သူ့ကို ဒုတိယအကြိမ်အခွင့်အရေးပေးသင့်လား….?

သူ့ကို ဒုတိယအကြိမ်အခွင့်အရေးပေးသင့်လား….? google.com

ဒီမေးခွန်းကို လူတိုင်း လိုလို ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ဖူးမှာပါ။ ခွင့်လွှတ်ပြီး အရာအားလုံးကို ဒီအတိုင်း လျှော်ပေးလိုက်ရမလား..?

ဒါမှမဟုတ် ဒီ Relationship ကို ဒီနေရာမှာပဲ အဆုံးသတ်သင့်လား..? ဒီလို အတွေးနှစ်ခု ဒွိဟဖြစ်နေတိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်မေးတတ်တဲ့ မေးခွန်းပါ။ သေချာတာ တစ်ခုကတော့

 

ဒီလိုမေးခွန်းကို ခဏခဏ ပြန်ထုတ်နေရတယ်ဆိုတော့ အဖြေဟာ“ခွင့်လွှတ်သင့်တယ်ဆိုတဲ့yesအဖြေဖြစ်ဖို့တော့သိပ်မလွယ်ပါဘူး။ဒုတိယအကြိမ်အခွင့်အရေးပေးသင့်

 

မပေးသင့်ဆုံးဖြတ်ရခက်နေတယ်ဆိုရင်တော့အောက်မှာဖော်ပြထားတဲ့အချက်တွေနဲ့နှိုင်းယဉ်ကြည့်ပါ။တစ်ခုခုတော့အဖြေထွက်လာပါလိမ့်မယ်။

 


ဒုတိယအကြိမ်အခွင့်အရေးပေးသင့်တဲ့ အခြေအနေများ

(၁)နားလည်မှုလွဲခဲ့တာ

 

တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်မှားပြီး နားလည်မှု လွဲခဲ့တဲ့ကိစ္စကနေ အစပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ပြဿနာတစ်ခု၊ဆိုးကျိုးရလဒ်တစ်ခု၊ လမ်းခွဲ ရမယ့် အဓိကအကြောင်းပြချက်က နှစ်ဦးကြားမှာ

နားလည်မှုအလွဲကြီးလွဲခဲ့တာကြောင့် ဆိုရင်တော့ ဒုတိယအကြိမ် အခွင့်အရေးပေးကြည့်သင့်ပါတယ်။ နားလည်မှု လွဲချော်တာကြောင့်ဆိုရင်တော့ အရင်ဆုံး သူ့ဘက်က ခံစားချက်နဲ့ အမြင်ကို နားထောင်ကြည့်ပါ။

ပြီးရင် ကိုယ့်ဘက်က အမြင်နဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါ။ ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောပြီး ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းကြည့်ပါ။ သမာသမတ်ကျကျ ပြောပြပေးနိုင်တဲ့ ဘေးလူတစ်ယောက်ရဲ့

အမြင်ကိုလည်း တောင်းခံကြည့်ပါ။

(၂)ပြင်လို့ရတဲ့ အမှား

 

လူမှန်ရင် အမှားနဲ့ မကင်းပါဘူး။ လူတိုင်း အမှားလုပ်မိနိုင်၊ လုပ်မိတတ်ပါတယ်။ အလွယ်တကူ နောက်ကြောင်းပြန်ဆုတ်လို့ရတဲ့ အမှားမျိုး အရင်တုန်းက သူ့ကြောင့် ပျော်ရွှင်ခဲ့ရ၊ ကြည်နူးခဲ့ရ၊ သူကိုယ့်အပေါ်ကောင်းခဲ့တဲ့အရာတွေနဲ

 ပြန်ဖာထေးလို့ရတဲ့ အမှား၊ ပြဿနာမျိုးဆိုရင်လည်း ဒုတိယအကြိမ်အခွင့်အရေး ပေးသင့်ပါတယ်။

(၃)တကယ် နောင်တရ၊ စိတ်ရင်းနဲ့ တောင်းပန်

သူ့အမှားအတွက် တကယ်ပဲ နောင်တရနေတယ်။ စိတ်ရင်းနဲ့ လေးလေးနက်နက် တောင်းပန်နေတယ်ဆိုရင်တော့ လမ်းခွဲဖို့ တခါတည်း အလျင်စလို မဆုံးဖြတ်ပဲ နည်းနည်းအချိန်ယူပြီး စဉ်းစားကြည့်သင့်ပါတယ်။

 

 

ဒါပေမယ့် တစ်ဖက်က တကယ်နောင်တရနေပါပြီဆိုတာတောင်မှ ကျူးလွန်ခဲ့တဲ့ အမှားက သိပ်ကြီးနေမယ်၊ ပြန်ပြင်မယ်ဆိုရင်တောင်မှ အရင်လို ပြန်ဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူ ဆိုတဲ့ အခြေအနေမျိုးနဲ့ဆိုရင်တော့၊

 

ကိုယ့်စိတ်ထဲမှာ မချစ်ဘဲ အောင့်အီးသည်းခံပြီးမှ ခွင့်လွှတ်ရမယ်ဆိုရင်တော့ စိတ်ညစ်မခံပါနဲ့။ ဒီအတိုင်း အဆုံးသတ်လိုက်ပါ။

 

