ်ယောက်တည်းနေတာက ပိုကောင်းပါ တယ်။

 

ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုတစ်သက်လုံး ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်တဲ့တစ်ယောက် တည်းသောသူက ကိုယ်ကိုယ်တိုင်ပဲဖြစ်နေလို့ပါ။

 

တစ်ယောက်တည်းဘဝကလည်း နေတတ်ရင် ပျော်စရာဆိုတာပြောပြပေးလိုက်ပါတယ်နော်။

 

Source: ဂန္ထဝင် မဂ္ဂဇင်း

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

မိန္းမသားအေတာ္မ်ားမ်ားက“ ကိုယ့္ကို တစ္သက္လံုးေပ်ာ္ေအာင္ထားမယ့္သူကို လက္တြဲ ေဖာ္အျဖစ္ ေရြးခ်ယ္ခ်င္တယ္ ” ဆိုတဲ့စကားကို ေျပာေလ့ရွိၾကပါတယ္။

တကယ္လည္း ကိုယ္ခ်စ္တဲ့သူနဲ႔လက္ထပ္လိုက္တဲ့အခါ အေပ်ာ္ရႊင္ဆံုးဘဝကုိ ပို္င္ဆိုင္ခြင့္ရ မယ္လို႔ ယံုၾကည္ၾကပါတယ္။

ခ်စ္တဲ့သူနဲ႔ အတူယွဥ္တြဲေနခြင့္ရျခင္းက ဘာနဲ႔မွမလဲႏိုင္တဲ့ ေပ်ာ္ရႊင္မႈ ဆိုတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဒါေပမဲ့ အလံုးစံုမွန္ကန္တယ္လို႔ မဆိုသာပါဘူး။ ေလာကႀကီးမွာ ခ်စ္ျခင္းတရားဆိုတာ တကယ္ရွိပါတယ္။

ခ်စ္သူမိန္းမသားကို အရာရာျဖည့္ဆည္းေပးရင္း ေပ်ာ္ရႊင္ ေအာင္ထားၾကတဲ့ ခ်စ္သူေယာက်္ားေကာင္းေတြလည္း ရာဇဝင္တြင္ေအာင္ ရွိခဲ့ဖူးပါတယ္။

ဒါေပမဲ့ ဒါ အတြက္နဲ႔ ကိုယ့္တစ္သက္လံုးေပ်ာ္ရႊင္မႈက ခ်စ္သူခင္ပြန္းအေပၚ လံုးဝတည္မွီသြားၿပီဆိုတာေတာ့ မမွန္ ကန္ပါဘူး။ တကယ္ေတာ့…

ကိုယ့္ေပ်ာ္ရႊင္မႈဆိုတာ ကိုယ္တိုင္ျပဳလုပ္ဖန္တီးရတဲ့အရာပါ။

ခ်စ္သူနဲ႔အတူရွိေနရတာ စိတ္ခ်မ္းသာတယ္ဆိုတာလည္း ကုိယ္ကုိယ္တုိင္ ေရြးခ်ယ္ထားတဲ့ အေျခအေနတစ္ခုပါ။

ကိုယ့္နံေဘးကို ခ်စ္သူေရာက္လာတယ္ဆိုတာလည္း ကိုယ္ကိုယ္တိုင္ ႏွလံုးသားတံခါးကို ၾကည္ျဖဴစြာ ဖြင့္ေပးခဲ့လို႔ပါ။

ခ်စ္သူနဲ႔ကိုယ့္ၾကားက ႀကီးမားတဲ့ဆက္ႏႊယ္မႈဆုိတာလည္း ကုိယ့္ခံစားခ်က္ရဲ႕ ဆံုးျဖတ္ခ်က္ပါ။

ကုိယ့္အတြင္းစိတ္ထဲအထိ လိႈက္လိႈက္လွဲလွဲေပ်ာ္ရႊင္မႈဆိုတာကေတာ့ တျခားသူနဲ႔ မဆိုင္ပါ ဘူး။ ကိုယ္ကိုယ္တုိင္ဖန္တီးယူတာပါ။

အလားတူစြာပဲ ကုိယ့္ကိုမေပ်ာ္ရႊင္ေအာင္လုပ္ႏုိင္တဲ့သူကလည္း ကုိယ္ကိုယ္တုိင္ပါပဲ။ ခ်စ္သူခင္ ပြန္း ျဖစ္ေစ၊ မိသားစုျဖစ္ေစ၊

