အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ထားသူများအတွက်

အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ထားသူများအတွက် google.com

ချစ်သူနှစ်ဦးစလုံးက ဘ၀လက်တွဲဖော်အဖြစ် သူ့ကိုပဲရွေးချယ်မယ်ဆိုရင်တော့ နောက် နှစ်ယောက်အတူတူ လက်တွဲရဖို့ဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။

 

နှစ်ဦးအတူရှိနေတာပျော်ခြင်း

 

ချစ်သူက အလုပ်များတဲ့လူဖြစ်ချင်ဖြစ်မယ် သို့ပေမယ့် သင်နဲ့အတူရှိနေဖို့အတွက်က သူ့အတွက် အရေးကြီးတယ်လို့ ခံယူထားမယ်ဆိုရင်တော့ သူ သီးသန့်အချိန်ရအောင် ဖန်တီးပါလိမ့်မယ်။

 

နားလည်မှုပေးခြင်း

 

အလုပ်ရှုပ်တဲ့အခါ ဖုန်းမကိုင်မိတာ၊ စာမပြန်မိတာတွေကို သူ့ဘက်က ဘာသံသယမှမ၀င်ဘဲ အလိုက်သိတတ်တယ်ဆိုရင်တော့ သူက သင့်အတွက် အကောင်းဆုံးနားလည်မှုပဲဖြစ်ပါတယ်။

 

ယုံကြည်မှုရှိအောင် ကူညီပေးခြင်း

 

ချစ်နေတဲ့သူတစ်ယောက်ဟာ ကိုယ့်ချစ်သူကို ဘယ်တော့မှ နစ်နာအောင် လုပ်မှာမဟုတ်ပါဘူး။ သူက သင့်ကို ချစ်နေတဲ့အတွက် သင့်ကိုယ်သင် ယုံကြည်မှုရှိအောင် အမြဲအားပေးပါလိမ့်မယ်။

 

သင်နာမကျန်းဖြစ်ချိန်မှာ ဂရုစိုက်ခြင်း

 

သင်ဖျားနာနေချိန်မှာ သူက ဂရုမစိုက်ဘူးဆိုရင် သင့်ကို သူမချစ်လို့ဘဲဖြစ်ပါတယ်။ သင့်အနားမှာ တစ်နေ့လုံးရှိနေမယ်၊ ဆေးသောက်ဖို့ သတိပေးမယ်၊ အစာစားဖို့အတွက် စွပ်ပြုတ်ပူပူလေးလုပ်ပေးမယ်ဆိုရင်တော့ သူက သင့်ကို ချစ်လို့ပဲဖြစ်ပါတယ်။

 

အချစ်ကို ဖော်ထုတ်ခြင်း

 

သင့်ကို သူက တကယ်ချစ်တယ်ဆိုရင်တော့ သင့်လက်ကို ဆုပ်ကိုင်ဖို့ ဘယ်တော့မှ မတွန့်ဆုတ်သလို အနမ်းပေးဖို့ကိုလည်း အမြဲတမ်း အသင့်ဖြစ်နေမှာဖြစ်ပါတယ်။

 

ရှေ့မှ မားမားမတ်မတ်ရပ်တည်ခြင်း

 

နှစ်ယောက်တည်းအတူရှိနေချိန်မှသာ ဂရုစိုက်တာမဟုတ်သလို၊ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတွေရှေ့မှာ မားမားမတ်မတ်ရပ်တည်တယ်ဆိုရင်တော့ သင့်ကို ချစ်လွန်းလို့ပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:50
Rate this item
(3 votes)