အောက်တိုဘာ ၂၃ရက်မှ ၂၉ရက်အထိ တစ်ပတ်စာ ဟောစာတမ်း
အောက်တိုဘာ ၂၃ရက်မှ ၂၉ရက်အထိ တစ်ပတ်စာ ဟောစာတမ်း google
အောက်တိုဘာ ၂၃ရက်မှ ၂၉ရက်အထိ တစ်ပတ်စာ ဟောစာတမ်း
တနင်္ဂနွေ
တနင်္ဂနွေနေ့မွေးဖွားသူတွေအတွက်အလွန်ကံကောင်းသောကာလဖြစ်တယ်။ငွေကြေးကံကောင်းမယ်။အလုပ်တိုးတက်မယ်။
ငွေကြေးမြုပ်နှံမှုတွေအောင်မြင်မယ်။အခက်အခဲအားလုံးကိုကျော်လွှားပြီးတော့ဆန္ဒ၊လိုအင်မှန်သမျှပြည့်ဝမယ်။
23ရက်နေ့မှာလုပ်ငန်းကံ၊ဘဝကံတက်လမ်းပေါ်မယ်။24ရက်နေ့မှာပြသနာအခက်အခဲတွေနဲ့ထိပ်တိုက်တွေ့မယ်။
25ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။26ရက်နေ့မှာရပ်တန့််ထားတဲ့အလုပ်တွေပြန်လည်စတင်နိုင်မယ်။
27၊28ရက်နေ့တွေမှာဆက်တိုက်ကံကောင်းမယ်။29ရက်နေ့ကတော့ရန်ပဋိပက္ခနဲ့အတိုက်အခံတွေကြားဖြတ်သန်းရမယ်။
တနင်္ဂနွေ၊တနင်္လာနဲ့အင်္ဂါနေ့သားသမီးများကြောင့်အကျိုးပေးကံကောင်းမယ်။စနေသားသမီးများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာတွေရှိမယ်။
အဝါ၊အပြာ၊မီးခိုးရောင်တို့ကိုဝတ်ဆင်သုံးစွဲကာလုပ်ငန်းဆောင်တာများလုပ်ကိုင်ဆောင်ရွက်ပါ။
အုန်းရွက်တစ်ရွက်ကိုယ်နှင့်ဆောင်ယူကာအရေးကြီးကိစ္စများဆောင်ရွက်ပါ။
တနင်္လာ
တနင်္လာနေ့မွေးဖွားသူတွေအတွက်ရပ်တန့်ထာတဲ့အလုပ်တွေပြန်လည်စတင်နိုင်မယ့်ကာလဖြစ်တယ်။
ရည်မှန်းချက်အသစ်နဲ့အလုပ်အကိုင်အသစ်တွေလုပ်ကိုင်နိုင်မယ်။အိမ်နေရာ၊အလုပ်နေရာအပြောင်းအလဲရှိမယ်။
23ရက်နေ့မှာဘဝအနေအထားအလုပ်အကိုင်တွေတိုးတက်အောင်မြင်မယ်။24ရက်နေ့မှာရစရာရှိတဲ့ငွေတွေပြန်လည်ရရှိမယ်။
25၊26ရက်နေ့တွေမှာဆက်တိုက်ကံကောင်းမယ်။27ရက်နေ့မှာရန်အတိုက်အခံရှိမယ်။28နဲ့29ရက်နေ့တွေမှာကံအထူးကောင်းမွန်မယ်။
တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူးနေ့သားသမီးများကြောင့်ကံအကျိုးပေးကောင်းမွန်မယ်။
တနင်္ဂနွေနဲ့စနေနေ့မွေးဖွားသူများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကြုံမယ်။
အဖြူ၊အစိမ်း၊မီးခိုးရောင်တို့ကိုဝတ်ဆင်သုံးစွဲကာအလိုရှိရာအလုပ်များလုပ်ကိုင်ဆောင်ရွက်ပါ။
အဖြူရောင်ပန်းများဘုရားကပ်လှူခြင်းအားဖြင့်ကံအထောက်အပံ့ရယူပါ။
အင်္ဂါ
အင်္ဂါနေ့မွေးဖွားသူတွေအတွက်အလွန်တရာစိတ်ပင်ပန်းရမယ့်ကာလဖြစ်တယ်။လုပ်ဆောင်သမျှအလွဲလွဲအချော်ချော်ဖြစ်တတ်တယ်။
ရန်အတိုက်အခံတွေများမယ်။23ရက်နေ့မှာရန်အတိုက်အခိုက်တော်တော်များမယ်။24ရက်နေ့မှာထူးခြားတဲ့ကံအပြောင်းအလဲနဲ့တိုးတက်မှုရှိမယ်။
25၊26၊27၊28ရက်တွေမှာဆက်တိုက်ကံကောင်းမယ်။29ရက်နေ့မှာတစ်ဖန်ရန်အတိုက်အခံတွေများမယ်။