သူငယ္ခ်င္းျဖစ္ေစ ကိုယ့္မေပ်ာ္ရႊင္မႈကို မဖန္တီးႏိုင္ပါဘူး။ ဘာေၾကာင့္ လဲဆိုေတာ့ ဘဝထဲက ႀကံဳလာသမွ် အေျခအေနေတြအေပၚ

ကုိယ့္တုံ႔ ျပန္မႈေပၚမူတည္ၿပီး ေပ်ာ္ရႊင္ျခင္း၊ မေပ်ာ္ရႊင္ျခင္းေတြ ျဖစ္ေပၚလာတာမို႔ပါ။ ေလာကႀကီးမွာ အဆိုးနဲ႔အ ေကာင္းဒြန္တြဲေနတဲ့အတြက္

ေပ်ာ္ရႊင္မႈရေအာင္ အေကာင္းေတြကိုပဲလက္ခံၿပီး အဆိုးေတြကို ျငင္းပယ္ ခ်င္လုိ႔ မရပါဘူး။

ႀကံဳလာသမွ်ကို အေကာင္းဆံုးရင္ဆိုင္တတ္တဲ့စိတ္ကသာ ကိုယ့္ဘဝကို ေပ်ာ္ရႊင္ေစ မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိဘဝထက္ ပိုေပ်ာ္စရာေကာင္းမယ္ထင္တဲ့ ေမွ်ာ္လင့္ခ်က္သက္သက္ အတြက္နဲ႔ေတာ့

တစ္ကိုယ္တည္းဘဝရဲ႕လြတ္လပ္မႈကိုမစေတးလိုက္ပါနဲ႔။

အေၾကာင္းကံမလွလို႔ ကိုယ့္ အေပၚ မစစ္မွန္တဲ့လက္တြဲေဖာ္နဲ႔ေတြ႕ခဲ့ရင္ ေနာက္ဆက္တြဲခါးသီးဖြယ္ရလဒ္ေတြႀကံဳဆံုရႏိုင္လို႔ပါ။ 

ၿပီးေတာ့ ကိုယ့္ေပ်ာ္ရႊင္ျခင္းကို တျခားသူအေပၚတည္မွီထားရတာက အၿမဲတမ္းအတြက္ မေသ ခ်ာပါဘူး။

အေၾကာင္းေၾကာင္းေၾကာင့္ သူတုိ႔ဘက္ကေျပာင္းလဲသြားတဲ့အခါ ကုိယ့္ေပ်ာ္ရႊင္မႈေတြကပါ လိုက္ပါပ်က္သုဥ္းသြားရမွာပါ။

ကိုယ့္အတြင္းစိတ္ထဲ ကိုယ္တိုင္တည္ေဆာက္ထားတဲ့ ေပ်ာ္ရႊင္မႈက ေတာ့ ကိုယ္ကိုယ္တိုင္မွ မဖ်က္ဆီးရင္ ဘယ္ေတာ့မွမပ်က္စီးႏိုင္တဲ့အတြက္ အေသခ်ာဆံုးပါပဲ။

ဒါေၾကာင့္ အခ်စ္အတြက္နဲ႔ အိမ္ေထာင္ျပဳမယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ကုိယ္ပိုင္ေရြးခ်ယ္မႈပါ။

ေပ်ာ္ ရႊင္မႈရရွိဖုိ႔ ေမွ်ာ္လင့္ခ်က္နဲ႔ လက္ထပ္မယ္ဆုိရင္ေတာ့ တစ္ေယာက္တည္းေနတာက ပိုေကာင္းပါ တယ္။

ဘာေၾကာင့္လဲဆုိေတာ့ ကိုယ့္ကိုတစ္သက္လံုး ေပ်ာ္ရႊင္ေအာင္ျပဳလုပ္ေပးႏိုင္တဲ့တစ္ေယာက္ တည္းေသာသူက ကုိယ္ကိုယ္တိုင္ပဲျဖစ္ေနလို႔ပါ။

တစ္ေယာက္တည္းဘဝကလည္း ေနတတ္ရင္ ေပ်ာ္စရာဆိုတာေျပာျပေပးလိုက္ပါတယ္ေနာ္။

Source: ဂႏၳဝင္ မဂၢဇင္း

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 25 February 2020 16:28
Rate this item
(0 votes)
Tagged under