မိုင်ပေါင်း ၁၅၀၀ ကနေ ၁၅၀၀ အချစ်အတွက်သက်သေပြဖို့ကြိုးစားခဲ့သူရဲ့မျှော်လင့်မထားတဲ့ရလဒ်

မိုင်ပေါင်း ၁၅၀၀ ကနေ ၁၅၀၀ အချစ်အတွက်သက်သေပြဖို့ကြိုးစားခဲ့သူရဲ့မျှော်လင့်မထားတဲ့ရလဒ် google

လူငယ်တွေရဲ့အချစ်ရေးနဲ့ပက်သတ်ပြီး တွစ်တာနဲ့ ဖေ့စ်ဘုတ်တွေမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုက

 

ဇူလိုင်လ ၂၃ ရက်နေ့လောက်ကစပြီး သတင်းတစ်ခုအနေနဲ့ပျံ့နှံ့လာခဲ့ပါတယ်။

 

ဖြစ်ပုံကတော့ Long Distance Relationship (အဝေးရောက်ချစ်သူ) နှစ်ယောက်ကြားမှာ ကောင်လေးရဲ့သူ့ချစ်သူကို

 

အံ့သြသွားစေတဲ့လုပ်ရပ်ကစတာပဲဖြစ်ပါတယ်။

 

 

အကွာအဝေး မိုင်းပေါင်း ၁၅၀၀ နီးပါးဖြစ်တဲ့ ကီလိုမီတာ ၂၄၀၀ အကွာအဝေးလောက်ကနေ ချစ်သူမိန်းကလေးဆီကို

 

မသိအောင်ရုတ်တရက်လာခဲ့တယ်။ ချစ်သူမိန်းကလေးမြင်သွားရင် အံ့အောဝမ်းသာသွားမယ်ဆိုတာ သူ့အထင် ပေါ့။

 

အမှတ်မထင်တွေ့ခဲ့ရင် ချက်ခြင်းမှတ်မိမှာစိုးလို့ အနားအထိကပ်လို့ရအောင် ၀က်ဝံရုပ်ကြီးကိုတောင် ၀တ်ဆင်ထား လိုက်ပါသေးတယ်။

 

ဒါပေမယ့် သူ့ချစ်သူကိုမြင်လိုက်တဲ့အခါမှာတော့ သူမျှော်လင့်ထား၊ တွေးထားတာတွေနဲ့တစ် ခြားစီဖြစ်သွားခဲ့ပါတယ်။

 

သူ့ချစ်ကိုမုန့်ဆိုင်တစ်ဆိုင်ရှေ့မှာ အခြားကောင်လေးတစ်ယောက်က ဖက်ထားပြီးကြည်နူးနေတဲ့မြင်ကွင်းက

 

သူ့ အတွက်တော့ တော်တော်လေးဗလောင်ဆူသွားစေမှာအမှန်ပါပဲ။

 

SURPRISE 1

 

အံ့အားသင့်ရုံသာမက မှင်တက်သွားတဲ့သူ့အနေနဲ့ ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ဝက်ဝံခေါင်းဆောင်းကို ချွတ်ချ လိုက်တဲ့အချိန်မှာတော့

 

ကောင်မလေးကသူ့ကိုမြင်သွားပြီး သူ့နောက်ကိုပြေးလိုက်ခဲ့ပါတယ်။

 

SURPRISE 2

 

 

ဒီအချိန်မှာတော့ သူ့အနေနဲ့ခေါင်းဆောင်းကိုပြန်တက်ပြီး စကားတစ်ခွန်းမှမပြောပဲ ပြန်ထွက်လာခဲ့ပါတယ်။

 

ဒီလို ခေါင်းဆောင်ကို ပြန်တပ်လိုက်ရခြင်းက သူ့မျက်ရည်တွေကိုဖုံးကွယ်ဖို့လားဆိုတာကတော့ အသေအချာမသိရသေးပဲ

 

ယူဆမှုအနေနဲ့ပဲရှိနေပါတယ်။

 

SURPRISE 3

 

 

ကောင်မလေးအနေနဲ့လည်း အမှီလိုက်ပြီးပွေ့ဖက်ထားခဲ့ပေမယ့် ကျောက်ရုပ်တရုပ် လိုငြိမ်ကျသွားတာကတော့

 

SURPRISE 4

 

သူဘယ်လောက်ခံစားသွားရသလဲဆိုတာကို အထင်းသားမြင်တွေ့ရမှာပါ။ ဒါကို ပုံတစ် ပုံတစ်ပုံချင်းစီနဲ့ တွစ်တာပေါ်တင်ခဲ့သူကတော့

 

@T_Radiosonde ဆိုသူပဲဖြစ်ပါတယ်။ အဆိုပါပို့စ်အတွက် Like 81K နဲ့ retweet 20K လောက်အထိကိုရှိခဲ့ပါတယ်။

 

SURPRISE 5

 

Myanmar Wedding Guide

 

3

Read times Last modified on Wednesday, 24 July 2019 11:20
Rate this item
(3 votes)
Tagged under