ကြာသပတေး၊သောကြာ၊စနေသားသမီးနှင့်အကျိုးပေးကာအင်္ဂါ၊ဗုဒ္ဓဟူနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံမယ်။
အပြာ၊ပန်းရောင်နဲ့အနီရောင်တို့ကိုများများဝတ်ဆင်အသုံးပြုပါ။သံဃာတော်တွေကိုသစ်သီးမကြာခဏလှူဒါန်းခြင်းဖြင့်ကုသိုလ်ကံအထောက်ပံ့ရယူပါ။
ဗုဒ္ဓဟူး
ဗုဒ္ဓဟူးနေ့မွေးဖွားသူတွေအတွက်စေတနာကနေဝေဒနာဖြစ်တတ်တဲ့ကာလဖြစ်တယ်။သူများပြသနာကိုယ့်ပြသနာဖြစ်တတ်တယ်။
ဘာလုပ်လုပ်ရန်အတိုက်အခံကိုကြုံပြီးမှအလိုရှိရာကိုအောင်မြင်မယ်။23ရက်နေ့ကတော့ရန်အတိုက်အခံ၊ပြသနာတွေနဲ့ထိပ်တိုက်တွေ့မယ်။
24ရက်နေ့မှာပတ်ဝန်းကျင်အသစ်နဲ့ထိတွေ့ဆက်ဆံရကာဘဝတိုးတက်မယ်။25၊26၊27ရက်နေ့တွေကအထူးကောင်းတဲ့ကာလဖြစ်တယ်။
28ရက်နေ့မှာလူယုံဒုက္ခပေးတတ်တယ်။29ရက်နေ့ကတော့အလုံးစုံကံကောင်းမယ့်နေ့တစ်နေ့ဖြစ်တယ်။
ကြာသပတေး၊သောကြာ၊စနေနေ့မွေးဖွားသူများကြောင့်ကံအကျိုးပေးကောင်းနိုင်ပြီးတနင်္ဂနွေနဲ့အင်္ဂါသားသမိးများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာကြုံမယ်။
အဖြူ၊အစိမ်း၊မီးခိုးရောင်တို့ကိုဝတ်ဆင်သုံးစွဲကာအလိုရှိရာအလုပ်များလုပ်ကိုင်ဆောင်ရွက်ပါ။
အလုံးစုံအဆင်ပြေချောမွေ့စေဖို့ငွေရောင်စက္ကူစလေးတစ်ခုကိုပိုက်ဆံအိတ်ထဲဆောင်ထားပါ။
ရာဟု
ရာဟုသားသမီးတွေအတွက်ကတော့သူတစ်ပါးကိစ္စကြောင့်တော်တော်လေးစိတ်ပန်း၊လူပန်းဖြစ်တတ်တဲ့ကာလဖြစ်တယ်။
ယှဉ်ပြိုင်မှုတွေအောင်နိုင်ပြီးဘဝတိုးတက်လမ်းပေါ်မယ်။23ရက်နေ့ကတော့ကောင်းသောကံနဲ့တိုးတက်မှုပေါ်မယ်။
24ရက်နေ့ကတော့ရန်အတိုက်အခံနဲ့ယှဉ်ပြိုင်မှုတွေရှိမယ်။
25ရက်နေ့မှာမိတ်ကောင်းဆွေကောင်းတွေရဲ့အထောက်အပံ့ရမယ်။26ရက်နေ့မှာခရီးကံကောင်းမယ်။27ရက်နေ့မှာငွေရေးကြေးရေးကိစ္စတွေအဆင်ပြေမယ်။
28ရက်နေ့မှာရန်အတိုက်အခံရှိပြီး29ရက်နေ့မှာတော့အရေးပါတဲ့ဆုံးဖြတ်ချက်တွေချကာဘဝတိုးတက်မှုကိုလုပ်ဆောင်ရနိုင်တယ်။
တနင်္လာ၊သောကြာ၊စနေသားသမီးများနှင့်အကျိုးပေးကာတနင်္ဂနွေနဲ့ဗုဒ္ဓဟူးသားသမီးများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာကြုံမယ်။
အဝါ၊အညို၊မီးခိုးရောင်တို့ကိုဝတ်ဆင်သုံးစွဲကာအလိုရှိရာအလုပ်များလုပ်ကိုင်ဆောင်ရွက်ပါ။
ကောင်းသောကံကြမ္မာများရစေရန်အနီရောင်ဖဲကြိုးကိုကိုယ်နှင့်မကွာဆောင်ယူပါ။
ကြာသပတေး
ကြာသပတေးနေ့မွေးဖွားသူတွေအတွက်အရာရာတိုးတက်ပြီးအထူးကံကောင်းမယ့်ကာလဖြစ်တယ်။
ချက်ချင်းဆုံးဖြတ်ပြီးလုပ်ဆောင်တဲ့ကိစ္စတွေအောင်မြင်မယ်။23ရက်နေ့24ရက်နေ့တွေဟာကံအထူးကောင်းတဲ့နေ့ရက်တွေဖြစ်တယ်။
25ရက်ကလူပေါင်းမှား၊ဆုံးဖြတ်ချက်မှားယွင်းတတ်တယ်။26ရက်နေ့မှာဝေးကွာနေတဲ့လူတွေနဲ့မမျှော်လင့်ဘဲပြန်ဆုံစည်းမယ်။
27ရက်နေ့မှာခရီးကံကောင်းမယ်။28ရက်နေ့ကငွေရေးကြေးရေးကံကောင်းမယ်။
