ချစ်သူသက်တမ်း ရှည်စေမယ့် လက္ခဏာများ

ချစ်သူသက်တမ်း ရှည်စေမယ့် လက္ခဏာများ Google

ချစ်သူတွေအချင်းချင်း ချစ်သက်တမ်းရှည်ချင်ကြပါလိမ့်မယ်။ ရည်ရွယ်ချက်မရှိဘဲ ချစ်သူဖြစ်လာတဲ့သူတွေ အဖို့တော့ဇာတ်လမ်းတစ်ခုကို

ဘယ်လိုပုံစံနဲ့ အဆုံးသတ်မရမလဲဆိုပြီး ရှာကြံနေသူတွေအတွက်တော့ အောက်ပါအချက်ကလေးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါလိ့မ်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ RS ကို အောက်ပါအချက်ကလေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့ auntymay က တစ်ဆင့် မျှဝေလိုက်ပါကြောင်း။

 


တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးပြုငှာကြတယ်

 

ချစ်သူအချင်းချင်း လေးလေးစားစားရှိဖို့၊ ပြူပြူငှာငှာရှိဖို့၊ နွေးနွေးထွေးထွေး ရှိဖို့ လိုအပ်ပါတယ်။ ဒါတွေမှ မရှိဘူးဆိုရင်လည်း ချစ်သူတွေဘ၀က သူစိမ်းပြင်ပြင်နဲ့ မခြား၊ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းပြီး ဝေးရာသွားနေသလို ဖြစ်နေပါလိမ့်မယ်။

 


အပြစ်ရှာခြင်းမဟုတ်တဲ့ ဝေဖန်ထောက်ပြမှုတွေရှိတယ်

 

ချစ်တယ်ဆိုရင် တစ်ယောက်ကို တစ်ယောက် ကောင်းစားစေချင်တဲ့ စေတနာအပြည့် ရှိကို ရှိရပါမယ်။ ဒီတော့ နည်းလမ်းမကျသော မှားယွင်းမှုတွေရှိရင် ဝေဖန်ပြစ်တင်တာထက်၊ အကျိုးဖြစ်စေလိုတဲ့ ထောက်ပြမှုတွေ ရှိနေသင့်ပါတယ်။

 


တစ်ယောက်နဲ့တစ်ယောက် အထင်သေးခြင်းမရှိဘူ

 

ချစ်သူကို ကိုယ်ကမှ အထင်မကြီးရင် ဘယ်သူက အထင်ကြီးမလဲ … ဒါပေမယ့် တကယ်ချစ်ကြတဲ့သူတွေကတော့ ဒီအချက်ကို ထည့်ပြောနေစရာမလိုပါဘူး။ ချစ်သူက ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လက်မထောင်ဂုဏ်ယူဝံ့ဖို့ လိုပါတယ်။

 


တစ်ယောက်နဲ့တစ်ယောက် မနိမ့်ကျစေဘူး

 

ချစ်သူတွေအချင်းချင်း အတ္တကို ဘယ်တော့မှ ရှေ့တန်းတင်လို့ မရပါဘူး။ ကိုယ့်အတ္တကို ရှေ့တန်းတင်လိုက်မိတာနဲ့ ချစ်သူကို နိမ့်ရာမှာ နေရစ်ခဲ့ပေတော့လို့ ပြောလိုက်တာနဲ့ မခြားပါဘူး။ ဥပမာ သူဌေးကြီးတစ်ယောက်က သန်းနဲ့ချီပြီး တင်တောင်းခဲ့တယ်ဆိုရင်တောင် ချစ်သူအပေါ်မှာ လေးစားတဲ့သူ၊ မြတ်နိုးတဲ့သူ၊ တကယ်ကို ချစ်မြတ်နိုးတဲ့သူတွေကတော့စိတ်ကူးနဲ့ပင် ယောင်လို့ သာယာမှုမပြပါဘူး။

 


တစ်ယောက်နဲ့တစ်ယောက် မသိကျိုးကျွန်ပြုတာ မရှိဘူး

 

နောက်ဆုံးအချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မသိကျိုးကျွန်ပြုတာ မရှိပါဘူးဆိုတာက ချစ်သူအပေါ်မှာ အမြဲတမ်း သစ္စာစောင့်ထိန်းတယ်၊ ကွယ်ရာပင် ဖြစ်လင့်ကစား ချစ်သူမှတစ်ပါး အခြားဆန့်ကျင်ဘက်လိင်တွေကို စိတ်ကူးမျှဖြင့်ပင် မကျူးလွန်၊ လွန်ကျူးလှတဲ့ ရမ္မက်နွံကနေ အသိဉာဏ်နဲ့ ရုန်းထွက်နိုင်သူတွေ ဖြစ်ပါတယ်။

 

 

 

Myanmar Wedding Guide 

Read times Last modified on Tuesday, 25 June 2019 16:21
Rate this item
(0 votes)