(၄)သူ..မရှိရင် အဆင်မပြေဘူး

လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ။ တကယ်လည်း လမ်းခွဲပြီးခဲ့တယ်။ သူမရှိတဲ့ ဘ၀မှာလည်း နေကြည့်ခဲ့ပြီးပြီ။ နှစ်ယောက်လုံး ဘယ်လိုမှ အဆင်မပြေခဲ့ဘူး။ ဒီလို အခြေအနဆိုရင်တော့လည်း ဒုတိယအကြိမ် အခွင့်အရေး ပေးကြည့်ဖို့ စဉ်းစားသင့်ပါတယ်။

 

 

လမ်းခွဲလိုက်ရင် ဖြစ်လာမယ့် အခြေအနေနဲ့လည်း ကိုယ်တိုင်ကြုံခဲ့ပြီးပြီ။ နှစ်ယောက်လုံးအတွက်လည်း တကယ့်ကို ဘယ်လိုမှ အဆင်မပြေတာ၊ နေလို့မရတာ သေချာရင်တော့ ပြန်ပေါင်းထုပ်ကြည့်ဖို့ စဉ်းစားသင့်ပါတယ်။

 

 

ဒုတိယအကြိမ်အခွင့်အရေးမပေးသင့်တဲ့ အခြေအနေများ

 

(၁)ပြန်ပြင်လို့ မရတော့တဲ့ အမှား

တခါတလေမှာတော့ ခွင့်လွှတ်ပြီး ရှေ့ဆက်ဖို့ ကြိုးစားချင်ပေမယ့် ကြိုးစားလို့ မရတော့တဲ့ အခြေအနေတွေရှိပါတယ်။ ဒီလို အနေအထားကို အတင်း ဇွတ်မှိတ်ပြီး ခွင့်လွှတ်ရှေ့ဆက်ဖို့ ကြိုးစားရင်တော့ ကိုယ်ပဲ စိတ်ဆင်းရဲမှာပါ။

 

ပြန်ပြင်လို့ မရတော့တဲ့ အမှားမျိုး၊ ပြန်ပြင်ရင်တောင်မှ ဒဏ်ရာ အမာရွတ်တွေ ဗလာပွ ကျန်ခဲ့ရမှာမျိုးဆိုရင်တော့ ဒီအတိုင်း အဆုံးသတ်လိုက်တာ အကောင်းဆုံးပါ။

(၂)လိမ်ညာတာမျိုး

 

ဒီလိုကိစ္စမျိုးကတော့ ပါးစပ်အညောင်းခံပြီး ညှိနှိုင်းနေဖို့ မလိုပါဘူး။ ကိုယ့် အပေါ် လိမ်လည်လှည့်ဖျားတာမျိုးကတော့ လုံးဝ ခွင့်မလွှတ်သင့်ပါဘူး။ ကိုယ့် အပေါ် respect မထားဘူး။

လိမ်ညာ လှည့်ဖျားပြီး အရူးလုပ်ခဲ့တာမျိုး ဆိုရင်တော့ လုံးဝ အခွင့်အရေးမပေးသင့်ပါဘူး။ လူတစ်ယောက်က လိမ်လက်စရှိရင် ဆက်ပြီးတော့ လိမ်တတ်ပါတယ်။

(၃)ကိုယ့်အပေါ် အကောင်းမမြင်တာ

 

ဒါကတော့ ဘေးကနေ ကိုယ်နဲ့ပတ်သက်တဲ့ အရာမှန်သမျှကို မကောင်းတဲ့အမြင်နဲ့ပဲ ထိုင်ပြော၊ဝေဖန်သုံးသပ်တာမျိုးပါ။ ဒီလိုကိစ္စတွေကတော့ အစပိုင်း မှာတော့ နာကျင်ရကောင်းမှန်းမသိပေမယ့် ကြာလာရင်တော့ နာကျင်ရပါတယ်။

သူ ကိုယ့်အပေါ်ကို တကယ်ချစ်ရင်တော့ ချစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ ပင်ကိုယ်စရိုက်က ကိုယ့်ရဲ့ ပုံစံ၊ အပြုအမှုမျိုးကို လက်မခံနိုင်လို့ အမြဲတမ်း အပြစ်ပြော၊ မကောင်းပြောနေတာမျိုးဖြစ်နိုင်ပါတယ်။

ဒီလို relationship ကြောင့် နာကျင်ရပေါင်းများပြီ။ စွန့်လွှတ်မယ်လုပ်လိုက်၊ ပြန်ဆက် ဖြစ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ တကယ်တော့ ဒီလို အခြေအနေဟာ ရေရှည်မှာ လုံးဝ အဆင်မပြေနိုင်ပါဘူး။

(၄)ကိုယ့်အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံတာ

 

ဒါကတော့ ချစ်သူတစ်ယောက်၊ လူသားတစ်ယောက် အနေနဲ့ မဟုတ်ပဲ ကိုယ့်အပေါ်မှာ အမြဲတမ်း ဗိုလ်ကျ၊ အနိုင်ကျင့်နေတာမျိုးပါ။ စကားနဲ့ အော်ဟစ်ပြောဆိုတာ၊ လက်ပါတာမျိုးတွေပါ။

ဒီလို အခြေအနေမျိုးဆိုရင်တော့ ဒုတိယအကြိမ် အခွင့်အရေးမပေးသင့်ပါဘူး။

 

Credit;live panky

Read times Last modified on Wednesday, 19 September 2018 10:42
Rate this item
(1 Vote)