29ရက်နေ့မှာတော့ရန်အတိုက်အခံနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်ရနိုင်တဲ့နေ့ရက်ဖြစ်တယ်။
အင်္ဂါ၊ကြာသပတေး၊ဗုဒ္ဓဟူးသားသမီးများနှင့်အကျိုးပေးကာတနင်္လာ၊သောကြာသားသမီးများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာကြုံမယ်။
အပြာ၊အနီ၊ကြက်သွေးရောင်တို့ကိုဝတ်ဆင်သုံးစွဲကာအလိုရှိရာအလုပ်များလုပ်ကိုင်ဆောင်ရွက်ပါ။
အိမ်မှာရှိနေတဲ့ဆပ်ပြာခွက်အဟောင်းတစ်ခုကိုရှာပြီးစွန့်ပစ်ပါ။
သောကြာ
သောကြာနေ့မွေးဖွားသူတွေအတွက်မိသားစုနဲ့ပက်သက်ပြီးတိုးတက်အောင်မြင်သောသတင်းစကားများကြားရတတ်သောကာလဖြစ်တယ်။
ဆုံးဖြတ်ချက်တွေမှန်ကန်ကာအလုပ်စီးပွါးတိုးတက်ခြင်းတွေကြုံမယ်။23ရက်နေ့ကအရာရာအဆင်ပြေမယ့်နေ့ရက်ဖြစ်တယ်။
24ရက်နေ့မှာပစ္စည်းပျောက်တတ်တယ်။ရင်းနှီးသူတွေနဲ့စကားများရတတ်တယ်။25ရက်နေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှအထူးအောင်မြင်မယ်။
26ရက်နေ့ကမှန်းတာတစ်မျိုး၊လက်တွေ့တစ်မျိုးဖြစ်တတ်တယ်။27၊28၊29သုံးရက်ဆက်တိုက်ကံကောင်းမယ်။
တနင်္လာ၊အင်္ဂါ၊သောကြာသားသမီးများနှင့်အကျိုးပေးကံကောင်းကာကြာသပတေးနဲ့စနေသားသမီးများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာကြုံမယ်။
အပြာ၊ပန်းရောင်၊အနီရောင်တို့ကိုဝတ်ဆင်သုံးစွဲကာအလိုရှိရာအလုပ်များလုပ်ကိုင်ဆောင်ရွက်ပါ။
နေအိမ်အနီးအပါးမှာရှိတဲ့ကလေးသူငယ်များအားမုန့်၊ချိုချဉ်ဒါနပြုပါ။
စနေ
စနေနေ့မွေးဖွားသူတွေအတွက်အထူးကံကောင်းမယ်။လုပ်သမျှ၊ကြံသမျှအောင်မြင်အဆင်ပြေမယ်။ယှဉ်ပြိုင်မှုမှန်သမျှအောင်မြင်မယ်။
23ရက်နေ့ကအထူးကံကောင်းတဲ့နေ့ဖြစ်တယ်။24ရက်နေ့မှာရန်ပြသနာများမယ်။25၊26နှစ်ရက်အတွင်းအကြံအစည်၊ရည်ရွယ်ချက်တွေအောင်မြင်မယ်။
27ရက်နေ့မှာငွေကြေးကံကောင်းမယ်။28ရက်နေ့မှာစိတ်ကသိကအောင့်ဖြစ်စရာလေးတွေကြုံမယ်။
29ရက်နေ့မှာရှိရင်းစွဲဘဝထက်တိုးတက်ကိန်းတွေရှိတယ်။
တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါသားသမီးများနဲ့ပူးပေါင်းလုပ်ဆောင်တဲ့ကိစ္စတွေအဆင်ပြေပြီးသောကြာသားသမီးများကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာကြုံမယ်။
အပြာရင့်ရောင်၊မီးခိုးရောင်၊နက်ပြာရောင်တို့ကိုဝတ်ဆင်သုံးစွဲကာအလိုရှိရာအလုပ်များလုပ်ကိုင်ဆောင်ရွက်ပါ။
အဖြူရောင်ပန်းများဘုရားမှာမကြာခဏကပ်လှူခြင်းဖြင့်ကံကြမ္မာအထောက်အပံ့ရယူပါ။
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
ရာဟု
ကြာသပတေး
သောကြာ
စနေ
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 03 March 2020 17:10
Rate this item
(0 votes)
Tagged under